backup og meta

ဘေဘီလေးတွေမှာ သံဓာတ် လွန်ကဲနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေမှာ သံဓာတ် လွန်ကဲနေပြီလား

    ဘေဘီလေးတစ်ယောက်အတွက် သံဓာတ်က လိုအပ်တယ်ဆိုပေမယ့် လိုတာထက်ပိုတဲ့အခါ ဘေဘီလေးကို ထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ ဒီတော့ ဘေဘီလေးတစ်ယောက်အနေနဲ့ အသက်အရွယ်အလိုက် လိုအပ်မယ့် သံဓာတ် ပမာဏအတိုင်း ဖြည့်ပေးတာက အကောင်းဆုံး နည်းလမ်းပါ။

    သံဓာတ်ဆိုတာက ဘေဘီလေးတွေမှာ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဘေဘီလေးတွေအနေနဲ့ သံဓာတ်ကို မေမေ့နို့ချိုကနေ ရရှိနိုင်သလို သံဓာတ်ဖြည့်စွက်ထားတဲ့ ဘေဘီလေးတွေအတွက် ထုတ်လုပ်ထားတဲ့ ဖြည့်စွက်အာဟာရတွေကနေလည်း ရရှိနိုင်ပါတယ်။

    သံဓာတ်က ဘေဘီလေးရဲ့ သွေးနီဥဆဲလ် ပမာဏကို တိုးစေနိုင်သလို လျင်မြန်စွာ ကြီးထွားလာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ သံဓာတ်နည်းလွန်းတာက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သလို သွေးအားနည်းရောဂါ ဖြစ်စေပြီး ဘေဘီလေးရဲ့ အစားစားချင်စိတ်နဲ့ အာရုံစူးစိုက်မှုတွေအပေါ်မှာပါ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။

    ဘေဘီလေးကြီးထွားဖို့အတွက် သံဓာတ်ပြည့်ဝဖို့ လိုသလို သံဓာတ် လိုတာထက် ပိုမသွားဖို့လည်းပါတယ်။ ဘေဘီလေးကို သံဓာတ် ပြည့်ဝအောင်ဖြည့်ပေးဖို့ လိုတယ်ဆိုပြီး သံဓာတ်တွေ ပြည့်ဝအောင် ကျွေးရာကနေ သံဓာတ်က လိုတာထက် ပိုမယ်ဆိုရင် ဘေဘီလေးမှာ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။

    လိုလည်းမကောင်း ပိုလည်းမကောင်းတဲ့ သံဓာတ်

    ဘေဘီလေးတွေ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် သံဓာတ်ကပြည့်ဝဖို့ လိုတယ်ဆိုပေမယ့် ဘေဘီလေးမှာ သံဓာတ်က လိုတာထက် ပိုများသွားတဲ့အခါ ခန္ဓာကိုယ်က သံဓာတ်တွေကို လိုတာထက်ပိုပြီး စုပ်ယူစုဆောင်းလိုက်ပါတယ်။ စားလိုက်တဲ့ အစားအစာကနေရသမျှ သံဓာတ်ကို ခန္ဓာကိုယ်က စုဆောင်းလိုက်တာပါ။

    ဒီလိုနဲ့ သံဓာတ်တွေက အဆစ်တွေ၊ ကိုယ်တွင်းအင်္ဂါတွေဖြစ်ကြတဲ့ အသည်း၊ နှလုံး၊ ဦးနှောက်၊ ပန်ကရိယ နဲ့ အဆုတ်တွေထဲမှာ စုပုံသွားပါတယ်။ ဒီလို စုပုံမှုက အသည်းရောဂါ၊ ဆီးချိုရောဂါ နှလုံးရောဂါ၊ အဆစ်နာတာ၊ ခြေကုန်လက်ပမ်းကျတာတွေကို ခံစားရနိုင်ပါတယ်။

    ဒီပြဿနာတွေအပြင် ကလေးရဲ့ ကြီးထွားမှုကို ထိခိုက်စေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သံဓာတ် လွန်ကဲနေတာကို စောစောသိမယ်ဆိုရင်တော့ စောစောကုသပြီး နောက်ဆက်တွဲ ပြဿနာတွေကို အထိရောက်ဆုံး ရှောင်ရှားနိုင်မှာပါ။

    ဘေဘီလေးတစ်ယောက် လိုအပ်မယ့် သံဓာတ်ပမာဏ

    ဘေဘီလေးတစ်ယောက် လိုအပ်မယ့် သံဓာတ်ပမာဏ

    အသက်၆ လမတိုင်ခင်အထိက ‌ဘေဘီလေးတွေအနေနဲ့ သံဓာတ်ကို မိခင်နို့ကနေ ရရှိနိုင်ပေမယ့် အသက် ၆ လပြည့်ပြီးတဲ့အခါ ဖြည့်စွက်အာဟာရတွေကနေတဆင့်လည်း သံဓာတ်ကို ရရှိနိုင်ပါတယ်။

    ဒီလို ဖြည့်ဆည်းပေးတဲ့အခါ ဘေဘီလေးရဲ့ သံဓာတ် လိုအပ်ချက်နဲ့ ကိုက်ညီစေဖို့ အသက် ၆ လက နေ တစနှစ်အရွယ် ဘေဘီလေးအတွက် တစ်နေ့ကို သံဓာတ် ၁၁ မီလီဂရမ်လောက် လိုအပ်ပါတယ်။  ဘေဘီလေးက တစ်နှစ်ကျော်ဆိုရင်တော့ သံဓာတ်ကို ၇ မီလီဂရမ်လောက် လိုအပ်မှာပါ။

    ဘေဘီလေးကို သံဓာတ် လိုအပ်ချက် ပြည့်မီစေဖို့ သံဓာတ်ဖြည့်စွက်ထားတဲ့ အစားအစာတွေကို ကျွေးပေးလို့ရသလို အသား နဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်လိုမျိုး သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ကျွေးပေးလို့ရပါတယ်။

    သံဓာတ်တွေ များနေတာလား…….

    ဘေဘီလေးတစ်ယောက် လိုအပ်မယ့် သံဓာတ်ပမာဏ

    ဘေဘီလေးတွေမှာ သံဓာတ်က လိုတာထက် ပိုများသွားတဲ့အခါ

    • သံဓာတ်ချို့တဲ့ရင် ခံစားရသလိုပဲ ခြေကုန်လက်ပမ်းကျတာမျိုး ခံစားရတာ
    • သရက်ရွက်ကြီးတာ
    • အဆစ်တွေနာတာ
    • ဝမ်းချုပ်တာ
    • နှလုံးခုန်မြန်တာ
    • အသားအရောင်ပြောင်းတာ
    • ဗိုက်အောင့်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    သံဓာတ်များနေတဲ့အခါ ဘာတွေ လုပ်ပေးရမလဲ……….

    ဘေဘီလေးမှာ သံဓာတ်များနေတဲ့အခါ မေမေတို့အနေနဲ့

  • သံဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ပါ။ မကျွေးပါနဲ့။
  • ဗီတာမင် C စားသုံးမှုကို ကန့်သတ်ပါ။ ဗီတာမင် C က သံဓာတ်စုပ်ယူမှုကို အားကောင်းစေနိုင်တာကြောင့် ဘေဘီလေးရဲ့ နေ့စဉ် စားသုံးမှုမှာ ဗီတာမင် C ကို လျှော့ချပေးပါ။
  • သံဓာတ်မပါတဲ့ အားဆေး တိုက်ပါ။
  • ကဲ ဘေဘီလေးမှာ သံဓာတ် ပိုလည်း မပို လိုလည်း မလိုစေဖို့ သေချာလေး ဂရုစိုက်ပေးလိုက်တော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement