backup og meta

ဘေဘီလေးနဲ့ ဖောလစ်အက်ဆစ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးနဲ့ ဖောလစ်အက်ဆစ်

    ကိုယ့်ရဲ့ ရင်သွေးလေးကို ဉာဏ်ကောင်းပြီး ကျန်းမာတဲ့ ကလေးလေးအဖြစ် ကြီးပြင်းစေချင်တယ်ဟုတ်။ ဒါဆိုရင်တော့ နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဖောလစ်အက်ဆစ် တိုက်ကျွေးတာပါ။ ကိုယ်ဝန်ဆောင်ချိန် နဲ့ နို့တိုက်နေချိန်မှာ မေမေကသောက်ပေးပြီး ဘေဘီလေးက အစားစစားနိုင်ပြီဆိုရင်တော့ အစားအစာထဲမှာ အာဟာရဓာတ်တစ်ခုအနေနဲ့ ပါဝင်သင့်ပါတယ်။

    ဖောလစ်အက်ဆစ် ဆိုတာက

    ဖောလစ်အက်ဆစ် ဆိုတာက ဖောလိတ်လို့ ခေါ်နေကြတဲ့ ဗီတာမင် B တစ်မျိုးပါ။ လက်တင်ဘာသာစကား folium ဆိုတာကနေ ဆင်းသက်လာတာပါ။ သဘာဝကနေရတဲ့ ဒြပ်ပေါင်းတစ်မျိုးပါ။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ လေ့လာမှုအရကတော့ ဖောလစ်အက်ဆစ်က သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိမှုအရကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ်နည်းတာက မွေးလာမယ့် ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ ဖြစ်စေနိုင်ပါတယ်။

    ဖောလစ်အက်ဆစ်က ရေမှာ ပျော်ဝင်လွယ်တဲ့ ဗီတာမင် B တစ်မျိုးပါ။ ဖောလိတ်က တစ်သျှူးတွေနဲ့ ဆဲလ်တွေ ကြီးထွားစေဖို့ ထောက်ပံ့ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ငယ်စဉ်အချိန်နဲ့ ဆယ်ကျော်သက်အရွယ်မှာ ဖောလိတ်ပြည့်ဝဖို့လိုပါတယ်။ ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အဓိကအခန်းကဏ္ဍကနေ ထောက်ပံ့ပေးနေတဲ့ ဇာတ်ကောင်လေးပေါ့။

    ကလေးအတွက် ဘာတွေလုပ်ပေးလဲ……….

    ကလေးရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေကျန်းမာစေဖို့၊ ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့ လုပ်ဆောင်ပေးပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်စေဖို့ အကောင်းဆုံးပံ့ပိုးပေးတာပါ။ မေမေ့ဗိုက်ထဲမှာရှိကတည်းက ဆဲလ်တွေကြီးထွားဖွံ့ဖြိုးစေဖို့ အကောင်းဆုံးကူညီပေးခဲ့သူလေးပေါ့။

    ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးရဲ့ အမြင်အာရုံနဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့အတွက်လည်း အကောင်းဆုံးထောက်ပံ့ပေးပါသေးတယ်။ ကိုယ့်ရဲ့ ရင်သွေးလေးကို ကျန်းမာစေဖို့အတွက်ရော ဉာဏ်ကောင်းစေဖို့အတွက်ပါ ဆောင်ထားသင့်တဲ့အရာလေးပေါ့။

    ဖောလစ်အက်ဆစ် ကို ဘာတွေကနေ အဓိကရနိုင်လဲ………

    ဖောလိတ်အက်ဆစ်က နေ့စဉ်စားသောက်နေကျ အစားအသောက်တွေထဲမှာ ပါလေ့ပါထရှိတဲ့ ဗီတာမင် တစ်မျိုးပါ။ ဒါကြောင့် ဘေဘီလေးကို ဖောလိတ်ကြွယ်ဝစေချင်တယ်ဆိုရင် ဖြည့်စွက်စာစားတဲ့ အရွယ်ကစပြီး

    • အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ (ကိုက်လန်၊ ကန်စွန်းရွက်ဆလတ်ရွက်စတဲ့ အသီးအရွက်တွေ)
    • ပဲအမျိုးမျိုး
    • လိမ္မော်သီး
    • ငှက်ပျောသီး
    • ဖရဲသီး
    • ဘယ်ရီသီးတွေ
    • ဖောလိတ်ဖြည့်စွက်ထားတဲ့ နို့
    • ဖောလိတ်ဖြည့်စွက်ထားတဲ့ ပေါင်မုန့်
    • ဖောလိတ်ဖြည့်စွက်ထားတဲ့ ကွေကာအုတ်
    • ဖောလိတ်ဖြည့်စွက်ထားတဲ့ ဆန် တို့ကို ကျွေးပေးနိုင်ပါတယ်။

    ဘေဘီလေးတွေ လိုအပ်တဲ့ ဖောလစ်အက်ဆစ်ပမာဏ

    ဘေဘီလေးတွေက အသက်အရွယ်ကိုလိုက်ပြီး ဖောလစ်အက်ဆစ် လိုအပ်တဲ့ ပမာဏလည်း ကွာခြားနိုင်ပါတယ်။

    ဘေဘီလေးက ၆ လအထိဆိုရင် တစ်နေ့တာမှာ ဖောလစ်အက်ဆစ်ပမာဏက ၆၅ mcg လိုအပ်မှာပါ။ ဒီလိုကနေမှာ ကလေးက ၇ လရောက်လာပြီဆိုရင် ၇လကနေ ၁၀နှစ်အထိဘေဘီလေးအနေနဲ့ တစ်နေ့တာမှာ ဖောလစ်အက်ဆစ်ပမာဏ ၁၅၀ mcg လိုအပ်မှာပါ။ ဘေဘီလေးကို ကျန်းမာဉာဏ်ကောင်းနေစေဖို့ဆိုရင် ဖောလိတ်ကြွယ်ဝတဲ့ အစားအစာတွေ ကျွေးပေးနိုင်သလို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဖောလစ်အက်ဆစ်ပါဝင်တဲ့ အားဆေးလည်း တိုက်ပေးနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement