အခုနောက်ပိုင်း အောင်မဲညို ပန်းခြောက်လေးတွေ ဈေးကွက်မှာ ခေတ်စားလာတယ်နော်။ ပန်းခြောက်လေးတွေကို ရေနွေးကြမ်းထဲခတ်သောက်တာ၊ ဆိုင်တွေမှာ အရောင်လှတဲ့အချိုရည်၊ကော့တေးတွေအထိ အသုံးပြုလာကြပြီ။ မုန့်လုပ်တဲ့ထဲ လည်း ထည့်သွင်းလာကြပြီ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
အခုနောက်ပိုင်း အောင်မဲညို ပန်းခြောက်လေးတွေ ဈေးကွက်မှာ ခေတ်စားလာတယ်နော်။ ပန်းခြောက်လေးတွေကို ရေနွေးကြမ်းထဲခတ်သောက်တာ၊ ဆိုင်တွေမှာ အရောင်လှတဲ့အချိုရည်၊ကော့တေးတွေအထိ အသုံးပြုလာကြပြီ။ မုန့်လုပ်တဲ့ထဲ လည်း ထည့်သွင်းလာကြပြီ။
ဒီတော့ အောင်မဲညိုပန်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအပေါ် သိပ္ပံပညာအရ ဘယ်လို လေ့လာတွေ့ရှိထားလဲ ဖတ်ကြည့်လိုက်ရအောင်။
Proanthocyanidin လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်လို့ မျက်စိကိုသွေးလည်ပတ်မှုကောင်းစေပြီး အမြင်အာရုံပိုကောင်းစေပါတယ်။ မျက်စိကြည့်မကောင်းတာ၊ မှုန်တာ၊ မျက်စိညောင်းတာ၊မြင်လွှာထိခိုက်တာတို့အတွက်လည်း ကုသနိုင်စွမ်းရှိပါတယ်။
အောင်မဲညိုပန်းမှာbioflavonoids ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ ဆံပင်ဖြူခြင်းကိုကာကွယ်ပေးပြီး ဆံပင်သန်စေနိုင်ပါတယ်။ ဆံပင်ပါး၊ ဆံပင်ကျွတ်တဲ့သူတွေအောင်မဲညိုရေနွေးကြမ်းသောက်ကြည့်နော်။
အောင်မဲညို ပန်းမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကcollagen နဲ့elastinဟော်မုန်းချက်လုပ်မှုကို နှိုးဆွပေးပါတယ်။ ဒါ့ကြောင့် အသားအရေနုပျိုစေပြီး အရေးအကြောင်းဖြစ်ခြင်းလို ရင့်ရော်မှုပြဿနာတွေကိုလျော့ပါးစေပါတယ်။
အောင်မဲညိုပန်းရဲ့ဆေးဖက်ဝင်အာနိသင်တွေထဲမှာ အမျိုးသမီးတွေ ရာသီသွေးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အချက်လည်း ပါဝင်ပါတယ်။ ဓမ္မတာနဲ့ပတ်သက်တဲ့ပြဿနာတွေရှိတဲ့ အမျိုးသမီးတွေအတွက်ကုသမှုရလဒ်ကောင်းစေနိုင်ပါတယ်။
အောင်မဲညို ပန်းက ဦးနှောက်ဉာဏ်ရည်လုပ်ဆောင်ချက်တွေကိုမြှင့်တင်ပေးနိုင်တဲ့အပြင် မှတ်ဉာဏ်ကိုလည်းကောင်းစေပါတယ်။
ဆီးနဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာရှိသူတွေအတွက် ဆီးရွှင်ဆေးတစ်မျိုးပါပဲ။သွေးတိုးကိုလည်း ကျစေတဲ့အာနိသင်ရှိပါတယ်။
အောင်မဲညိုပန်းက နာကျင်ကိုက်ခဲမှုတွေနဲ့ရောင်ရမ်းမှုတွေကိုသက်သာစေနိုင်ပါတယ်။
တချို့နိုင်ငံတွေမှာ အအေးမိ၊ချောင်းဆိုး၊ ပန်းနာရင်ကျပ်တို့အတွက် ကုသရာမှာ အသုံးပြုကြတယ်လို့ သိရပါတယ်။ သူ့ရဲ့အာနိသင်က ချွဲပျော်စေပြီး လည်ချောင်းယားတာတွေသက်သာစေတယ်။
ပင်ပန်းကျပ်တည်းနေတဲ့စိတ်၊ ပူပန်မှုတွေဖိစီးနေတဲ့စိတ်၊ ကျဆင်းနေတဲ့စိတ် တို့ကိုအောင်မဲညိုပန်းက ကုသပေးနိင်ပါတယ်။ပန်းမှာပါဝင်တဲ့flavonoids ဓါတ်တွေကြောင့် စိတ်ကျရောဂါရှိနေသူတွေကို ကုသရာမှာ အသုံးပြုတာဖြစ်ပါတယ်။
ပုံမှန်ဆို အောင်မဲညိုပန်းကို ရေနွေးထဲခတ်ထည့်၊ သံပရာသီးနည်းနည်းညှစ်ထည့်ရတာဖြစ်ပေမယ့် အစာအိမ်ရောဂါ သို့မဟုတ် အစာအိမ်အနာရှိရင်တော့ သံပရာသီးမထည့်ဘဲသောက်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။