backup og meta

နှာခေါင်းသွေးလျှံတာကို အမြန်ရပ်စေတဲ့နည်းလမ်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှာခေါင်းသွေးလျှံတာကို အမြန်ရပ်စေတဲ့နည်းလမ်းများ

    နှာခေါင်းသွေးလျှံခြင်းသည် လူ့သက်တမ်း တလျှောက်တွင် ခဏခဏ ကြုံတွေ့ရလေ့ရှိသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။ လူ့သဘာဝအရ သွေးမြင်လျှင်လန့်တတ်ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြသည်။ ထို့ကြောင့် နှာခေါင်းသွေးလျှံလာလျှင် မည်သို့ပြုလုပ်ရမည် ကို သိရှိရန် လိုအပ်ပါသည်။

    မည်သည့်အကြောင်းများက နှာခေါင်းသွေးလျှံစေပါသနည်း။

    ပြင်ပမှ သက်ရောက်သော ထိခိုက်ဒဏ်ရာများ (မျက်နှာကို လက်သီးဖြင့်ထိုးခြင်း၊ နှာခေါင်းအတွင်းရှိ အညစ်အကြေးများ ဖယ်ရှားခြင်း) ကြောင့်နှာခေါင်းသွေးလျှံတတ်ပါသည်။

    အခြားသော အကြောင်းအရာများကြောင့်လည်း ဖြစ်တတ်ပါသည်။ ၎င်းတို့မှာ

    • ပူနွေးခြောက်သွေ့သောလေကို ထိတွေ့မှုများခြင်း

    • နှာခေါင်းနှင့် နှာခေါင်းတွင်းရှိအခေါင်းများတွင် ပိုးဝင်ခြင်း

    • ဓါတ်မတည့်မှုကြောင့်ဖြစ်ခြင်း

    • ပြင်ပအရာဝတ္တုများ နှာခေါင်းထဲဝင်ခြင်း

    • နှာခေါင်းမှ ပြင်းထန်စွာလေမှုတ်ထုတ်ခြင်း

    • ကိုကင်းအသုံးပြုမှုကြောင့် အန္တရာယ်ဖြစ်ခြင်း

    နှာခေါင်းသွေးလျှံပါက မည်သို့ပြုစုစောင့်ရှောက် ရမည်နည်း။

    ပြုစုစောင့်ရှောက်ခြင်း အဆင့် လေးဆင့် ရှိပါတယ်။

    အဆင့် ၁။ မတ်မတ်ထိုင်ကာ အရှေ့ကို ကုန်းပါ။

    မတ်မတ်ထိုင်ခြင်းကြောင့် နှာခေါင်းအတွင်းရှိ သွေးဖိအား လျှော့နည်းသွားစေနိုင်ပြီး သွေးကိုတိတ်စေပါသည်။

    အဆင့် ၂။ နှာခေါင်းကို ညှစ်ထားပါ

    လက်မနှင့် လက်ညိုးကိုအသုံးပြု၍ နှာခေါင်းကို ၅ မိနစ်မှ ၁၀ မိနစ်အထိ ညှစ်ထားပါ။ ထိုစဉ်အတွင်း အသက်ကို ပါးစပ်မှ ရှူပါ။ နှာခေါင်းကို ညှစ်ထားသည့်အတွက်ကြောင့် သွေးစီးဆင်းမှုကို လျှော့နည်းစေနိုင်ပါသည်။

    အဆင် ၃။ သွေးထပ်မံထွက်ခြင်းကို တားဆီးပါ

    နှာခေါင်းသွေးယိုပြီး နာရီအတော်ကြာသည်အထိ နှာခေါင်းအတွင်းရှိ အညစ်အကြေးများအား နှိုက်ထုတ်ခြင်း ခန္ဓါကို အောက်သို့ကုန်းခြင်းများ မပြုလုပ်ရပါ။ ဦးခေါင်းကို နှလုံးထက်မြင့်သော အနေအထားဖြင့်ဆက်လက်နေပါ။

    အဆင့် ၄။ သွေးထပ်မံထွက်လာပါက ပြုလုပ်ရန်

    သွေးထပ်မံထွက်လာပါက နှာခေါင်းအတွင်းရှိ သွေးခဲများ ကိုမှုတ်ထုတ်လိုက်ပါ။ ပြီးနောက် oxymetazoline ဟုခေါ်သော ဖျန်းဆေးဖြင့် ဖျန်းပါ။ ထို့နောက် နှာခေါင်းကို လက်ဖြင့်ထပ်မံညှစ်ထားပြီး ဆရာဝန်၏ အကူအညီယူပါ။

    မည်သည့်အချိန်တွင် အရေးပေါ်ကုသဖို့လိုအပ်ပါသနည်း။

    • မိနစ် ၂၀ ကျော်ကြာသည့်တိုင်အောင် သွေးမတိတ်ခြင်း

    • မတော်တဆထိခိုက်ဒဏ်ရာကြောင့်သွေးထွက်ခြင်း

    မည်သည့်အချိန်တွင် ဆရာဝန်ဖြင့်ပြရမည်နည်း။

    • ပုံမှန် နှာခေါင်းသွေးခဏခဏလျှံပါက ဆရာဝန်ဖြင့်ပြသရန်လိုအပ်ပါသည်။ ထိုအခါ ဆရာဝန်မှ လျှစ်စစ်စီးကြောင်း သို့မဟုတ် လေဆာကို အသုံးပြု၍ သွေးကြောကိုလောင်းကျွမ်းစေပါသည်။ ထို့နောက် အထူးပြုလုပ်ထားသော ဂွမ်းဖြင့်ထိုသွေးကြောကို ဖိအားဖြင့်ဖိထားကာ သွေးကို တိတ်စေပါသည်။

    အကယ်၍ သွေးကျဲဆေးအသုံးပြုမှုကြောင့် သွေးလျှံပါက ဆရာဝန်မှ ဆေးပမာဏကို ပြန်လည်ညှိနှိုင်းပေးပါလိမ့်မည်။

    နှာခေါင်းသွေးလျှံခြင်းကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာကို အနှောက်အယှက်ဖြစ်စေတတ်ပါသည် ဒါပေမယ့် တစ်ခါတရံမှာ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်နေနိုင်ပါသည်။ ထု့ိကြောင့် ပင်မဖြစ်ပွားနေသည့်အကြောင်းရင်းများကို အမြဲရှာဖွေသင့်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement