အစားအသောက်တွေထဲမှာပရိုတင်းဓါတ်ပါအောင်စားပေးပါ – ပရိုတင်းစားသုံးပေးတာက ကြွက်သားကျန်းမာရေး အတွက်အရေးပါတဲ့ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ပရိုတင်းစားသုံးပေးမှုက သက်ကြီးရွယ်အိုတွေမှာကြွက်သားနဲ့ အရိုး တွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။ သက်ကြီးရွယ်အိုတွေဟာ ကြွက်သားကြီးထွားဖို့အတွက် လူငယ်တွေထက် ပရိုတင်းဓါတ်ကိုပိုမိုလိုအပ်ပါတယ်။
သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေများများစားပေးပါ – အက်ဆစ်ထုတ်လုပ်တဲ့ အစားအသောက်တွေဖြစ်တဲ့ အသားနဲ့ကောက်နှံတွေကို အလွန်အကျွံစားသုံးပြီး အယ်ကာလိုင်းရရှိတဲ့အစားအေသာက်တွေဖြစ်ကြတဲ့ သစ်သီး တွေနဲ့ဟင်းသီးဟင်းရွက်တွေကိုအနည်းငယ်ပဲစားသုံးတာက ကြွက်သားနဲ့အရိုးကျန်းမာရေးအပေါ်မှာဆိုးကျိုး သက်ရောက်မှု တွေရှိပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအသောက်ထဲမှာသစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေ များများ ပါဝင်အောင်စားသုံးပေးခြင်းဖြင့် အရိုးနဲ့ကြွက်သားတွေကိုကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။ ပန်းသီးအခွံ နဲ့ အစိမ်းရောင်ခရမ်းချဉ်သီးတွေမှာပါတဲ့ ဒြပ်ပေါင်းတွေက ATF4 လို့ခေါ်တဲ့ ပရိုတင်းကျဆင်းမှုကြောင့်ဖြစ်တဲ့ ကြွက်သားဆုံးရှုံးမှုတွေကိုကာကွယ်နိုင်ဖို့အထောက်အပံ့ပေးပါတယ်။
ဗီတာမင် B12 နဲ့ဖောလစ်အက်ဆစ်တွေကလည်း ကြွက်သားတွေရဲ့လုပ်ဆောင်မှုနဲ့စွမ်းအင်တွေကိုတိုးတက်စေပါ တယ်။
ရေသောက်ပေးပါ – ရေပမာဏများများကိုပုံမှန်သောက်သုံးပေးဖို့က ကြွက်သားတွေတည်ဆောက်ရာမှာ အရမ်းကို အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ရေက ခန္ဓါကိုယ်ရဲ့စွမ်းဆောင်နိုင်စွမ်းတွေကိုတိုးတက်စေသလို အစားအသောက်တွေထဲမှာပါတဲ့ အာဟာရဓါတ်တွေကိုစုပ်ယူနိုင်စွမ်းကိုလည်းတိုးမြှင့်ပေးပါတယ်။ ရေဓါတ် အလုံအလောက်မရရှိဘူးဆိုရင် ခန္ဓါကိုယ်က အာဟာရဓါတ်တွေစုပ်ယူမှုကိုနှေးကွေးစေပြီး ကြွက်သားစိုင်တွေ ဖြစ်တည်နိုင်စွမ်းကိုအဟန့်အတားဖြစ်စေပါတယ်။
ကျန်းမာသန်စွမ်းတဲ့ကြွက်သားတွေကို ထိန်းသိမ်းနိုင်မယ့်အကောင်းဆုံးသောနည်းလမ်းက နေ့စဉ် အာဟာရဓါတ် တွေကိုညီညွတ်မျှတစွာစားသုံးပြီး ကြွက်သားဆုံးရှုံးမှုကိုခုခံနိုင်မယ့်လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။
ကြွက်သားစိုင်တွေကို ထိန်းသိမ်းမှုက အသက်အရွယ်ကြီးရင့်တဲ့အထိကျန်းမာစွာနေနိုင်ရေးအတွက်အရေးပါတဲ့ အချက်တစ်ရပ်ဖြစ်ပါတယ်။ သန်မာတဲ့ကြွက်သားတွေက ကျန်းမာရေးကောင်းမွန်စွာနေထိုင်နိုင်ဖို့အတွက် အရေးပါ သလိုထိခိုက်ဒဏ်ရာရတာနဲ့ဖျားနာမှုတွေကနေကာကွယ်ပေးရာမှာလည်းအရေးပါပါတယ်။ မိမိရဲ့မိဘတွေကို အသက်ရှည်ရှည်ကျန်းကျန်းမာမာနေနိုင်စေဖို့အတွက် အထက်ဖော်ပြပါအချက်လေးတွေကို ဂရုစိုက်လုပ်ဆောင် ပေးနိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။