အဝလွန်တဲ့သူတော်တော်များများရဲ့ အိပ်မက်ကတော့ ပိန်ချင်ကြတာပါပဲ။ ဒီလိုပိန်ဖို့အတွက် အစားတွေကို ဆင်ခြင်ရတယ်။ နေ့စဉ် အစာအာဟာရကို သေချာဂရုစိုက်ပြီး မျှတစွာစားသုံးကြရပါတယ်။ လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ရတယ်။ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ နေထိုင်မှုပုံစံ အကုန်လုံးကို ပြင်ရပါတယ်။ အစပိုင်းမှာတော့ အားတက်သရောနဲ့ ကြိုးစားပမ်းစား လုပ်တတ်ကြပေမယ့် နောက်ပိုင်းမှာ အဖျားရှူးသွားတတ်တာ၊ ပင်ပန်းပြီး ရိုးသွားတာ၊ တွန်းအားမရှိတော့သလို ဖြစ်ပြီး ကိုယ်လုပ်နေသမျှ အကုန်လုံးကို ရပ်လိုက်ကြတော့တာပါပဲ။ အဲ့တော့ ဘာဖြစ်မလဲ၊ ပင်ပန်းခဲ့သမျှ အချိန်တွေ၊ ခွန်အားတွေ အလဟဿဖြစ်ပြီး ကိုယ်စခဲ့ရတဲ့ ပုံစံအတိုင်း ပြန်ဖြစ်သွားမှာပေါ့။