backup og meta

နို့သောက်မယ်ဆို ဆိတ်နို့ကို ဘာ့ကြောင့် ရွေးချယ်သင့်တာလဲ ။ ။

နို့တွေအများကြီးရှိပါတယ်။ ဆိတ်နို့၊ နွားနို့၊ အုန်းနို့ ၊ ပိုးဟပ်နို့၊ ပဲနို့ စတာတွေပေါ့။ အဲဒီ အထဲမှာ နာမည်အကြီးဆုံးကတော့ နွားနို့ပေ့ါ။ သူ့နောက်မှာ လိုက်နေတာကတော့ ပဲနို့ပါ။ နို့ထဲမှာ ဒီနှစ်ခုကတော့ လူသိများပြီးသား နို့တွေပါ။ ဒါပေမယ့် နာမည်ကြီး နွားနို့နဲ့ ပဲနို့နေရာမှာ ဆိတ်နို့က အစားထိုးအနိုင်ယူတော့မယ် ဆိုရင် သင်အံ့သြသွားမလား။ ဆိတ်နို့ဟာ နွားနို့နဲ့ ပဲနို့ထက်ပိုကောင်းတယ်ဆိုပြီး ရှာဖွေတွေ့ရှိထားတာမကြာသေးပေမယ့် တဟုန်ထိုးဘာ့ကြောင့် နာမည်ကြီးလာတာလဲနဲ့ နို့သောက်မယ်ဆိုတိုင်း ဘာ့ကြောင့်ဆိတ်နို့ကို ဦးစားပေး ရွေးချယ်သင့်လဲဆိုတဲ့အကြောင်းလေးတွေ ဆက်ကြည့်လိုက်ရအောင် ။ ။

( ၁ ) ဆိတ်နို့ဟာ နို့သကြားဓါတ်မစုပ်ယူနိုင်တဲ့ ပြဿနာကို မဖြစ်စေပါဘူး။ ။

နို့သကြားဓါတ်မစုပ်ယူနိုင်တဲ့ ပြဿနာကိုဖြစ်စေတဲ့ Lactose ဟာ နွားနို့ထက်စာရင် ဆိတ်နို့မှာ ၁၀ ရာခိုင်နှုန်းလျော့ပြီး ပါဝင်တဲ့အတွက် ဆိတ်နို့ဟာ နို့သကြားဓါတ်မစုပ်ယူနိုင်တဲ့ ပြဿနာ ကြီးကြီးမားမားကို မဖြစ်စေပါဘူး။ ဒါေ့ကြာင့် lactose intolarence လို့ခေါ်တဲ့ နို့သကြားဓါတ်မစုပ်ယူနိုင်တဲ့ လူနာတွေအတွက် ဆိတ်နို့က ရွေးချယ်သောက်သင့်တဲ့နို့တစ်ခုပါ။

( ၂ ) ဆိတ်နို့ကို အစာခြေရတာပိုလွယ်ပါတယ်။

တစ်ခါတစ်လေ နွားနို့ အသောက်များပြီး ရင်ပြည့်ရင်ကယ် မအီမသာ အစာမကြေတာမျိုး ဖြစ်ဖူးကြမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ နွားနို့မှာပါဝင်တဲ့ အဆီပမာဏက များပြီး အစာခြေရတာ ခက်တဲ့အတွက်ကြောင့်ပါ။ ဆိတ်နို့မှာတော့ အဆီ globule သေးသေးလေးတွေပဲပါဝင်တာကြောင့် ဆိတ်နို့က ပိုပြီး အစာခြေရ လွယ်နေတာဖြစ်ပါတယ်။

( ၃ ) အရိုးတွေကို သန်မာစေပါတယ်။

နို့တို့ရဲ့ ထုံးစံအတိုင်း ဆိတ်နို့ဟာလည်း အရိုး တွေကို သန်မာစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် ဆိတ်နို့မှာ ကယ်လ်ဆီယမ်နဲ့ အရိုးအတွက်လိုအပ်တဲ့ ပရိုတင်း tryptophan( အမိုင်နိုအက်ဆစ်) ပါဝင်မှုက နွားနို့ထက်ပိုများတာကြောင့် အသက်ကြီးလာရင်ဖြစ်တဲ့ အရိုးပွရောဂါတွေနဲ့ သွားတွေကျန်းမာကြံ့ခိုင်ဖို့ကို သူကပိုပြီး တာဝန်ယူနိုင်မှာပါ။

( ၄ ) သတ္တုဓါတ်တွေ ပိုကြွယ်ဝတဲ့ နို့တစ်ခုပါ။

  • နွားနို့မှာ ကယ်လ်ဆီယမ် ၁၂၀ မီလီဂရမ်လောက်ပါရင် ဆိတ်နို့မှာ ကယ်လ်ဆီယမ် ၁၇၀ မီလီဂရမ်လောက်ပါပါတယ်။
  • Phosphorus သတ္တုဓါတ်က နွားနို့မှာ ၉၀ လောက်ပဲပါပေမယ့် ဆိတ်နို့မှာ ၁၂၀ မီလီဂရမ်လောက်ပါပါတယ်။

ဒါကြောင့် ဆိတ်နို့ဟာ အခြားနို့တွေထက် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပိုပြီးကြွယ်ဝတဲ့ နို့တစ်ခုပါ။

( ၅ ) ခုခံအားကို ကောင်းမွန်စေပါတယ်။

ဆိတ်နို့မှာ ပါဝင်တဲ့ selenium ဟာ ခုခံအားစနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်ခုပါ။ ဒီတော့ ဆိတ်နို့ဟာ ခုခံအားအတွက်လည်း အထောက်အကူပြုတဲ့ နို့တစ်ခုဆို မမှားပါဘူး။

( ၆ ) အူတွင် းရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။

ဆိတ်နို့ကို နွားနို့ထက် ပိုကောင်းအောင် လုပ်ပေးနေတဲ့ နောက်တစ်ချက်ကတော့ ဆိတ်နို့မှာ ပါဝင်တဲ့ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အင်ဇိုင်းတွေပါ။ ဆိတ်နို့မှာပါဝင်တဲ့ ထူးခြားတဲ့ အင်ဇိုင်းတစ်မျိုးက အူအတွင်းရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့အပြင် အနာကျက်ခြင်းကိုလည်း အားပေးပါတယ်။

( ၇ ) ေသွးတွင်းကိုလက်စရော မတက်စေပါဘူး။။

နွားနိ့သောက်ရင် အဆီတက်မှာ၊ သွေးတွင်းကိုလက်စရောများမှာကို စိတ်ပူနေရပေမယ့် ဆိတ်နို့မှာကျ medium-chain fatty acids တွေပဲ ပါဝင်တာကြောင့် ဆိတ်နို့သောက်ရင် ဝလာမှာ သွေးတွင်း ကိုလက်စရောများလာမှာတွေ မဖြစ်နိုင်တဲ့အပြင် သူ့မှာပါတဲ့ကောင်းတဲ့အဆီတွေက သွေးတွင်း ကိုလက်စရောကိုတောင် လျှော့ချပေးဦးမှာပါ ။

ကဲ ဒီလောက်တောင် ကောင်းတဲ့ ဆိတ်နို့ကို မသောက်ဘဲ အခြားနို့တွေကို ဘာ့ကြောင့် ခေါင်းရှုပ်ခံပြီး ရွေးနေဦးမှာလဲ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://food.ndtv.com/health/benefits-of-goat-milk-time-to-switch-over-1703888

Accessed Date 18.6.2019

http://home.bt.com/lifestyle/health/healthy-eating/goats-milk-health-benefits-reasons-to-switch-11364198609147

Accessed Date 18.6.2019

https://www.motherearthnews.com/homesteading-and-livestock/4-reasons-to-drink-goats-milk-zbcz1601

Accessed Date 18.6.2019

ယခုပုံစံ

21/06/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရိုးတွေ သန်မာချင်သလား၊ ဒါတွေစားပေးပါ

ပဲနို့ဆိုတာ သောက်တိုင်းကောင်းတဲ့ အရာတစ်ခုလား။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement