(၄) အသားအရေ ကောင်းလာမယ်။ သင်ဘာတွေစားသုံးနေလဲဆိုတာဟာ သင့်အသားအရေမှာ ပေါ်လွင်ပါတယ်။ အသားအရေကောင်းခြင်းနဲ့ ဆံပင်သန်စွမ်းကောင်းမွန်ခြင်းဟာ သင့်ရဲ့အစားအသောက်ရွေးချယ်မှု မှန်ကန်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးကျေးဇူးပါ။ သရေစာတွေကို မစားတော့တာနဲ့ အသားအရေဟာ ဝင်းမွတ် ကြည်လင်လှပလာမှာပါ။ Glow လာမှာပါနော်။
(၅) တက်ကြွလန်းဆန်းလာမယ်။ သရေစာတွေဟာ အီဆိမ့်ထိုင်းမှိုင်းစေပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးမယ်ဆိုရင်တော့ တက်ကြွလန်းဆန်းပြီး အလုပ်လုပ်ရာမှာ အဆင်ပြေချောမွေ့ နေမှာပါ။
(၆) နှစ်နှစ်ခြိုက်ခြိုက်အိပ်စက် အနားယူနိုင်မယ်။ သကြားဓာတ်များတဲ့ အစားအစာတွေ အဆီများတဲ့ အစားအစာတွေဟာ ကိုယ်အလေးချိန် တက်ရုံသာမကဘဲ အိပ်စက်ခြင်းစက်ဝန်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ နှစ်ခြိုက်စွာအိပ်စက်လို့ မရနိုင်ဘဲဖြစ်တတ်ပါတယ်။ သရေစာတွေကို လျှော့စားလိုက်ခြင်းအားဖြင့် အိပ်စက်အနားယူရာမှာ ကောင်းမွန်လာနိုင်သလို နောက်တစ်နေ့ကိုလည်း လန်းဆန်းစွာဖြတ်သန်းလာနိုင်မှာပါ။
(၇) ကြွက်သားတွေအတွက်လည်း ကောင်းမွန်ပါတယ်။ သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသောက်ခြင်းဟာ ကြွက်သားတွေကို သန်မာစေမှာပါ။ ကြွက်သားတွေ ကျန်းမာသန်စွမ်းလာခြင်းကြောင့် သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ အဆင်ပြေချောမွေ့လာနိုင်မှာပါ။
သရေစာကိုဖြတ်ဖို့ သင့်မှာအစီအစဉ်ရှိပြီ ဆိုရင်တော့ ချက်ချင်းကြီး မဖြတ်လိုက်ပါနဲ့နော်။ ဖြည်းဖြည်းချင်းစီလျှော့စားရင်း သင့်ခန္ဓာကိုယ်ရဲ့ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေကို ရင်ဆိုင်ကြည့်လိုက်ပါ။
ရေးသားသူ-ဒေါက်တာမှူးခင်
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။