မေးခိုင်ပိုးဝင်နေရင် ဘယ်လိုလက္ခဏာတွေဖြစ်တတ်လဲ
မေးခိုင်ပိုးက ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး ၃ ရက် ကနေ တစ်ပတ်လောက်ကြာမှရောဂါလက္ခဏာစပြီးပြတတ်တာပါ။ ၈ ရက်လောက်ကြာမှလည်းဖြစ်နိုင်ပါတယ်။ အရေပြားပွန်းပဲ့တဲ့ဒဏ်ရာတွေကို သေချာဂရုမစိုက်မှုကြောင့်မေးခိုင်ပိုးကိုယ်တွင်းဝင်ရောက်သွားတဲ့အခါ –
- မေးရိုးကြွက်သားတွေ အကြောဆွဲသလိုဖြစ်မယ်
- လည်ပင်း၊ ပခုံးနဲ့နောက်ကျောကြွက်သားတွေတောင့်တင်းမယ်
- အစားအသောက်တွေ မျိုချရခက်တာမျိုးဖြစ်မယ်
- မျက်နှာမှာရှိတဲ့ ကြွက်သားတွေအကြောဆွဲတာမျိုးဖြစ်မယ်
- ကြွက်သားတွေ ဆတ်ခနဲ အကြောဆွဲတာမျိုးဖြစ်နိုင်သလို ရင်ဘတ်၊ဝမ်းဗိုက်နဲ့ ခြေလက်ကြွက်သားတွေတောင့်တင်းတာမျိုးဖြစ်မယ်
- အဖျားတက်မယ်၊ ချွေးတွေအများကြီးထွက်မယ်
- သွေးတိုးမယ်
- နှလုံးခုန်နှုန်းမမှန်ဖြစ်မယ်၊ နှလုံးခုန်မြန်မယ်
- တက်မယ်
- အသက်ရှူရခက်မယ်
- နေရထိုင်ရခက်လာမယ်
- ကြွက်သားတွေ တောင့်တင်းနာကျင်လာမယ်
မေးခိုင်ပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲ
- ထိခိုက်ဒဏ်ရာ တစ်ခုခုရလာတဲ့အခါ အနာကိုဆေးကြောသန့်စင်ရပါမယ်
- အနာထဲမှာရှိနေတဲ့ အမှိုက်စတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားရပါမယ်
- အနာကို ပိုးသတ်ဆေးတစ်ခုခုလူးပေးရပါမယ်
- အနာထဲကို ပိုးမဝင်အောင် အနာသေးရင် ပလာစတာကပ်မယ်၊ အနာကကြီးရင်တော့ ပတ်တီးစည်းရပါမယ်
- အနာပြင်းထန်ရင် မေးခိုင်ကာကွယ်ဆေးထိုးမယ်
- အနာကို မသန့်ရှင်းတဲ့အရာတွေနဲ့ မထိတွေ့မိအောင်ဂရုစိုက်မယ်
- အနာကို နေ့စဉ်စစ်ဆေးမယ်၊ အနာကိုဆေးပုံမှန်ထည့်မယ်
- အနာပေါ်မှာ ကပ်ထားတဲ့ ပလာစတာရေစိုသွားရင်ဖြစ်ဖြစ် ညစ်ပေသွားရင်ဖြစ်ဖြစ် အသစ်လဲမယ်
အနာကို သန့်သန့်ရှင်းရှင်းဂရုတစိုက်ထားတာကမေးခိုင်ပိုးဝင်တာတင်မဟုတ်ဘဲ အခြားမလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေကိုပါ ကာကွယ်ပြီးသားဖြစ်မှာပါ။
ဒီလိုအခြေအနေမျိုးတွေဖြစ်လာရင် ဆရာဝန်နဲ့ပြသဖို့လိုပါမယ်
တစ်ခါတလေ မေးခိုင်ကာကွယ်ဆေးထိုးပြီးတဲ့အခါဆေးရဲ့ဘေးထွက်ဆိုးကျိုးလိုမျိုး လက္ခဏာတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့်မေးခိုင်ကာကွယ်ဆေးထိုးလို့မေးခိုင်ပိုးဝင်တာမျိုးမရှိဘူးလို့တော့ပြောပြချင်ပါတယ်။
မေးခိုင်ကာကွယ်ဆေးကြောင့်ဖြစ်တဲ့ အပျော့စားဓာတ်မတည့်မှုတွေ –
- ဆေးထိုးထားတဲ့ နေရာတဝိုက်မှာ နာကျင်မယ်၊ နီမြန်းမယ်၊ရောင်ရမ်းမယ်
- အဖျားတက်မယ်
- ခေါင်းကိုက်မယ်၊ ကိုယ်လက်တွေကိုက်ခဲမယ်
- ခြေကုန်လက်ပမ်းကျမယ်
ပြင်းထန်တဲ့ ဓာတ်မတည့်မှုဖြစ်ခဲ့ရင်တော့-
- ယားယံတာ ရောင်ရမ်းနာကျင်တာမျိုးဖြစ်မယ်
- အသက်ရှူရခက်တာနဲ့ အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်မယ်
- မအီမသာဖြစ်မယ်၊ အော့အန်မယ်၊ဝမ်းသွားမယ်၊ ဗိုက်ကြွက်သားတွေနာကျင်မယ်
- ညည်းစီစီဖြစ်မယ်၊ သွေးပေါင်ကျမယ်၊ နှလုံးခုန်မြန်မယ်
အခုဖော်ပြခဲ့တဲ့ အခြေအနေမျိုးဖြစ်လာခဲ့ရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားရောက်ကုသမှုခံယူဖို့လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။