backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်နားထဲ တစ်ခုခုဝင်နေတာကို ဘယ်လိုထုတ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 30/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်နားထဲ တစ်ခုခုဝင်နေတာကို ဘယ်လိုထုတ်မလဲ

သင့်နားထဲ တစ်ခုခုဝင်နေတာကို ဘယ်လိုထုတ်မလဲ ……… လူ့သက်တမ်းတစ်လျှောက်တွင် နားထဲသို့ တစ်စုံတစ်ခု အခန့်မသင့်၍ ဝင်တတ်ပါသည်။ ထိုကဲ့သို့ဝင်သဖြင့် မသက်မသာဖြစ်ခြင်းကိုသာ ခံစားရမည်ဖြစ်သော်လည်း သေချာစွာကုသမှုမခံယူပါက နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရတတ်ပါသည်။

နားထဲသို့ ပြင်ပအရာဝတ္တုများ ဝင်ရသည့် အကြောင်းအရင်း

နားထဲသို့ ပြင်ပအရာဝတ္ထုများ ဝင်ရသည့် အကြောင်းအရင်းများစွာ ရှိပါသည်။ အတွေ့ရအများဆုံးကတော့ အင်းဆက်ပိုးကောင်ကလေးများ ဝင်ခြင်းပဲဖြစ်ပါသည်။ ကလေးငယ်များသည် နားထဲသို့ပစ္စည်းများကို ထည့်မိတတ်ပါသည်။ မည်သို့အကြောင်းကြောင့်ပဲဖြစ်ဖြစ် တစ်စုံတစ်ခု နားထဲတွင် ပိတ်နေခြင်းသည် အလွန်မသက်မသာဖြစ်ခြင်းကို ခံစားရစေပါသည်။

နားထဲသို့ အရာဝတ္ထုများဝင်ခြင်းကြောင့် ဘယ်လို လက္ခဏာများ ခံစားရသနည်း။

အရွယ်ရောက်သူများအနေဖြင့် နားထဲသို့ တစ်ခုခုဝင်လျှင် သိကြပါသည်။ သို့သော် ကလေးများတွင်မူ အဆူခံရမည်စိုး၍ မိဘကိုမပြောဘဲ နေတတ်ကြပါသည်။ ထိုသို့ပြောမပြပါကလည်း အောက်ပါ လက္ခဏာများကိုတွေ့ရှိရတတ်ပါသည်။

  • နားထဲပိုးဝင်ကာ အရည်များကျခြင်း
  • နားကိုက်ခြင်း၊ နားတဖြည်းဖြည်းလေးလာခြင်း
  • မအီမသာဖြစ်ခြင်းတို့ကြောင့် ပျို့ခြင်း အန်ခြင်းများ ဖြစ်ခြင်း
  • သွေးထွက်ခြင်း၊ ချွန်ထက်သော ပစ္စည်းများ ဝင်ခြင်းကြောင့် အတင်းဆွဲထုတ်ရာမှ သွေးထွက်ခြင်း
  • နားအူခြင်း။ နားထဲသို့ အကောင်ဝင်ပါက နားအူပြီး အလွန်မသက်မသာဖြစ်တတ်ပါသည်။

မည်သို့ ကုသရမည်နည်း။

သင့်နားထဲ တစ်ခုခုဝင်နေတာကို ဘယ်လိုထုတ်မလဲ ……  အကောင်းဆုံးနည်းလမ်းမှာ ထို ပြင်ပအရာဝတ္ထုများကို ပစ္စည်းကိရိယာများဖြင့် ဖယ်ခြင်းဖြစ်ပါသည်။ ဆရာဝန်များက သေးငယ်သော ချိတ် သို့မဟုတ် ညှပ်ဖြင့်သုံး၍ ဖယ်ပေးလေ့ရှိပါသည်။

အကယ်၍ဝင်သွားသော အရာဝတ္ထုမှာ သံ ပစ္စည်းဖြစ်ပါက ဆရာဝန်မှ သံလိုက်ကို အသုံးပြု၍ထုတ်ပေးလေ့ရှိပါသည်။

နောက်နည်းလမ်းတစ်ခုမှာ ရေနွေးကို အသုံးပြု၍ဖယ်ခြင်းဖြစ်ပါသည်။ နားစည်မထိသေးပါက ပစ္စည်းရှိသော နားထဲသို့ပြွန်သေးသေးဖြင့် ရေထည့်ကာ ထိုရေဖြင့် ဝင်သွားသောအရာဝတ္ထုကိုဖယ်လေ့ ရှိပါသည်။

သို့ရာတွင် သတိပြုရမည့်အချက်များရှိပါသည်။

  • ကျွမ်းကျင်မှု မရှိဘဲ ဝင်သွားသော ပစ္စည်းကို မထုတ်ပါနှင့်။
  • နားအတွင် နက်နက် ဝင်နေပါက သို့မဟုတ် ဝင်နေသည့် အရာကို မြင်တွေ့ရခြင်း မရှိပါက ထုတ်ယူရန် မကြိုးစားပါနှင့်။
  • နားထဲပစ္စည်းဝင်တဲ့သူက အထိတ်တလန့် ဖြစ်နေခြင်း သို့မဟုတ် ငြိမ်ငြိမ်နေစေရန် ထိန်းဖို့ခဲယဉ်းပါက ပစ္စည်းကိုပြန်ထုတ်ရန် မကြိုးစားပါနှင့်။
  • သိကျွမ်းနားလည်သူမဟုတ်ပဲ ရေဖြင့် ပစ္စည်းကိုမထုတ်ပါနှင့်။
  • နားအတွင်းမှ ပစ္စည်းထုတ်သည့်အခါတွင် ကလေးကို မကြောက်အောင် ကလေးနှင့်အတူ စကားပြောခြင်းဖြင့်မကြောက်အောင် ဆောင်ရွက်နိုင်ပါသည်
  • ဝင်သွားသော အရာဝတ္ထုမှ ချက်ချင်းအနှောင့်အယှက် မပေးသေးပါက ချက်ချင်းမထုတ်ပါနှင့်။ ကလေးကို ငြိမ်အောင်ဦးစွာလုပ်ပြီးမှ ဝင်သွားသောပစ္စည်းကို ထုတ်ပါ။

အရေးပေါ်ပြုစုဆောင်ရွက်နည်း

အောက်ဖော်ပြပါ အချက်များတွေ့ပါက အရေးပေါ်ကုသမှုအမြန်ယူပါ။

  • နားထဲသို့ ဝင်သွားသော ပစ္စည်းကိုထုတ်ပြီးသော်လည်း ဆက်လက်၍ နာခြင်း၊ သွေးထွက်ခြင်း၊ အရည်းများစီးကျခြင်းများဖြစ်ပါက နားအတွင်းရှိ ပစ္စည်းအနည်းငယ်ကျန်ရှိခြင်း၊ ပိုးဝင်ခြင်းများ ဖြစ်နိုင်ပါသည်။
  • အကယ်၍ နားမကြားတော့ပါက နားစည်ထိခိုက် သွားခြင်းဖြစ်နိုင်ပါသည်။
  • နားအတွင်းသို့ ဝင်သော ပစ္စည်းမှာ ဘက်ထရီ အသေးဖြစ်ပါက အန္တရာယ်ရှိသော ဓာတုပစ္စည်းများ ထွက်ရှိနိုင်ပါသည်။
  • ဝင်သွားသော အရာဝတ္ထုမှာ အပင် သို့မဟုတ် အစားသောက်နှင့် ဆိုင်သော ပစ္စည်းဖြစ်ပါက နားအတွင်း စိုထိုင်းမှုကြောင့် ပွလာနိုင်ပါသည်။

နားထဲသို့ ပြင်ပ အရာဝတ္ထု ဝင်ခြင်းသည် အခံရခက်သော အခြေအနေ ဖြစ်သည့်အပြင် နောက်ဆက်တွဲ ဆိုးကျိုးများလည်း ခံစားရနိုင်သဖြင့် မည်သို့ ဖယ်ရှားရမည် ဆိုတာကို သိနားလည်ရန် လိုအပ်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 30/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement