၁။ စားသောက်မှုပုံစံကိုပြောင်းပါ။
အရေးကြီးတာက မကောင်းတဲ့ LDL ကိုလက်စထရောကို လျှော့ချနိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ HDL ကိုလက်စထရောကို မြင့်တက်စေဖို့ ဖြစ်ပါတယ်။ LDL ကိုလက်စထရောကို မြင့်တက်စေတဲ့ ပြည့်ဝဆီ၊ ပုံပြောင်းဆီတွေကို ရှောင်ကြဉ်ရပါမယ်။ ပြည့်ဝဆီပါဝင်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
– Red meat များ (အမဲသား၊ သိုးသား၊ ဆိတ်သားများ)
– ဟော့ဒေါ့၊ အမဲအူကြပ်တိုက်၊ ဆလာမီ (ဝက်/အမဲ) စသည့် အဆင့်ဆင့်ပြုပြင်ထားသည့် အစားအစာများ
– ရေခဲမုန့်၊ ခရင်မ်ဒိန်ခဲ၊ မပြုမပြင်ရသေးသည့်နွားနို့
ပုံပြောင်းဆီများဟာ ဟိုက်ဒရိုဂျင်ကိုသုံးပြီး အဆီများကို အရည်ပုံစံကနေ အခဲအနေအထားကို ပြောင်းလဲထားခြင်း ဖြစ်ပါတယ်။ အစားအစာထုတ်လုပ်သူများဟာ အစာကိုတာရှည်ခံအောင် ထုတ်ပိုးနိုင်တဲ့အတွက် ပုံပြောင်းဆီကို ကြိုက်ကြပါတယ်။ ဒါပေမယ့် ပုံပြောင်းဆီဟာ သွေးလွှတ်ကြောတွေကို ဒုက္ခပေးတတ်ပါတယ်။
ပုံပြောင်းဆီ၊ ပြည့်ဝဆီများဟာ LDL ကိုလက်စထရောကို တက်စေရုံသာမက HDL ကိုလက်စထရောကို ကျဆင်းစေတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ပုံပြောင်းဆီပါဝင်တဲ့ အစားအစာတွေကတော့
– ဆီဖြင့်ကြော်ထားသော စားစရာများ
– အသင့်စား စားစရာများ
– ကွတ်ကီး၊ ခရက်ကာ၊ ကိတ်မုန့် စသည့် ဖုတ်ပြီး ထုပ်ပိုးထားသော စားစရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။