backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ Royal-D

အပူလျှပ်တဲ့အခါ အရေးပေါ် ဘယ်လိုပြုစုကုသရမလဲ

ရာသီဥတုက ပူလာပြီနော်။ ခုနောက်ပိုင်း ရာသီဥတုက အပူဓာတ်ပဲ လွန်ကဲလာတာဆိုတော့ နွေရာသီ အတိုင်းကို ပူပြင်းလို့ နေပြီလေ။ အပူရှိန် ပြင်းပြင်းနဲ့ တောက်လောင်နေတဲ့ ရာသီဥတုက အသက်အရွယ် မရွေးကို အပူလျှပ် စေနိုင်တဲ့ အန္တရာယ် ရှိစေနိုင်ပါတယ်။ အပူလျှပ်တာက အရေးမကြီးဘူးလို့ မထင်ပါနဲ့။ အရေးပေါ် အသက်ကယ်ဆယ်မှုတွေ မပြုလုပ်နိုင်ဘူး ဆိုရင် အသက် ဆုံးရှုံးသွားနိုင်တဲ့ အထိ ပြင်းထန်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အပူလျှပ်တဲ့အခါ အရေးပေါ် ဘယ်လို ပြုစုကုသရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

အပူလျှပ်ပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ။

အပူလျှပ်ပြီဆိုရင်

၁။ ခန္ဓာကိုယ်ရဲ့ အပူချိန်က ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထက် မြင့်မားနေမယ်။

၂။ နှလုံးခုန်နှုန်း အရမ်း မြန်နေမယ်။

၃။ ချွေး မထွက်တော့ဘဲ ခြောက်သွေ့နေမယ်။

၄။ သတိလစ်နေမယ် ဒါမှမဟုတ် သတိ မကောင်းဘဲ ကြောင်တောင်တောင် ဖြစ်နေမယ်။

၅။ တက်မယ်။

၆။ အရေပြားတွေက နီရဲ ခြောက်သွေ့ပြီး ပူနေမယ်။

အဲဒီလို လက္ခဏာတွေ ရှိနေပြီဆိုရင် အပူဒဏ်ကြောင့် အပူလျှပ်တာ ဖြစ်နိုင်ပါတယ်။ အရေးပေါ် အခြေအနေ ဖြစ်တာကြောင့် အမြန်ဆန် ပြုစုကုသမှုတွေ ပြုလုပ်ရပါမယ်။

အပူလျှပ်တဲ့အခါ အရေးပေါ် ဘယ်လိုပြုစုကုသရမလဲ

အပူလျှပ်တဲ့အခါ အရေးပေါ် ဘယ်လိုပြုစုကုသရမလဲ ဆိုတော့

၁။ ဆေးရုံကား ခေါ်ပါ။ ဒါမှမဟုတ် တတ်ကျွမ်းနားလည်တဲ့ အကူအညီ ပေးနိုင်သူကို အကူအညီ တောင်းပါ။

၂။ လူနာကို လေအေးစက် တပ်ထားတဲ့နေရာ ဒါမှမဟုတ် အရိပ် ရတဲ့ နေရာကို ခေါ်ဆောင်ပါ။

၃။ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ကြားတွေကို ရေအေးဝတ် ကပ်ပါ။ တစ်ကိုယ်လုံး အပူချိန် လျော့သွားအောင် ပန်ကာနဲ့ဖြစ်ဖြစ် နေရာ အနှံ့ မှုတ်ပေးပါ။

၄။ အန်နေရင် ဒါမှမဟုတ် သတိလစ် နေတယ်ဆိုရင် အရည် မတိုက်ပါနဲ့ဦး။

၅။ တက်နေတာမျိုး ရှိတယ်ဆိုရင် သူ့ကို ထိခိုက်စေနိုင်တာတွေကနေ ဖယ်ရှားပေးပါ။ အန်နေတယ် ဆိုရင် အသက်ရှူလမ်းကြောင်း မပိတ်ဆို့အောင် ဘေးတစ်ဖက်ကို စောင်းထားပေးပါ။

အပူလျှပ်တာ မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်မလဲ။

အပူလျှပ်တာက အသက်အရွယ် ကြီးရင့်တဲ့ သူတွေနဲ့ ကလေးငယ်တွေ၊ လေဝင်လေထွက် မကောင်းတဲ့ နေရာမှာ နေထိုင်တဲ့ သူတွေ၊ နဂိုရောဂါအခံ ရှိသူတွေနဲ့ အရက် အလွန်အကျွံ သောက်တတ်သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ အပူမလျှပ်အောင် ကာကွယ်နိုင်ဖို့အတွက်

၁။ အရောင်ဖျော့ပြီး ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ ဦးထုပ် ဆောင်းပါ။

၂။ နေလောင်ကာခရင်မ် လိမ်းပါ။

၃။ ရေများများ သောက်ပါ။ ဖျော်ရည်တွေ သောက်လည်း ရပါတယ်။ ဒါပေမယ့် အရက်ဘီယာ ကတော့ ရေဓာတ် ဆုံးရှုံးစေနိုင်လို့ မသောက်သင့်ပါဘူး။

၄။ ရာသီဥတု ပူပြင်းနေတဲ့ အချိန်မှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်တာ၊ နေပူထဲမှာ အလုပ်လုပ်ရတာမျိုးတွေကို ရှောင်ပါ။

၅။ ဆီးအရောင်ကို ကြည့်ပါ။ ဆီးအရောင် ရင့်ခြင်းက ရေဓာတ် လိုအပ်နေပြီ ဆိုတာကို ပြသပါတယ်။

ပူပြင်းလာတဲ့ ရာသီဥတုမှာ အားလုံး ဘေးအန္တရာယ် ကင်းရှင်းကြစေဖို့ ဒီအချက်အလက်လေးတွေကို လိုက်နာပေးကြပါနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/a-to-z-guides/heat-stroke-symptoms-and-treatment#4

https://www.webmd.com/first-aid/heat-stroke-treatment

ယခုပုံစံ

13/06/2023

Dr. Thurein Hlaing Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဆိုတာဘာလဲ။

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/06/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement