brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အရေးပေါ်အခြေအနေတွေမှာ အဆုံးအဖြတ်ဖြစ်စေနိုင်တဲ့ အချိန်အပိုင်းအခြား (Golden Hour)

လုပ်ငန်းတိုင်း ကဏ္ဍတိုင်းအတွက် အရေးပါတဲ့အချိန်တွေဆိုတာ သူ့နေရာနဲ့သူရှိပါတယ်။ ကျောင်းသားတွေ အတွက်ဆို စာမေးပွဲဖြေနေရတဲ့ အချိန်တွေကအရေးကြီးအချိန်တွေ။ ကုမ္ပဏီတွေအတွက်ဆိုလည်း ပရောဂျက်တွေ၊ တားဂတ်တွေ ပြည့်မီအောင် လုပ်ရတဲ့ အချိန်ကအရေးကြီးအချိန်။ အဲဒီလိုပဲ ဆေးပညာမှာလည်း အရေးကြီးတဲ့အချိန်ဆိုတာရှိပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Golden Hour မြန်မာလိုဆိုရင်တော့ အရေးပေါ်အခြေအနေများမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အဖိုးအတန်ဆုံးအချိန်ပါ။

အရေးပေါ်အခြေအနေတွေမှာ အဆုံးအဖြတ်ဖြစ်စေနိုင်တဲ့ အချိန်အပိုင်းအခြား (Golden Hour)

ဆေးလောကရဲ Golden Hour ဆိုတာဘာလဲ။

Golden Hour ဆိုတာ အသက်ဆုံးရှုံးခြင်း (သို့) တစ်သက်လုံး ပြန်ပြင်ဆင်မရနိုင်တော့တဲ့ ချို့ယွင်းမှြုဖစ်ခြင်းမှ ကယ်တင်နိုင်အောင် အချိန်မီခံယူသင့်တဲ့ ဆေးကုသမှု အချိန်ကိုခေါ်ပါတယ်။ ရောဂါ တစ်ခုခုဖြစ်ပြီဆို အချိန်မီ ဆေးကုသမှု ခံယူနိုင်ရင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ကာကွယ်ပြီးသား ဖြစ်တဲ့ အပြင် နောက်ဆုံး အသက်ဆုံးရှုံးနိုင်တဲ့ အခြေအနေကလည်း ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

ဆေးရုံရောက်လာတာ အချိန်မီလို့ အသက်ကို ကယ်တင်နိုင်လိုက်တယ်ဆိုပြီး ဆရာဝန်တွေ ပြောလေ့ရှိတယ်မဟုတ်လား။ ဆေးရုံ၊ ဆေးခန်းဆို မသွားချင်ဘဲ အိမ်မှာပဲပေတေနေကြရင်း အချိန်တွေ လွန်တော့မှ ဆေးကုသမှု ခံယူဖြစ်ကြတော့ မဖြစ်သင့်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပြီး မဆုံးရှုံးသင့်ဘဲ အသက်ဆုံးရှုံးခဲ့ရတာတွေရှိတတ်ပါတယ်။

ရောဂါအခြေအနေပေါ်မှုတည်ပြီး အဖိုးတန်တဲ့အချိန်တွေ Golden Hour အမျိုးမျိုးလည်း ကွဲသွားပါတယ်။ ဒီတော့ ဘယ်ရောဂါဆို ဘယ်အချိန် အတွင်းဆေးကုသမှု ခံယူရင် အကောင်းဆုံးလဲဆိုတာ သိချင်ကြမယ်လို့ထင်ပါတယ်။ အကောင်းဆုံးကတော့ ဘယ်လိုရောဂါမျိုးမဆို ပေါ့ပေါ့ဆဆမနေဘဲ ဆေးရုံ၊ ဆေးခန်းကို မြန်မြန် သွားပြဖို့ အရေးကြီးပါတယ်။

အချိန် မိနစ် ၆၀ အတွင်း အမြန်ကုသမှရတဲ့ ရောဂါတွေ။

လူနာတစ်ယောက်အတွက် ရရှိတဲ့ အချိန် မိနစ် ၆၀ ဟာ အင်မတန် တိုတောင်းတဲ့အချိန်ဖြစ်သောကြောင့် နီးစပ်ရာ ဆေးရုံကို အလျှင်အမြန် သွားသင့်ပါတယ်။ နှလုံးသွေးကြောပိတ်ခြင်းလေဖြတ်ခြင်းဆီးချိုေတွ တက်ပြီး သတိလစ်သွားခြင်း၊ Shock ရခြင်း၊ ဦးခေါင်းထိခိုက်မိပြီး ဦးနှောက်တွင်းသွေးယိုခြင်းနဲ့ အဆိပ်မိခြင်း စတဲ့ ရောဂါတွေအတွက် လိုအပ်သော ကုသမှုများကို Golden Hour မိနစ် ၆၀ အတွင်း ကုသမှု ခံယူနိုင်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အထိရောက်ဆုံး ကာကွယ်နိုင်ပြီး အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ အခြေအနေကနေ ကျော်လွန်နိုင်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။

Golden Hour ၁၂ နာရီ မှ ၂၄နာရီ အတွင်းအချိန်ရတဲ ့ရောဂါတွေ။

၁၂နာရီမှ ၂၄ နာရီဆိုတော့ အပေါ်မှာ ဖော်ပြခဲ့တာတွေလောက် တော့စိုးရိမ်စရာ မရှိဘူးဆိုပေမယ့် ၁၂ နာရီကျော် လို့မှ ကုသမှု မခံယူဘူးဆို သင့်ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တဲ့ ရောဂါတွေဖြစ်ပါတယ်။

မတော်တဆမှုတစ်ခုခုကြောင့် ပင်မ ကျောရိုးကို ထိခိုက်မိခြင်း၊ မီးလောင်ခံရခြင်းဦးခေါင်းထိခိုက်မိခြင်းမတော်တဆထိခိုက်မှုကြောင့် အရေပြားပွန်းပဲ့ခြင်းများ၊

အရေးပေါ်အခြေအနေတွေအတွက် ရောဂါတစ်ခုကို အချိန်မီ ကုသမှုခံယူနိုင်ဖို့ အရမ်းအရေးကြီးတဲ့ အဖိုးတန်အချိန်တွေကို သိထားမှသာ မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်ကာ တန်ဖိုးမဖြတ်နိုင်သော လူ့အသက်တစ်ချောင်းကို မဆုံးရှုံးစေမှာ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thurein Hlaing Win · 10/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။