လူသားများရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ၆၀%နဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာကနေ ရေကို တချိန်လုံး စွန့်ထုတ်နေပါတယ်။ ဆီးများ ချွေးများအနေနဲ့ ဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ဖို့အတွက် လုံလောက်တဲ့ ရေပမာဏကို သောက်သုံးဖို့ လိုအပ်ပါတယ်။ တနေ့တာ ရေပမာဏကို ဘယ်လောက်သောက်သုံးသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ထင်မြင်ချက်မျိုးစုံ ရှိပါတယ်။