backup og meta

သက်ကြီးရွယ်အိုတွေမှာ ကြုံတွေ့ရတတ်တဲ့ အာဟာရပြဿနာများ နဲ့ သတိထားဆင်ခြင်ရမယ့်နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သက်ကြီးရွယ်အိုတွေမှာ ကြုံတွေ့ရတတ်တဲ့ အာဟာရပြဿနာများ နဲ့ သတိထားဆင်ခြင်ရမယ့်နည်းလမ်းများ

    သက်ကြီးရွယ်အိုတွေမှာ ကြုံတွေ့ရတတ်တဲ့ အာဟာရပြဿနာများ နဲ့ သတိထားဆင်ခြင်ရမယ့်နည်းလမ်းများ

    အာဟာရဆိုင်ရာ ပြဿနာရပ်တွေက သက်ကြီးရွယ်အိုတွေမှာ ကိုယ်ခံအားစနစ်အားနည်းတာ၊အားအင်ကုန်ခမ်း တာနဲ့ အမျိုးအစား-၂ ဆီးချိုးရောဂါ၊သွေးတိုးတာ၊နှလုံးရောဂါ၊လေဖြတ်တာ၊ အရိုးအတက်ထွက်နာလိုမျိုး နာတာရှည်ဝေဒနာတွေအပါအဝင်နောက်ဆက်တွဲရောဂါတွေကိုဖြစ်ပေါ်ခံစားရနိုင်စေပါတယ်။ နေ့စဉ်စားသုံးနေကျ အစားအစာတွေထဲမှာ အာဟာရပြည့်ဝအောင်စားသုံးပေးတာက သက်ကြီးရွယ်အိုတွေကို အာဟာရချို့တဲ့ မှုမဖြစ်အောင်ကာကွယ်ရာမှာအထောက်အကူဖြစ်စေပါလိမ့်မယ်။

    အာဟာရမျှတအောင်စားသုံးမှုက ကျန်းမာကြံ့ခိုင်မှုတွေအတွက်အရေးပါပါတယ်။ အာဟာရမပြည့်ဝမှုက သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေးထိခိုက်မှုကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ အာဟာရချို့တဲ့မှုလက္ခဏာတွေကို သိရှိပြီး လူကြီးမိဘတွေကို အာဟာရပြည့်ဝအောင်ကျွေးမွေးစောင့်ရှောက်နိုင်မယ့်နည်းလမ်းလေးတွေဖော်ပြပေး လိုက်ပါတယ်။

    အာဟာရချို့တဲ့ရင်ဘာတွေခံစားရမလဲ။

    သက်ကြီးရွယ်အိုတွေမှာ အာဟာရချို့တဲ့ တဲ့အခါ –

    • ကိုယ်ခံအားစနစ်အားနည်းသွားပြီး ကူးစက်ရောဂါတွေအလွယ်တကူခံစားရနိုင်ခြင်း
    • အနာကျက်နှေးခြင်း
    • ကြွက်သားတွေအားနည်းပြီး ချော်လဲတာနဲ့အရိုးကျိုးအက်တာတွေကို ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    အာဟာရချို့တဲ့မှုက လူကြီးတွေကိုအစားစားဖို့စိတ်မဝင်စားတော့ဘဲ အစားစားချင်စိတ်ပျောက်သွားတာမျိုး အထိဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

    သတိပြုရမယ့်အချက်များ

    ကိုယ်အလေးချိန်- ကိုယ်အလေးချိန်တက်လာတာရော ကိုယ်အလေးချိန်ကျသွားတာရောက လူကြီးတွေမှာဖြစ်တတ်တဲ့အာဟာရ ချို့တဲ့မှုနဲ့ဆက်စပ်နေတတ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အသက် ၄၀ အရွယ်မတိုင်ခင်ကလောက် ခန္ဓါကိုယ်က ကယ်လိုရီတွေကိုမလောင်ကျွမ်းစေနိုင်တော့ပါဘူး။ သက်ကြီးရွယ်အိုတွေ အထူးသဖြင့် နာတာရှည် ရောဂါအတွက်ဆေးကုသမှုခံယူနေရသူတွေမှာ အားမရှိတာလိုမျိုးတွေခံစားရတတ်ပါတယ်။ ဇီဝတွင်းဖြစ်ပျက်မှု နှေးကွေးသွားတာနဲ့ကိုယ်လက်လှုပ်ရှားမှု နည်းတာစုံသွားတဲ့အခါ အဝလွန်တာကိုဖြစ်ပေါ်စေပါတယ်။ အခြားတစ်ဖက်မှာလည်း အစားစားချင်စိတ် သိပ်မရှိတော့တာနဲ့ မှီဝဲနေရတဲ့ဆေးဝါးတွေကြောင့် အစားစားချင်စိတ်လျော့နည်းလာတဲ့အခါ ကိုယ်အလေးချိန်ကိုကျဆင်းစေပါတယ်။

    အရသာခံနိုင်စွမ်း – အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အရသာခံနိုင်စွမ်းကကျဆင်းလာတာကြောင့် လူကြီးတွေကစားသုံးတဲ့အစားအသောက်တွေကိုအရသာ ခပ်ပြင်းပြင်းတွေဖြစ်အောင်ဖြည့်စွက်စားသုံးရာကနေ သွေးတိုးရောဂါစဝင်လာပါတော့တယ်။ အချိုဓါတ်ကဲတဲ့အရသာကိုကြိုက်နှစ်သက်သူ သက်ကြီးရွယ်အိုတွေ မှာတော့ အချိုဓါတ်ကိုလွန်ကဲစွာစားသုံးမှုကနေ ကိုယ်အလေးချိန်တက်လာတာမျိုးတွေခံစားရနိုင်ပါတယ်။

    ရေဓါတ်ခမ်းခြောက်လာခြင်း – ရေဓါတ်ချို့ယွင်းတာက သက်ကြီးရွယ်အိုတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာရပ်တစ်ခုဆိုပေမယ့် ရေဓါတ်ခမ်းခြောက်ရတဲ့အကြောင်းအရင်းအမြောက်အမြားရှိပါတယ်။ အရွယ်ရလာနဲ့အမျှ ရေသောက်သုံးမှုပမာဏကကျဆင်းလာတာကြောင့်ရေသောက်နည်းလာတာဖြစ်သလို ဆီးမထိန်းနိုင်တာကြောင့် ရေသိပ်မသောက်တော့တာလည်းဖြစ်ပါတယ်။ သောက်သုံးနေရတဲ့ဆေးဝါးတွေနဲ့ နာတာရှည် ရောဂါတွေကြောင့်လည်းရေဓါတ်ခမ်းခြောက်တာဖြစ်ပါတယ်။ ခန္ဓါကိုယ်မှာရေဓါတ်ခမ်းခြောက် တဲ့အခါ ဝမ်းချုပ်တာ၊ခေါင်းကိုက်တာ၊မူးဝေတာ၊သွေးပေါင်ကျတာ၊ နှလုံးခုန်မြန်တာ နဲ့ သတိလစ်မေ့မြောတာ တွေခံစားရနိုင်သလို ပြင်းထန်တဲ့ရောဂါလက္ခဏာတွေဖြစ်တဲ့ အတက်ရောဂါ၊ ကျောက်ကပ်ပျက်စီးတာ၊ ဦးနှောက်ရောင်တာ၊ အပူလွန်ကဲတာနဲ့သေဆုံးတာမျိုးအထိတောင်ခံစားရနိုင်ပါတယ်။

    မိမိချစ်ခင်ရတဲ့ လူကြီးမိဘတွေရဲ့ ကိုယ်အလေးချိန်၊ရေသောက်နှုန်းနဲ့ စားသောက်မှုတွေကိုသေချာစောင့်ကြည့်ပေးပါ။

    အာဟာရပြဿနာတွေကို ဘယ်လိုရှောင်ရှားမလဲ

    ကာကွယ်မှုက ကုသမှုထက်ပိုမိုထိရောက်တယ်ဆိုတဲ့အတိုင်း သက်ကြီးရွယ်အိုတွေကို အာဟာရမျှတစွာစားသုံး စေဖို့အပြင်ကျန်းမာအောင်ပါအထောက်အကူပြုနိုင်မယ့် ကြိုတင်ကာကွယ်မှုနည်းလမ်းတွေကိုလုပ်ဆောင်ကြည့်နိုင် စေဖို့ဖော်ပြလိုက်ပါတယ်။

    • အစာချေစနစ်အပါအဝင် ကိုယ်ခန္ဓါတစ်ခုလုံးရဲ့လုပ်ငန်းစဉ်တွေအတွက်အထောက်အကူဖြစ်အောင် လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ၊
    • ဆေးလိပ်ဖြတ်ခိုင်းပါ၊
    • မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ၊စိတ်ကျရောဂါတွေအပါအဝင် ရောဂါတွေမဖြစ်အောင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်ပေးပါ၊
    • သက်ကြီးရွယ်အိုတွေကို ဗီတာမင် B12၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် အေ၊စီ နဲ့ ဒီကြွယ်ဝတဲ့အစားအသောက် တွေကျွေးမွေးပါ၊
    • အမျှင်ဓါတ်ပါဝင်မှုများတဲ့အစားအစာတွေ၊အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ကောက်နှံတွေ၊ အဆီနည်းတဲ့ (သို့) အဆီထုတ်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ ကျွေးမွေးပါ၊
    • ရေဓါတ်ခမ်းခြောက်မှုကိုကာကွယ်ဖို့အတွက် တစ်နေ့ကို အရည်ဓါတ် ၁.၇ လီတာ သောက်သုံးမိအောင်ဂရုပြုပေးပါ။

    အသက်အရွယ်ကြီးရွယ်အိုတွေကို အာဟာရမျှတအောင်စားသုံးစေခြင်းက ဆီးချိုမဖြစ်အောင်ကာ ကွယ်ဖို့ သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်တာနဲ့ အမြင်အာရုံကောင်းမွန်အောင်၊ စိတ်ခံစားမှုကောင်းမွန်အောင်၊ အိပ်ပျော်စေဖို့နဲ့အမြင်အာရုံကြည်လင်ပြီးအရိုးနဲ့ကြွက်သားတွေကိုသန်စွမ်းကြံ့ခိုင်စေဖို့ နဲ့အစာချေစနစ် ကောင်းမွန်စေဖို့အတွက်အရေးပါတဲ့ အလေ့အထတစ်ရပ်ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement