အဓိပ္ပါယ်ဖွင့်ဆိုချက်
Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) ကဘာလဲ။
အရက်အဆိပ်သင့်ခြင်းဆိုတာ ဆိုးရွားတဲ့ အခြေအနေဖြစ်ပြီး အချိန်အနည်းငယ်အတွင်းမှာ အရက်အများအပြားသောက်မိရင် ဖြစ်တတ်ပါတယ်။ အများအပြားသောက်သုံးခြင်း၊ လျင်မြန်စွာ သောက်သုံးခြင်း စတာတွေဟာ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း၊ ကိုယ်ခန္ဓါအပူချိန်၊ ပျို့သည့်တုံ့ပြန်မှု စတာတွေကို လွှမ်းမိုးပြီး သတိမေ့မျောခြင်း၊ သေဆုံးခြင်း ဖြစ်ပွားနိုင်ပါတယ်။ လူကြီးဖြစ်စေ၊ ကလေးဖြစ်စေ အရက်ပါဝင်တဲ့ အိမ်တွင်း အသုံးအဆောင်တွေကို မတော်တဆဖြစ်ဖြစ်၊ တမင်ဖြစ်ဖြစ် သောက်မိရင်လည်း ဖြစ်ပွားနိုင်ပါတယ်။ အရက်အဆိပ်သင့်မှုဖြစ်ရင် အရေးပေါ်ဆေးကုသဖို့ လိုအပ်ပါတယ်။
Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ငယ်ရွယ်သူများဟာ အရက်ကို ပိုပြီး အလွန်အကျွံ သောက်တတ်တာကြောင့် ဖြစ်ပွားနှုန်းပိုများတတ်ပါတယ်။
အမျိုးသားများဟာ အမျိုးသမီးများထက် သောက်သုံးမှုပိုများတာကြောင့် အရက်အဆိပ်သင့်မှု ပိုများတတ်ပါတယ်။
ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
လက္ခဏာများ
Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
တွေ့ရများတဲ့ လက္ခဏာအချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။