စွမ်းအားမြှင့်တင်ပေးသော အစားအသောက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 16, 2020 . 2 mins read
Share now

လူတွေကအများသောအားဖြင့်သူတို့ရဲ့ကုန်ဆုံးသွားတဲ့စွမ်းအင်ကိုပြန်ဖြည့်ဖို့ကော်ဖီတစ်ခွက်ဒါမှမဟုတ်သကြားလုံးတွေကိုစားကြပါတယ်။ ဒီနည်းလမ်းတွေကထိရောက်ပေမယ့်အချိန်တိုပဲဖြစ်ပါတယ်။ သင့်အနေနဲ့နောက်ပိုင်းမှာစွမ်းအင်ကုန်ခန်းမှာအသေအချာပါဘဲ။ ဒါကိုရှောင်ဖို့အတွက်သင့်အနေနဲ့ပရိုတိန်း၊အမျှင်ဓါတ်နဲ့ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကိုစားသင့်ပါတယ်။ ဒါတွေကသာစွမ်းအင်ကိုကြာကြာထိန်းထားနိုင်မှာပါ။ အောက်မှာပေးထားတဲ့အချက်တွေကိုစမ်းကြည့်ရအောင်။

အစေ့အဆံများ

ကာဘိုဟိုက်ဒရိတ်တွေကသင့်ရဲ့ကိုယ်အတွက် လောင်စာဆီလို့တင်စားလို့ရပါတယ်။ အစားအစာတိုင်းမှာမတူညီတဲ့ကာဘိုဟိုက်ဒရိတ်တွေပါဝင်ပါတယ်။ ပေါင်မုန့်ဖြူနဲ့အစေ့အဆံအစာအစာတွေဥပမာ – အုတ်ဂျုံမှုန့်နဲ့အစေ့အဆံပေါင်မုန့်တို့ကိုစားခြင်းကသင့်ကိုယ်အတွက်ချက်ချင်းလုံလောက်တဲ့စွမ်းအင်ရစေမှာပါ။

လေ့လာသူတွေက quinoa လို့ခေါ်တဲ့စွမ်းအားမြင့်အစေ့အဆံတစ်မျိုးကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီ quinoa မှာအမျှင်ဓါတ်အများအပြားပါဝင်တဲ့အပြင်ဗီတာမင်ဘီနဲ့ပရိုတိန်းလေးအမြောက်အမြားလည်းပါဝင်ပါတယ်။ သူ့ကိုဆန်လိုဘဲလွယ်ကူစွာချက်ပြုတ်နိုင်ပြီးပျားရည်တွေ၊တခြားအဆံတွေ၊ဘယ်ရီသီးတွေနဲ့လည်းရောပြီးအရသာရှိတဲ့မနက်စာရရှိနိုင်ပါတယ်။

အယ်လ်မွန်စေ့များ

အယ်လ်မွန်စေ့တွေကအဆာပြေစားဖို့အကောင်းဆုံးရွေးချယ်မှုတွေပါ။ သူတို့ကသင့်ရဲ့ကိုယ်ကိုစွမ်းအင်ပေးရုံသာမကသူတို့မှာမဂ္ဂနီဆီယမ် နဲ့ဗီတာမင်ဘီလိုမျိုးအာဟာရဓါတ်တွေလည်းပါဝင်ပါသေးတယ်။ မဂ္ဂနီဆီယမ်က လူကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်တွေကိုထိန်းညှိပေးပြီးဗီတာမင်ဘီကတော့ပင်ပန်းနွမ်းနယ်ခြင်းနဲ့အာရုံမစူးစိုက်နိုင်ခြင်းကိုကာကွယ်ပေးပါတယ်။ တစ်ခါစားရင်၂၈ဂရမ်ဒါမှမဟုတ်၂၃ စေ့စားပေးခြင်းကသင့်ရဲ့ကိုယ်ခန္ဓါကိုလန်းဆန်းစေဖို့လုံလောက်ပါတယ်။

ပြောင်းဖူးပေါက်ပေါက်

ပြောင်းဖူးပေါက်ပေါက်ကသင်ထောပတ်၊ဆားတွေနဲ့ရောမစားသရွေ့သင့်ရဲ့စွမ်းအင်ကိုမြှင့်တင်ပေးဖို့အကောင်းဆုံးဆုံးဖြတ်ချက်ပါ။ အကြောင်းက ပြောင်းဖူးဆိုတာလည်းအစေ့အဆံတစ်မျိုးပါ။ သူကအမျှင်ဓါတ်ကြွယ်ဝတဲ့အပြင်စားရလည်းလွယ်ပါတယ်။ ပြောင်းဖူးပေါက်ပေါက်တွေကတခြားမုန့်တွေအာလူးကြော်တွေထက်အဆာပြေစေမှာပါ။ မှတ်သားထားရမှာတစ်ခုကရုပ်ရှင်ရုံမှာရတဲ့ ထောပတ်ပြောင်းဖူးပေါက်ပေါက်တွေထက်ကိုအဆီပါဝင်မှုနည်းတဲ့ ပြောင်းဖူးပေါက်ပေါက်တွေကိုပဲတခြားဟင်းခတ်တွေအဆာပလာတွေနဲ့စားပါ။

လတ်ဆတ်တဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ

သင့်ရဲ့ခန္ဓါကိုယ်ကိုစွမ်းအင်ပြည့်နေစေဖို့က ရေတွေသောက်ရမယ့်အပြင်လတ်ဆတ်တဲ့သစ်သီးနဲ့အရွက်တွေစားပြီး ရေဓါတ်ထိန်းထားဖို့လည်းလိုပါတယ်။

သစ်သီးတွေကကာဘိုဟိုက်ဒရိတ်သာမကဗီတာမင်အေနဲ့ စီကိုပါ ထောက်ပံ့ပေးပါတယ်။ သင်အချိုစားချင်တဲ့အခါသစ်သီးစားခြင်းကသင့်ကိုကျန်းမာစေပါတယ်။ အရွယ်ရောက်သူတစ်ယောက်အနေနဲ့တစ်နေ့ကိုသစ်သီးဖျော်ရည်နှစ်ခွက်နဲ့တစ်ဝက်သောက်ပေးသင့်တယ်လို့အမေရိကန် သုတေသနတစ်ခုက ဆိုပါတယ်။။ ဒါ့အပြင်သင့်အစားအစာထဲကိုအသီးနဲ့ဟင်းရွက်တွေထည့်စားတဲ့အကျင့်ကိုလုပ်ပါ။

ငါးနှင့် အခွံမာရေသတ္တဝါများ

အာဟာရကျွမ်းကျင်သူတွေကကျွန်တော်တို့အနေနဲ့တစ်ပတ်ကိုငါးနဲ့အခွံမာကောင်နှစ်ကြိမ်စားဖို့တိုက်တွန်းပါတယ်။ ငါးတွေကချက်ဖို့လွယ်တဲ့အပြင်အရသာရှိပါတယ်။ ပင်လယ်စာတွေကသံဓါတ်ပေါများပါတယ်။ သံဓါတ်တွေကလူကိုယ်အနှ့အောက်ဆီဂျင်တွေသယ်ပို့ရာမှာကူညီပါတယ်။ဥပမာကမာကောင်နဲ့ဂုံးကောင်တစ်ပန်းကန်စားခြင်းကသင့်တစ်နေ့သံဓါတ်လိုအပ်မှုရဲ့၃၀ကနေ၅၀ရာခိုင်နှုန်းကိုရစေပါတယ်။ ဒါ့အပြင်ဆယ်လမွန်ငါးမှာပါတဲ့ပရိုတိန်းနဲ့အိုမီဂါ သရီးဖက်တီးအက်ဆစ် တွေကနှလုံးကျန်းမာရေးကိုအထောက်အကူပြုပါတယ်။

သင့်ရဲ့စားသောက်မှုပုံစံကသင့်ဇီဝကမ္မဖြစ်စဉ်တွေနဲ့ဦးနှောက်လုပ်ငန်းစဉ်တွေကိုပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့စွမ်းအင်နဲ့စိတ်ခံစားမှုအပေါ်လည်းသက်ရောက်မှုရှိပါတယ်။“တစ်နေ့ပန်းသီးတစ်လုံးစားခြင်းကဆရာဝန်ကိုအဝေးရောက်စေတယ်” ဆိုတဲ့ဆိုရိုးကအလကားပြောထားတာတော့မဟုတ်ပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဝက်ခြံဖြစ်လွယ်သူတွေအတွက် အသားအရေကို အထိရောက်ဆုံး ထိန်းပေးနိုင်မယ့် သဘာဝပစ္စည်းလေးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့...........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ခါးနာခြင်း

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုတဝိုက်အရေပြားက ခန္ဓာကိုယ်မှာအစကတည်းက စိုထိုင်းစများတဲ့နေရာဖြစ်တဲ့အတွက် အရေပြားပေါ်မှာအစိုဓာတ်အောင်းပြီး မှိုတွေပေါက်ပွားလာနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အစားအသောက်တွေကနေ သင့်ဆီကို ဘာရောဂါပိုးတွေ ရောက်လာနိုင်သလဲ။

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 4 mins read
ကလေးထိန်းပြီး ဝိတ်ချမလား

ကလေးထိန်း ပြီး ဝိတ်ချမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read