သွေးတွင်းအဆီဓာတ်များတာဟာ ကလေးမှာလည်းဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ဒီရောဂါမျိုးကို လူကြီးတွေဆီမှာ ဖြစ်တာပဲ ကြားဖူးကြတော့ ကလေးတွေလည်းဖြစ်နိုင်တယ်ဆိုတာ သိပ်မသိကြပါဘူး။ သွေးတွင်းအဆီဓာတ်( cholesterol) များတာဟာ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။
ထွက်မှာ သေချာပြီလား။
သွေးတွင်းအဆီဓာတ်များတာဟာ ကလေးမှာလည်းဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ဒီရောဂါမျိုးကို လူကြီးတွေဆီမှာ ဖြစ်တာပဲ ကြားဖူးကြတော့ ကလေးတွေလည်းဖြစ်နိုင်တယ်ဆိုတာ သိပ်မသိကြပါဘူး။ သွေးတွင်းအဆီဓာတ်( cholesterol) များတာဟာ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။
သွေးစစ်ပြီး သွေးတွင်းအဆီဓာတ်ကို ဓာတ်ခွဲစစ်ကြည့်ရင် အောက်မှာပြထားတဲ့ ပမာဏ အတွင်းထဲမှာသာ ရှိသင့်ပါတယ်။ ကလေးတစ်ယောက်မှာရှိသင့်တဲ့ အဆီဓာတ်ပမာဏတွေကတော့
ကလေးတွေမှာ သွေးတွင်း အဆီဓာတ်များတာဟာ အဓိက အကြောင်းအရင်း ၃ ခုကြောင့်ဖြစ်ရတာပါ။
၁ ။ အဆီများတဲ့ အစားအသောက်တွေ – အဆီများတဲ့ အစားအစာတွေ အထူးသဖြင့် ပြည့်ဝဆီ ( saturated fat) ပါတဲ့ အစားအစာတွေကြောင့် ကလေးတွေရဲ့ သွေးတွင်း အဆီဓာတ်များလာနိုင်ပါတယ်။ ကလေးကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အဆီဓာတ်( cholesterol) ကို အသည်းက အဓိကထုတ်ပေးပါတယ်။ ပြည့်ဝဆီ ( saturated fat) ပါတဲ့ အစားအသောက်တွေ ကလေးများများစားမိရင်တော့ အစားအစားတွေကပါတဲ့ ကိုလက်စရော အပြင် အသည်းကလည်း ကိုလက်စရောတွေကို များများထုတ်ပေးလို့ ကလေးတွေမှာ သွေးတွင်း ကိုလက်စရောများတာတွေ ဖြစ်လာပါတော့တယ်။ ကိုလက်စရော များတဲ့ အစားအသောက်တွေကတော့
၂ ။ အဝလွန်တာ- အဝလွန်တာနဲ့ သွေးတွင်း ကိုလက်စရောများတာ ဟာ တိုက်ရိုက်ဆက်စပ်နေတဲ့ အရာတစ်ခုပါ။ ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ အစားသောင်းကျန်းတဲ့ ကလေးတွေ ပိုဖြစ်နိုင်ပါတယ်။
၃။ မျိုးရိုးလိုက်တာ – သွေးတွင်း ကိုလက်စရောများတာဟာ မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်ခုပါ။ သွေးတွင်းကိုလက်စရောများတဲ့ မိဘမျိုးရိုးရှိတဲ့ ကလေးဟာ ငယ်ငယ်တည်းက သွေးတွင်းကိုလက်စရောများတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။
သွေးတွင်းမှာ ကိုလက်စရော ပမာဏများလာရင် ဖြစ်လာတဲ့ အဆီပြင်လေးတွေဟာ သွေးကြောနံရံမှာ အနည်ကျပြီး ကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေကို ကျဉ်းစေပါတယ်။ သွေးကြောကျဉ်းသွားတဲ့ အတွက် ကိုယ်တွင်း အစိတ်အပိုင်းတွေဟာ လုံလောက်တဲ့ အောက်ဆီဂျင်တွေ မရကြတော့ဘဲ ရောဂါတွေ စဖြစ်လာပါတော့တယ်။ သွေးတွင်း ကိုလက်စရောများတာနဲ့ အများဆုံး ဆက်စပ်နေတာကတော့ နှလုံးရောဂါပါ။
သွေးတွင်း ကိုလက်စရောများတာဟာ ဒီအတိုင်းဆို ဘာလက္ခဏာမှ မပြတဲ့ အတွက် မသိနိုင်ပါဘူး။ ဓာတ်ခွဲခန်းမှာ သွေးစစ်ကြည့်မှများနေမှန်းသိရတာပါ။
ကလေးကို ပုံမှန်စစစ်ပေးသင့်တဲ့အရွယ်တွေကတော့ ကလေးအသက် ၉နှစ်နဲ့ ၁၁ နှစ်ကြား မှာဆို သွေးတွင်းကိုလက်စရောတစ်ကြိမ်လောက်တော့ စစ်သင့်ပြီး ကလေးအသက် ၁၇ နှစ်နဲ့ ၂၁ နှစ်ကြား မှာ နောက်တစ်ခေါက် ထပ်စစ်ကြည့်သင့်ပါတယ်။
သွေးတွင်း ကိုလက်စရောများတာဟာ လူကြီးတွေမှာပဲ ဖြစ်တတ်တာ မဟုတ်ပါဘူး။ ကလေးတွေမှာလည်း ဖြစ်နိုင်တဲ့အတွက် မိဘတွေ အနေနဲ့ သတိထားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။ ကလေးတွေက ဝဝကစ်ကစ်ဆို ပိုချစ်စရာကောင်းတယ်ဆိုပြီး ကလေးကို တအားဝအောင်လည်း မလုပ်လိုက်ပါနဲ့။ တစ်ခါတစ်လေကျ ချစ်တာကနေ နှစ်တာဖြစ်သွားတတ်ပါတယ်။ ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။