အခုရက်ပိုင်း ကြော်ငြာတွေ မှာ probiotics အကြောင်းတွေ ပြောပြီးကြော်ငြာလာကြတော့ လူတော်တော်များများ ကတော့ probioticsကောင်းမှန်းတော့ သတိထားလာမိကြပါတယ်။ ဒါပေမယ့် ဘယ်လို ဘယ်ပုံ ကျန်းမာရေး အတွက် အကျိုးရှိနိုင်သလဲ ဆိုတာကို အသေးစိတ် ဖော်ပြပေးချင်ပါတယ်။
ထွက်မှာ သေချာပြီလား။
အခုရက်ပိုင်း ကြော်ငြာတွေ မှာ probiotics အကြောင်းတွေ ပြောပြီးကြော်ငြာလာကြတော့ လူတော်တော်များများ ကတော့ probioticsကောင်းမှန်းတော့ သတိထားလာမိကြပါတယ်။ ဒါပေမယ့် ဘယ်လို ဘယ်ပုံ ကျန်းမာရေး အတွက် အကျိုးရှိနိုင်သလဲ ဆိုတာကို အသေးစိတ် ဖော်ပြပေးချင်ပါတယ်။
တကယ်တော့ probioticsဆိုတာ အသက်ရှိသေးတဲ့ ဘက်တီးရီယားတွေပါပဲ။ ဘက်တီးရီးယားလို့ပြောတော့ ကျွန်တော်တို့ စိတ်ထဲ ဝင်လာတာကတော့ လူကို ဒုက္ခပေးစေတတ်တယ် ဆိုတာပါပဲ။ တကယ်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ မမြင်ရတဲ့ ပိုးမွှား သန်းပေါင်း များစွာရှိနေပါတယ်။ အကုန်လုံးက ဒုက္ခမဖြစ်စေပါဘူး။ တချို့ က ဒုက္ခပေးတာ ရှိသလို၊ တချို့ကျပြန်တော့လည်း လူ့ ခန္ဓာကိုယ် ကို ကောင်းကျိုးပေးနိုင်ပါတယ်။ probiotics ဆိုတာ ကောင်းကျိုးပေးတဲ့ bacteria နှင့် yeast တို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အူလမ်းကြောင်း တလျှောက်မှာ ပိုးမွှားမျိုးစုံ က နေရာအပြည့် ယူထားကြပါတယ်။ ကောင်းတဲ့ ဘက်တီးရီးယားတွေ ပါသလို၊ မကောင်းတဲ့ လူကို ဒုက္ခပေးနိုင်တဲ့ ပိုးမွှားတွေကလည်း နေရာ ယူထားကြပါတယ်။
အလွယ်ပြောရရင် ကျွန်တော်တို့ ဝမ်းဗိုက်သက်သောင့်သက်သာဖြစ်စေဖို့ အတွက်က ကောင်းတဲ့ဘက်တီးရီးယားတွေ နေရာပိုယူထားပေးဖို့ လိုပါတယ်။
ဥပမာ – ကျွန်တော်တို့ နေထိုင်မကောင်းလို့ပဲ ဖြစ်ဖြစ်၊ ချောင်းဆိုးလို့ပဲ ဖြစ်ဖြစ် ပိုးသတ်ဆေး Antibiotics တွေ သောက်လိုက်တော့ မကောင်းတဲ့ ပိုးမွှားတွေ နှင့် အတူ probiotics တွေပါ ရောပြီး သေသွားတတ်ပါတယ်။ နောက်ဆက်တွဲ ဘာဖြစ်တတ်လဲ ဆိုတော့ တချို့သော ပိုးသတ်ဆေးတွေ သောက်ရင် ဝမ်းလျှောတတ်ပါတယ်။ ဝမ်းလျှောတတ်တယ် ဆိုပြီး ဒီပိုးသတ်ဆေးတွေ မသောက်လို့ကလည်း မဖြစ်၊ သောက်တော့ သောက်ရမှာပါပဲ။
ဒါပေမယ့် ဘာလုပ်သင့်လဲ ဆိုတော့ ပိုးသတ်ဆေး သောက်နေတဲ့ ကာလ အတွင်းမှာ သန့်ရှင်းတဲ့ ဒိန်ချဉ်တစ်ခွက်လောက် ပြန်သောက် ပေးလိုက်တာက ဆုံးရှုံးသွားတဲ့ probioticsတွေ ကို ပြန်လည် ဖြည့်တင်းပေးပါတယ်။ တချို့က လန့်ကြပါတယ်။ ဝမ်းလျှောနေတာ ဒိန်ချဉ်ကျွေးရင် ပိုဝမ်းလျှော ကုန်မှာပေါ့ဆိုပြီး။ တကယ်တော့ သန့်ရှင်း လတ်ဆတ်တဲ့ ဒိန်ချဉ်ကတော့ ဝမ်းလျှောတာ ကို သက်သာစေနိုင်ပါတယ်။
အခုနောက်ပိုင်း လေ့လာချက် အချို့ မှာတော့ probioticsတွေက
အခု ကျွန်တော်ပြောထားတာတွေကတော့ ကောင်းကျိုးတွေ ချည်းပါပဲ။ ဒါပေမယ့် တချို့ တချို့သော သူတွေ မှာ ဆိုရင် probiotics နဲ့ မတည့်တာတွေ ရှိတတ်ပါတယ်။ ဥပမာ- ဗိုက်အောင့် ခြင်း၊ လေပွခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အဲ့လို ဖြစ်ရင်တော့သက်ဆိုင်ရာ ဆရာဝန်နှင့်ပြပြီး ဘယ်လိုမျိုး စားသောက်ရမလဲ ကို အသေးစိတ် တိုင်ပင်သင့်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။