backup og meta

မုန်လာဥဖြူရဲ့ အရွက် ဆေးဖက်ဝင်လား ......

မုန်လာဥဖြူရဲ့ အရွက် ဆေးဖက်ဝင်လား ......

မုန်လာဥ ချဉ်ရည်လို့ ဆိုလိုက်ရင် အရွက်တွေကို မထည့်ဘဲ မုန်လာဥဖြူကိုပဲ ချက်ဖြစ်တာ များပါတယ်။ တကယ်ကတော့ မုန်လာဥဖြူ အရွက်က ချဉ်ဟင်းထဲ ထည့်ချက်လို့ ရပေမယ့် အရွက်က ဝါသွားတာ၊ မလတ်ဆတ်တာတွေကြောင့် ထည့်မချက် ဖြစ်တာလည်း များပါတယ်။ တကယ်ကတော့ မုန်လာဥဖြူရဲ့ အရွက် က စားလို့ရသလို ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး များပါတယ်။ ဒီတစ်ခေါက်တော့ မုန်လာဥဖြူရဲ့ အရွက်က ကျန်းမာရေးအတွက် ဘယ်လို ထောက်ပံ့ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

မုန်လာဥဖြူရဲ့ အရွက် ဆိုတာ

မုန်လာရွက်ဆိုတာက မုန်လာဥဖြူရဲ့ အထက်ပိုင်းမှာပါတဲ့ အရွက်ကို ဆိုလိုတာပါ။ နာမည်အတိုင်း မုန်လာဥက ဖြူဖြူလေး ဖြစ်ပြီး အရွက်ကတော့ အစိမ်းရောင်လေးပါ။

ဒီအရွက်ကို ကြက်စွပ်ပြုတ်တွေထဲ ထည့်သောက်တာ၊ အချဉ်စိမ်တာတွေ လုပ်လေ့ရှိသလို ချဉ်ဟင်းထဲလည်း ထည့်ချက်စားလို့ ရပါတယ်။ အရွက်က ရိုးတံ ကြွပ်ကြွပ်လေးနဲ့ စားလို့ ကောင်းတဲ့ အရွက် တစ်မျိုးပါ။

မုန်လာဥဖြူရဲ့ အရွက် မှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ ……

မုန်လာရွက်မှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ ......

စားရတာ အရသာရှိတဲ့ မုန်လာရွက်ထဲမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

မုန်လာဥဖြူရဲ့ အရွက် ဆေးဖက်ဝင်လား ……

မုန်လာရွက် က ဆေးဖက်ဝင်လား ဆိုတော့ အခုလို ဆေးဖက်ဝင်ပါတယ်။

ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေတယ်

မုန်လာဥဖြူရဲ့ အရွက်မှာ သံဓာတ်၊ phosphorus တို့ ပါဝင်သလို ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တွေ ဖြစ်တဲ့ ဗီတာမင် C၊ ဗီတာမင် A၊ သီရာမင်းတို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခြေကုန်လက်ပမ်းကျတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သွေးအားနည်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

သံဓာတ်၊ phosphorus နဲ့ ဗီတာမင် C၊ ဗီတာမင် A တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အအေးမိ ဖျားနာတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို တုပ်ကွေး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဆီးရွှင်စေတယ်

မုန်လာဥဖြူ အရွက်က သဘာဝ ဆီးရွှင်ဆေး တစ်မျိုးပါ။ ဆီးကျောက်တွေကို ကြေစေနိုင်ပြီး ဆီးအိမ်ကို ရှင်းစေပါတယ်။ ဝမ်းမှန်စေနိုင်တာကြောင့် ဝမ်းချုပ်တာ၊ လေပွတာတွေ သက်သာစေဖို့ အသုံးပြုလို့ ရပါတယ်။

ဗီတာမင် C ပြည့်ဝစေတယ်

မုန်လာဥဖြူရဲ့ အရွက် က ဗီတာမင် C ချို့တဲ့တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ မုန်လာရွက်က ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေပါတယ်။

စမြင်းခံနေတာကို သက်သာစေနိုင်တယ်

စမြင်းခံတာက အတော်လေး နာကျင်ပြီး ခံစားရခက်ပါတယ်။ မုန်လာဥဖြူအရွက်က ဒီပြဿနာကို​ ပြေလည်စေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး အရောင်ကျစေနိုင်ပါတယ်။ အခြောက်ခံထားတဲ့ မုန်လာဥဖြူအရွက်ခြောက်ကို အမှုန့်ကြိတ်ပြီး သကြားနဲ့ ရေကိုရောပြီး ခပ်ပျစ်ပျစ်လေး စားပေးရုံပါ။

အသားဝါ သက်သာစေနိုင်တယ်

အသည်းရောင် အသားဝါ ရောဂါဖြစ်တဲ့အခါ အရေပြားရော မျက်ဖြူသားတွေပါ ဝါလာပါတယ်။ ဒီလို ဖြစ်တာကို သက်သာစေဖို့ဆိုရင် မုန်လာဥဖြူ အရွက်ကို စားပေးလို့ ရပါတယ်။

ဆီးချို ကာကွယ်ပေးပါတယ်

ဆီးချိုက အခုနောက်ပိုင်း အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ မုန်လာဥဖြူ အရွက်က ဆီးချိုကို ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥဖြူအရွက်က သွေးတွင်းသကြားဓာတ် ကျဆင်းစေနိုင်ပြီး ဆီးချိုကို ကာကွယ်ပေးနိုင်ပါတယ်။

အဆိပ်အတောက် ကင်းစေတယ်

အစာခြေစနစ်ထဲက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပြီး အူမကြီးကို သန့်စင်ပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို သေစေနိုင်သလို ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

သတိထားရမယ့်အချက်

မုန်လာရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် သူ့ရဲ့ ကောင်းကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ ဒါကြောင့် အထက်ပါ ရောဂါဝေဒနာတွေ ခံစားရတဲ့အခါ မုန်လာရွက်ကိုပဲ အားမကိုးဘဲ တတ်ကျွမ်းနားလည်သူနဲ့ ကုသဖို့ လိုပါတယ်။ တန်ဆေး လွန်ဘေး ဖြစ်တာကြောင့် အလွန်အကျွံ မစားဖို့လည်း အရေးကြီးပါတယ်။

သတိထားပြီး စားသုံးသင့်သူများ

ဖရဲခွံက လူတော်တော်များများနဲ့ တည့်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးငယ်တွေ၊ ရောဂါအခံရှိသူတွေနဲ့ ဆေးဝါးတစ်ခုခုကို စွဲသောက်နေသူတွေကတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသောက်သင့်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Benefits Of Radish Leaves And Its Side Effects https://www.lybrate.com/topic/radish-leaves-benefits Accessed Date 14 December 2021

10 Amazing Health Benefits Of Radish Leaves https://www.stylecraze.com/articles/health-benefits-of-radish-leaves/ Accessed Date 14 December 2021

ယခုပုံစံ

16/10/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းကြွပ်သီးပင်ရဲ့ အရွက်လေး နဲ့ ကျန်းမာရေး

မုန်လာဥဖြူ ကြိုက်တဲ့ သူတွေရှိလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement