ကော်ဖီစွဲလမ်းမှုကို ဘယ်လိုဖျောက်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မိုးအေးအေးလေးမှာကော်ဖီလေးသောက်လိုက်ရတာကတော်တော်လေးအရသာရှိတယ်နော်။ မနက်ခင်းမှာကော်ဖီမွှေးမွှေးလေးတစ်ခွက်သောက်လိုက်ရရင်ကို တစ်နေ့လုံးတက်တက်ကြွကြွ အလုပ်လုပ်နိုင်တယ်။ မနက်ခင်းကော်ဖီမသောက်ရရင် စိတ်တိုလာတယ်၊ခေါင်းကိုက်လာတယ်ဆိုတာမျိုးတွေဖြစ်နေပြီလား။ ဒါဆိုရင်တော့ သင်ဟာကော်ဖီကို လိုတာထက်ပိုပြီး စွဲလမ်းနေပါပြီ။ ဒါက ကြီးကြီးမားမား ကိစ္စမဟုတ်ပေမယ့်မွေးမထားတာကတော့ အကောင်းဆုံးဖြစ်မှာပါ။

ကော်ဖီက စွဲလမ်းစေတတ်လား………….

ကော်ဖီမှာပါတဲ့ ကဖင်းက စွဲလမ်းစေတတ်ပါတယ်။ တက်ကြွလန်းဆန်းစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် မနက်ခင်းမှာကော်ဖီလေးသောက်တတ်ကြသလိုနေ့ခင်းနေ့လယ်ပျင်းတဲ့အခါမျိုး၊ အိပ်ငိုက်တဲ့အခါမျိုးမှာလည်း စိတ်လန်းသွားအောင်ဆိုပြီးကော်ဖီကိုသောက်တတ်ကြပါတယ်။ တစ်ရက်နှစ်ရက်ကပြဿနာမရှိပေမယ့် တစ်ပတ်ကနေ နှစ်ပတ်၊ နှစ်ပတ်ကနေ ၁ လလောက်ကြာလာတဲ့အခါကော်ဖီကို အချိန်ကျရင် မသောက်ရမနေနိုင်ဖြစ်လာပါတယ်။ ဒီအခြေအနေကကော်ဖီစွဲလမ်းတဲ့အခြေအနေပါ။

ကော်ဖီစွဲလမ်းမှုကို ဘယ်လိုဖြေရှင်းမလဲ…………

ကော်ဖီကို စွဲနေတာကို ချက်ချင်းဖြတ်ဖို့က ခက်ပါတယ်။ဖြည်းဖြည်းချင်းပဲလျှော့ချရမှာပါ။ ဒါမှ ထိခိုက်မှုကင်းကင်းနဲ့ကော်ဖီစွဲလမ်းမှုကိုဖြေရှင်းနိုင်မှာပါ။

တစ်နေ့ကို ၂၅ ရာခိုင်နှုန်းလျှော့ချပေးပါ

ကော်ဖီကို ချက်ချင်းဖြတ်လိုက်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီတော့ တဖြည်းဖြည်းချင်းလျှော့ချတာက အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။ ဒါကြောင့် ပုံမှန်သောက်နေတာက ၄ ခွက်ဆိုရင် ၃ ခွက်လောက်ဖြစ်အောင်လျှော့ချလိုက်ပါ။ တဖြည်းဖြည်းချင်းလျှော့ချမှုက ထိခိုက်မှုနည်းတဲ့ကော်ဖီစွဲလမ်းမှုကိုဖြေရှင်းမှုပါ။

ရေသောက်ပါ

ကော်ဖီသောက်ချင်လာတဲ့အခါမျိုးမှာဖြစ်ဖြစ် အခြားကျန်တဲ့အချိန်တွေမှာဖြစ်ဖြစ် တစ်နေ့တာမှာရေပမာဏကို လုံလောက်အောင်သောက်ပေးပါ။ရေလုံလောက်အောင်သောက်သုံးမှုကလည်းကော်ဖီစွဲလမ်းမှုကိုဖြေရှင်းတဲ့နေရာမှာ အသုံးဝင်ပါတယ်။

ပရိုတင်းစားပေးပါ

ကော်ဖီသောက်ချင်လာတဲ့အခါ ပရိုတင်းပါတဲ့ စားစရာတစ်ခုခုကို စားပေးပါ။ ဒီလိုပုံမှန်လုပ်ဆောင်ပေးမှုကကော်ဖီသောက်ချင်စိတ်ကိုဖြေဖျောက်ဖို့ အကောင်းဆုံး အကူအညီပေးနိုင်ပါလိမ့်မယ်။

ရေနွေးကြမ်းသောက်ပေးပါ

ကော်ဖီသောက်ချင်လာတဲ့အခါတိုင်းရေနွေးကြမ်းလေးသောက်ပေးပါ။ ဒီလိုလုပ်ပေးတာက ကဖင်း စွဲလမ်းမှုကို တဖြည်းဖြည်းဖြေလျှော့ပေးဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်

ပီကေဝါးပါ

ကော်ဖီသောက်ချင်လာတဲ့အခါ ပီကေဝါးပေးပါ။ ခံတွင်းချဉ်တာကို သိသိသာသာလျော့ပါးစေမှာပါ။

အိပ်လိုက်ပါ

ကော်ဖီသောက်ချင်တဲ့စိတ်ကိုဖြေဖျောက်ဖို့အတွက် အသုံးဝင်မယ့်နောက်ထပ်နည်းလမ်းတစ်ခုကနေ့ခင်းကော်ဖီသောက်ချင်လာတဲ့ အချိန်မှာ တစ်ရေးလောက်အိပ်လိုက်တာပါ။

စိတ်ရှည်ပါ

ကော်ဖီစွဲလမ်းဖို့က အချိန်ယူခဲ့ရသလိုကော်ဖီဖြတ်ဖို့ကလည်း တစ်ရက်တည်းနဲ့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်စိတ်ရှည်လက်ရှည်နဲ့ဖြည်းဖြည်းချင်းပဲသွားပေးပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား...... အဖြေက ဘာဖြစ်မယ် ထင်လဲ...... ဆေင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်မှုက သွားတွေ၊ နှလုံး၊ အသည်းကစလို့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေမှာရော အသားအရေတွေ အပေါ်မှာပါ  သက်ရောက်မှု ရှိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

မှတ်ဉာဏ်ကောင်းစေဖို့ စားပေးသင့်တဲ့ အစားအစာလေးတွေ ရှိပါတ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
ခေါင်းတွေကိုက်

နေပူထဲသွားပြီး ခေါင်းတွေကိုက် နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read