ရာသီဥတုက ပူလာပြီနော်။ ဆောင်းဝင်ပြီဆိုပေမယ့် ခုနောက်ပိုင်းရာသီဥတုက အပူဓါတ်ပဲလွန်ကဲလာတာဆိုတော့ နွေရာသီအတိုင်းကို ပူပြင်းလို့နေပြီလေ။ အပူရှိန်ပြင်းပြင်းနဲ့တောက်လောင်နေတဲ့ရာသီဥတုက အသက်အရွယ်မရွေးကို အပူရှပ်စေနိုင်တဲ့ အန္တရာယ်ရှိစေနိုင်ပါတယ်။ အပူရှပ်တာက အရေးမကြီးဘူးလို့မထင်ပါနဲ့။ အရေးပေါ်အသက်ကယ်ဆယ်မှုတွေမပြုလုပ်နိုင်ဘူးဆိုရင် အသက်ဆုံးရှုံးသွားနိုင်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။