သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း ၅ သွယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အချိန်ကြာလာတာနဲ့အမျှ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေဟာ ကျဆင်းလာနိုင်ပါတယ်။ သင်အရင်တုံးက လိုမျိုး အလုပ်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အောက်ဖေါ်ပြပါ အချက်တွေကတော့ သင်အသက်ကြီးလာစဉ်မှာ နှလုံးကျန်းမာဖို့ လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

သင်အသက်ကြီးလာတာနဲ့ အမျှ ကိုယ်ခန္ဓါလဲ ပြောင်းလဲလာနိုင်ပါတယ်။ ကြွက်သားတွေ နည်းပါးလာပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ရင်တောင် ကိုယ်ခန္ဓါက ကယ်လိုရီအနည်းငယ်ကို အသုံးပြုတာကြောင့် ဝလာနိုင်ပါတယ်။ ဒါကြောင့် ငယ်ငယ်တုန်းကနဲ့ ယှဉ်ရင် ပိုပြီး ကယ်လိုရီ နည်းတဲ့ အစားအသောက်တွေကိုသာ လိုအပ်လာပါလိမ့်မယ်။ ဒါပေမယ့် သင့်ကိုယ်ခန္ဓါကတော့ စွမ်းအင်ကို လိုအပ်နေဆဲဖြစ်တာကြောင့် အာဟာရဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးသင့်ပါတယ်။

အချို့အသက်ကြီးသူတွေဟာ ဝနေပေမယ့် လုံလောက်တဲ့ အစားအသောက်တွေကို စားခြင်းမရှိပါဘူး။ အစားအစာကို လုံလောက်စွာ မစားခြင်းဟာ မောပန်းခြင်း၊ နေမကောင်းခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်များခြင်းဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒါ့ပြင် သင့်လျော်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေနဲ့ အရိုးတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ သင့်ဆရာဝန်ကို သင့်ရဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ဘယ်လောက်လဲဆိုတာ မေးမြန်းသင့်ပြီး ဒီအလေးချိန်ကို ထိန်းထားသင့်ပါတယ်။

မျှတတဲ့ အစားအသောက်တွေကို စားသောက်ပါ။

သင့်ကိုယ်ခန္ဓါကိုယ်ဟာ ကယ်လိုရီအနည်းငယ်သာ လောင်ကျွမ်းပေမယ့် သင်အလုပ်လုပ်ဖို့ အားအင်လိုအပ်တာကြောင့် ဗီတာမင်သတ္တုဓါတ်တွေကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးသင့်ပါတယ်။ သင့်အတွက် ကျန်းမာစေတဲ့ အစာတွေကို ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။ သူတို့က အကြံပေးပါလိမ့်မယ်။ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ မနက်စာ စားဖို့ပဲဖြစ်ပါတယ်။

အောက်ဖေါ်ပြပါ အစာတွေကို ပိုစားသင့်ပါတယ်။

  • ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ မုန်လာဥနီ၊ pepper၊ အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊ ဘယ်ရီသီး၊ ပန်းသီး။ သူတို့မှာ ဗီတာမင် မြောက်မြားစွာ ပါဝင်ပါတယ်။
  • Whole grains သူတို့မှာ အမျှင်ဓါတ်ပါဝင်ပါတယ်။
  • အဆီမပါတဲ့ (သို့) နည်းတဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ အဆီထုတ်ပြီး နွားနို့၊ 1% အဆီပါတဲ့ နွားနို့၊ ချီးစ်၊ ပဲနို့။ သူတို့ဟာ ကယ်စီယမ်နဲ့ ဗီတာမင်ဒီ ကြွယ်ဝပါတယ်။ ရေဓါတ်ကိုလည်း ဖြည့်ပေးနိုင်ပါတယ်။
  • ပင်လယ်စာတွေဖြစ်တဲ့ ဆယ်မွန်ငါးတွေဟာ omega 3 fatty acids တွေပါဝင်ပြီး နှလုံးရောဂါဖြစ်ပွားနှုန်းကို ကျဆင်းစေပါတယ်။

အောက်ပါအစားအသောက်တွေကို လျှော့စားသင့်ပါတယ်။

  • အသင့်စား အစားအသောက်များ
  • သကြား၊ မပြည့်ဝတဲ့ အဆီ၊ tarnsfat၊ ထောပတ်

လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူတိုင်းအတွက် ကောင်းမွန်ပါတယ်။ လေ့ကျင့်ခန်းဟာ ကိုယ်ခန္ဓါကို သန်စွမ်းစေပြီး ပျော့ပြောင်းစေပါတယ်။ မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းတွေဟာ နှလုံးအလုပ်လုပ်ရတာကြောင့် နှလုံးကျန်းမာရေးပိုကောင်းစေပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို နေ့စဉ်ပုံမှန်လုပ်သင့်ပါတယ်။ အချိန်တိုကနေစတင်ပြီး တစ်ဖြည်းဖြည်း တိုးလုပ်နိုင်ပါတယ်။ သင်လုပ်ချင်သလောက်ကို အစီအစဉ်ဆွဲပြီး ပြုလုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းပမာဏနဲ့ အချိန်တွေကို တဖြည်းဖြည်း မြှင့်တင်နိုင်ပါတယ်။

လေ့ကျင့်ခန်းမလုပ်ခင်၊ လုပ်နေစဉ်နဲ့ လုပ်ပြီး ချိန်တွေမှာ ရေများစွာ သောက်သင့်ပါတယ်။ အကြောလျှော့ခြင်းနဲ့ အနားယူခြင်းတွေကိုလည်း လိုအပ်ပါတယ်။ လေ့ကျင့်ခန်း မပြုလုပ်မီ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ကိုလက်စထရော ပမာဏကို ထိန်းချုပ်ပါ။

သင့်ကိုယ်ခန္ဓါဟာ ကောင်းကောင်းအလုပ်လုပ်ဖို့ ကိုလက်စထရောလိုအပ်သော်လည်း များပြားတဲ့ ကိုလက်စထရောဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ HDL ဟာ ကောင်းတဲ့ ကိုလက်စထရောဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ LDL ကတော့ မကောင်းတဲ့ ကိုလက်စထရောဖြစ်ပြီး နှလုံးရောဂါ ပိုဖြစ်စေနိုင်ပါတယ်။ နှလုံးရောဂါကို စောစီးစွာ သိရှိဖို့ ကိုလက်စထရော ပမာဏကို ပုံမှန်စစ်ဆေးသင့်ပါတယ်။

သွေးပေါင်ထိန်းခြင်း

သွေးပေါင်တက်ခြင်းဟာ နှလုံးရောဂါရဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ သွေးပေါင်ကို အိမ်မှာ သွေးပေါင်ချိန်တိုင်းကိရိယာနဲ့ တိုင်းတာနိုင်ပါတယ်။ ဆေးရုံ၊ ဆေးခန်းသွားပြီးလည်း တိုင်းတာနိုင်ပါတယ်။ သွေးပေါင်ပုံမှန်တိုင်းခြင်းဟာ သွေးပေါင်တက်ခြင်းကို စောစီးစွာ သိရှိစေနိုင်ပါတယ်။ ဒါဆိုရင် သွေးပေါင်တက်ခြင်းကို ကုသမည့် နည်းလမ်းတွေကို ရှာပြီး ကုသနိုင်ပါတယ်။

သင့်နှလုံးဟာ ကိုယ်ခန္ဓါ တစ်ခုလုံးကို အာဟာရပေးတဲ့ သွေးကို ညှစ်ထုတ်ပေးနေတာမို့ သူ့ကို ဂရုစိုက်သင့်ပါတယ်။ အသက်ကြီးလာတဲ့ နှလုံးကို ဂရုစိုက်ခြင်းဟာ ကျန်းမာတဲ့ကိုယ်ခန္ဓါကို ထိန်းသိမ်းရမှာ အရေးပါပါတယ်။ ဒီအချက်တွေက သင့်အတွက် အကုန်အသုံးမဝင်ဘူုးဆိုရင် သင့်ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆေးဖက်ဝင်တယ်ဆိုတဲ့ ရှီးပဒီး အကြောင်း သိကောင်းစရာ

ရှီးပဒီး ကိုဆေးဖက်ဝင်တဲ့တန်ဖိုးကြီးပစ္စည်းအဖြစ်လူသိများပါတယ်။ သူက အပင်လား၊သက်ရှိလား၊ဘယ်လိုတွေဆေးဖက်ဝင်တာလဲ၊ဘေးကင်းရဲ့လားဆိုတဲ့သိကောင်းစရာတွေဖော်ပြထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

ကန်စွန်းကြီးရွက် စားသင့်တဲ့ အကြောင်းရင်း (၈) ချက်

ကန်စွန်းကြီးရွက် ကန်စွန်းရွက် ကန်စွန်းဥ အသီးအရွက် ဟင်းလျာ ဆေးဖက်ဝင် အကျိုးကျေးဇူး ကျန်းမာရေး အာဟာရ နှလုံးကျန်းမာရေး မျက်စိကျန်းမာရေး အမျှင်ဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ပျော်ရွှင်မြူးထူးစွာ Zumba ကကြမယ်

Gym လေ့ကျင့်ခန်း Zumba ကိုယ်အလေးချိန် ကြွက်သားတွေ နှလုံးကျန်းမာရေး ခန္ဓာကိုယ်ရဲ့ အနေအထား သွေးတိုး ကျန်းမာတဲ့ နေထိုင်မှု ပုံစံ အသက်ရှူလမ်းကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ရွှေဖရုံသီးစေ့ စားခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူးများ

ရွှေဖရုံသီးစေ့ အာဟာရဓာတ် အကျိုးကျေးဇူး ဖရုံသီးစေ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကင်ဆာဖြစ်နိုင်ခြေ ဆီးကျိတ် အူမကြီးကင်ဆာ ကိုယ်ခန္ဓာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
ဘိုးဘိုးဘွားဘွားတွေကို ကိုဗစ်ကာလမှာ ဒီလိုစောင့်ရှောက်ပေးပါ

ဘိုးဘိုးဘွားဘွားတွေကို ကိုဗစ်ကာလမှာ ဒီလိုစောင့်ရှောက်ပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 3 mins read
အိုမင်းရင့်ရော်ခြင်းနှင့်သက်ဆိုင်သော အသိမှား အမြင်မှားများ

အိုမင်းရင့်ရော်ခြင်းနှင့်သက်ဆိုင်သော အသိမှား အမြင်မှားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 3 mins read