ကလေးများအဝလွန်ခြင်းနှင့် ဖန်သားပြင်ကြည့်ရှုနှုန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ဖန်သားပြင် (တီဗီ၊ ဖုန်းစသဖြင့်)ကို ကြည့်ရှုတဲ့ အချိန်အပိုင်းအခြားဟာ ကလေးတွေ အဝလွန်ရတဲ့ အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ယူဆကြပါတယ်။ လေ့လာမှုတွေကလည်း ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ ကယ်လိုရီတွေကို ဖြတ်တောက်ခြင်းထက် ဖန်သားပြင်တွေကို ပေးမကြည့်တော့တာက ပိုပြီးထိရာက်မှုရှိတယ်လို့ ဆိုပါတယ်။

တီဗီကြည့်ခြင်းနဲ့ ကွန်ပျူတာတွေကြည့်ရှုမှုကို လျှော့ချလိုက်ခြင်းဟာ အဝလွန်ခြင်းကို ကာကွယ်တဲ့နေရာမှာနဲ့ ကလေးငယ်တွေရဲ့ BMI ကို လျှော့ချတဲ့နေရာတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍအနေနဲ့ ပါဝင်ပါတယ်။ ဒီပြောင်းလဲမှုတွေဟာ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေအပေါ် ပြောင်းလဲမှုတွေထက် စွမ်းအင်ရယူမှု ပြောင်းလဲခြင်းအပေါ် ပိုပြီးအကျိုးသက်ရောက်ပါတယ်။ TVလျှော့ကြည့်ခြင်းဟာ ကိုယ်လက်လှုပ်ရှားမှုတွေကို သေချာပေါက်ပိုလုပ်လာလိမ့်မယ်လို့ မဆိုလိုပါဘူး။

ကလေးတွေကို ကိုယ်လက်လှုပ်ရှားမှုပိုပြီးလုပ်စေချင်တယ်ဆိုရင်တော့ ဒီလို လှုပ်ရှားမှုတွေဟာ TV တွေ၊ ကွန်ပျူတာကြည့်နေတာတွေလိုပဲ စိတ်ဝင်စားစရာအရမ်းကောင်းတယ်ဆိုတာမျိုးကို မိဘတွေက ပြသနိုင်ခဲ့ရင် ပိုပြီးအောင်မြင်နိုင်ပါတယ်။

ဖန်သားပြင်ကြည့်တဲ့အချိန်ကို သတ်မှတ်ခြင်း

ကလေးတွေရဲ့ ပတ်ဝန်းကျင်နဲ့ လက်တွေ့ဘဝမှာ စည်းကမ်းချက်တွေ သတ်မှတ်ထားရသလိုပါပဲ။ ဆိုလိုတာက ကလေးတွေနဲ့ ကစားတာ၊ ကြင်နာတတ်ဖို့သင်ပေးတာ၊ ရင်းရင်းနှီးနှီးဆက်ဆံတာနဲ့ သင့်ကလေးရဲ့ သူငယ်ချင်းတွေအားလုံးကိုသိပြီး သူတို့တွေနဲ့ သင့်ကလေး ဘာတွေလုပ်ကြသလဲဆိုတာကို သိအောင်လုပ်ထားဖို့ပါ။ ကျွမ်းကျင်ပညာရှင်တွေကတော့ ကလေးတွေရဲ့ ပတ်ဝန်းကျင်ကို လေ့လာထိတွေ့နေဖို့က ဒီအတွက်ပေးလိုက်ရတဲ့အချိန်တွေထက် ပိုပြီးအရေးကြီးတယ်လို့ဆိုပါတယ်။

ပိုကြီးတဲ့ကလေးတွေအတွက် ဖန်သားပြင်ကြည့်ရှုတဲ့ အချိန်ကို ပြန်လည်ကန့်သတ်ပါ။

ကလေးရဲ့ TV ကြည့်ချိန်အတွက်သင့်လျော်တဲ့ ကန့်သတ်ချက်တွေထားပါ။ အထူးသဖြင့် ကလေးတွေ ဖန်သားပြင်ကြည့်ရှုခြင်းဟာ အခြားသော လှုပ်ရှားမှုတွေ၊ ကစားခြင်းတွေကို အနှောက်အယှက်ဖြစ်စေတယ်ဆိုရင်ပေါ့။ အောက်ပါအချက်တွေကို ထည့်စဉ်းစားကြည့်ပါ။

– ဖန်သားပြင်တွေမပါတဲ့ ငြိမ်နေတာမျိုးမဟုတ်တဲ့ ကစားနည်းတွေကို အရင်ကစားမယ့်အချိန်တစ်ခုပေးပါ။

– နည်းပညာကင်းမဲ့ဇုန် ဒါမှမဟုတ် ခေတ်မီပစ္စည်းတွေမရှိတဲ့အချိန်တစ်ခုကိုဖန်တီးပါ။ ဥပမာ – ထမင်းစားချိန်တွေ ဒါမှမဟုတ် တစ်ပတ်မှာ တစ်ညလောက်ပေါ့။

– အိမ်စာတွေလုပ်နေချိန်မှာ မီဒီယာဖျော်ဖြေရေးတွေ သုံးနေတာကို ကန့်သတ်ပါ။

– နေ့စဉ် ဒါမှမဟုတ် အပတ်စဉ် ဖန်သားပြင်ကြည့်ရှုတဲ့ ကန့်သတ်ချက်တွေကို ပြုပြင်ပြောင်းလဲပါ။ ဥပမာ – အိပ်ရာမဝင်ခင် တစ်နာရီအတွင်း ဒီပစ္စည်းတွေကို မထိခိုင်းနဲ့ ဆိုတာမျိုးပေါ့။

– ကလေးတစ်ယောက်က ဒီလို ပစ္စည်းတွေကို အချိန်ဘယ်လောက်ကြာကြာအသုံးပြုနိုင်သလဲဆိုတာ ထောက်လှမ်းစောင့်ကြည့်ပေးနိုင်မယ့် App မျိုးကို သုံးဖို့ ကြိုးစားပါ။

– ကလေးတွေရဲ့ ပစ္စည်းတွေကို သူတို့အိပ်တဲ့အချိန်မှာတော့ အိပ်ခန်းအပြင်မှာပဲ အားသွင်းဖို့ ပြောပါ။

– ဒီလိုပစ္စည်းတွေကို ကလေးတွေရဲ့ အိပ်ခန်းထဲမှာ မထားပါနဲ့။

– သင်ကိုယ်တိုင်ရဲ့ ဖန်သားပြင်ကြည့်ရှုနှုန်းတွေကိုပါ ကန့်သတ်ထားပါ။

– နောက်ခံTV (Background TV)ကို ဖယ်ရှားပစ်ပါ။

ဖန်သားပြင်ရဲ့ အရည်အသွေး (Quality) ကိုစစ်ဆေးပါ။

Apps တွေ အွန်လိုင်းဂိမ်းတွေဒါမှမဟုတ် ပရိုဂရမ် (TV အစီအစဉ်)တွေ အားလုံးဟာ ကလေးတွေအတွက် သင့်လျော်နေတာမဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေကိုစိစစ်ဖို့အတွက် ဒီအချက်တွေကို လိုက်နာကြည့်ပါ။

– ကလေးတွေ ကြည့်မယ့် အစီအစဉ်တွေ၊ ဂိမ်းတွေနဲ့ Apps တွေကို သူတို့တွေ မကြည့်ရ၊ မကစားရသေးခင် သင်အရင်ကြည့်ပါ။

– ဖိတွန်းလိုက်ရွှေ့လိုက်ဖို့သာလိုအပ်တာမျိုးမဟုတ်ဘဲ ကလေးတွေ မျက်စိမလွှဲနိုင်အောင် ဆွဲဆောင်ထားတာမျိုးတွေ ပါမပါရှာဖွေပါ။

– မိဘအုပ်ထိန်းမှု၊ ထိန်းချုပ်မှုဆိုတာမျိုးကို အကာအကွယ်ယူပြီး အင်တာနက်အဆက်အသွယ်တွေကို စစ်ထုတ်ဖို့ ပိတ်ဖို့ ကြိုးစားပါ။

– ကလေးတွေ TV ကြည့်နေတဲ့အချိန်၊ ကွန်ပြူတာသုံးနေတဲ့အချိန်မှာ သင်နဲ့အနီးကပ်ရှိနေပါစေ။ ဒါမှသာ သူတို့အပြုအမူတွေကို အကဲခတ်နိုင်မှာပါ။

– သူတို့အများဆုံး သုံးဖြစ်တဲ့ Apps တွေ၊ ကစားဖြစ်တဲ့ ဂိမ်းတွေ၊ ကြည့်ဖြစ်တဲ့ အစီအစဉ်တွေက ဘာတွေလဲဆိုတာမျိုးကို သိအောင်မေးထားပါ။

– ကလေးတွေနဲ့အတူ ဗီဒီယိုဂိမ်းကစားတာမျိုး apps အသစ်ရှာဖွေတာမျိုး လုပ်ပေးပါ။

– ပရိုဂရမ်တွေကို ကလေးတွေနဲ့အတူတူကြည့်ကြတဲ့အခါ သင်တို့ကြည့်နေတာ ဘာလဲ၊ ဘာကိုအဓိကထားကြည့်နေတာလဲဆိုတာကို ဆွေးနွေးပါ။ ကြော်ငြာတွေနဲ့ ကြေညာချက်တွေအကြောင်း ကလေးကို သင်ပေးပါ။

အချို့သောနေရာတွေမှာ ကလေးတွေဟာ မိဘတွေခွင့်မပြုသေးခင်အချိန်တွေမှာ အင်တာနက်အသုံးပြုမှုကို စစ်ထုတ်ထားတာတွေမပါဘဲ အချို့သောအရာတွေကို အသုံးပြုလိုက်နိုင်တယ်ဆိုတာကို အမြဲသတိပြုပါ။ ဖြစ်နိုင်ချေရှိတဲ့အခြေအနေတွေနဲ့ ဖြစ်လာနိုင်တဲ့အခြေအနေတွေ၊ မိဘတွေမျှော်လင့်ထားတဲ့အပြုအမူတွေက ဘာတွေဆိုတာတွေကို ကလေးတွေနဲ့ ဆွေးနွေးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ: