backup og meta

သက်ကြီးရွယ်အိုများတွင် ကြုံတွေ့နေရသော ကျန်းမာရေးပြသနာများ

သက်ကြီးရွယ်အိုများတွင် ကြုံတွေ့နေရသော ကျန်းမာရေးပြသနာများ

လူတို့သည် အသက်ကြီးလာသည်နှင့်အမျှ အမျိုးမျိုးသောကျန်းမာရေးပြသနာများနှင့်ရင်ဆိုင်လာကြရပါသည်။ ထို့ကြောင့် လူရောစိတ်ပါ ကျန်းမာနေစေရန် ရောဂါမဖြစ်မီကကာကွယ်မှုများစနစ်တကျပြုလုပ်ထားလျှင် ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ပါလိမ့်မည်။

၁။ အဆစ်များရောင်ရမ်းခြင်း

အသက်အရွယ်ကြီးသောသူများတွင် အဆစ်များထိန်းမရအောင်နာကျင်ခြင်း၊ တောင့်တင်းခြင်းနှင့် ရောင်ရမ်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့ဖြစ်လာပါက လမ်းလျှောက်ခြင်း၊ အကွေးအဆန့်ပြုလုပ်ခြင်း၊ လှေကားတက်ခြင်းစသည့်နေ့စဉ်အလုပ်များအရင်လိုမလုပ်နိုင်တော့ရုံသာမကအခြားလူမှုလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း အခက်အခဲရှိလာနိုင်ပါသည်။

၂။ နှလုံးရောဂါ

အမေရိကန်နိုင်ငံဗဟိုရောဂါထိန်းသိမ်းရေးဌာန၏ အဆိုအရ ၂၀၁၄ ခုနှစ်တွင် သေဆုံးသူ ၄၈၉.၇၇၂ အနက် ၆၅ယောက်သည် နှလုံးရောဂါကြောင့်ဖြစ်သည်ဟုဆိုသည်။ အကယ်၍ သင့်သွေးထဲတွင် သကြားဓါတ်နှင့် အဆီပမာဏမြင့်တက်နေပါက သင်သည် နှလုံးရောဂါဖြစ်နိုင်ခြေနှင့် လေဖြတ်နိုင်ခြေများပေသည်။

၃။ ကင်ဆာရောဂါ

ကင်ဆာရောဂါသည် အသက် ၆၅ နှစ်ကျော်သူများတွင် ဒုတိယသေဆုံးမှုအများဆုံးဖြစ်စေသောရောဂါဖြစ်သည်။ အကယ်၍ရင်သားဓါတ်မှန်ရိုက်ခြင်း၊ အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းနှင့် အရေပြားတို့ကိုစစ်ဆေးခြင်းတို့ဖြင့် စောသိနိုင်ခဲ့သော် ကင်ဆာအတော်များများကို ကုသနိုင်မည်ဖြစ်သည်။

၄။ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ

အချို့သောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများသည် သာမာန်အအေးမိခြင်းမျိုးဖြစ်ပြီး အလိုလိုပျောက်ကင်းနိုင်သော်လည်း အဆုတ်ရောင် နမိုးနီးယား၊ အဆုတ်သွေးကြောပိတ်ခြင်း၊ ပန်းနာရင်ကျပ်ဆိုးလာခြင်းနှင့် အဆုတ်ကင်ဆာတို့စသည်တို့ဖြစ်ပါက အသက်အန္တရာယ်စိုးရိမ်ရပါသည်။

ထို့ကြောင့်လူကြီးများသည် ကျန်းမာရေးဌာနများတွင် ဆရာဝန်နှင့်လာရောက်တိုင်ပင်ကာ အဆုတ်၏လုပ်ဆောင်ရည်ကို စစ်ဆေးသည့်စမ်းသပ်မှုများ လုပ်ဆောင်သင့်ပါသည်။

၅။ အသက်ကြီး၍ မှတ်ဉာဏ်ချွတ်ယွင်းသော အယ်လ်ဇိုင်းမားရောဂါ

ထိုရောဂါသည် အသက်ရွယ်ကြီးသူများတွင် ခံစားရသောရောဂါဖြစ်ပြီးရောဂါအမည်တပ်ရန်လည်း မလွယ်ကူလှပါ။ သက်ကြီးရွယ်အိုများသည် မိမိကိုယ်မိမိဂရုမစိုက်နိုင်တော့ခြင်း၊ မမှတ်မိတော့ခြင်းနှင့် ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသောအရာများကို ကျိုးကြောင်းဆီလျော်စွာ မတွေးခေါ်နိုင်တော့ခြင်း စသည်တို့ခံစားလာရပါသည်။

၆။ အာရုံကြောများအားနည်းလာခြင်း

အမြင်အာရုံနှင့် အကြားအာရုံများအားနည်းလာခြင်းသည် သက်ကြီးရွယ်အိုများတွင် ဖြစ်လေ့ရှိပြီး ၎င်းတို့သည်လူမှုဘဝကိုများစွာ ထိခိုက်မှုမရှိနိုင်တော့ပါ။ ယနေ့ခေတ်တွင် မျက်မှန်များ၊ နားကြားကိရိယာများကို လွယ်ကူစွာဝယ်ယူနိုင်ပြီးဖြစ်သည်။

၇။ ခံတွင်းကျန်းမာရေး

သက်ကြီးရွယ်အိုများသည် သွားနှင့် ခံတွင်းကျန်းမာမှုမရှိလျှင် တန်ဖိုးကျဆင်းစေခြင်း၊ အာဟာရရှိေသောအစားအစာများကောင်းမွန်စွာ မမှီဝဲနိုင်ခြင်းစသည်တို့ခံစားရနိုင်ပါသည်။ ထို့ကြောင့် သွားပိုးစားခြင်းနှင့် သွားများပျက်စီးခြင်းမှကာကွယ်ရန် သွားနှင့်ခံတွင်းစစ်ဆေးမှုကို မှန်မှန်ပြုလုပ်သင့်သည်။

၈။ အာဟာရမပြည့်ဝခြင်း

အာဟာရမပြည့်ဝခြင်းသည် အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်သော်လည်း ကိုယ်ခံအားစနစ်လျော့နည်းခြင်း။ အရိုးအဆစ်နှင့်ကြွက်သားများအားနည်းခြင်းတို့ကိုဖြစ်စေပါသည်။ အကြောင်းရင်းမှာသက်ကြီးရွယ်အိုများသည် အစာစားရန်မေ့လျော့နေတတ်ခြင်းနှင့် စိတ်ကျရောဂါဖြစ်ကာ လူမှုပတ်ဝန်းကျင်နှင့် ကင်းကွာသွားတတ်ခြင်းတို့ကြောင့်ဖြစ်ပါသည်။

၉။ မူးယစ်ဆေးအလွဲသုံးစားပြုခြင်း

အရက်၊ ဆေးလိပ်နှင့် ပေါင်းဆေးစသည့်မူးယစ်စေတတ်သောဆေးများကိုလွန်ကဲစွာအသုံးပြုပါကအဆိပ်သင့်ခြင်း၊ ကျန်းမာရေးချို့ယွင်းခြင်းနှင့် အခြားကုသမှုများအတွက် ဆေးမတိုးတော့ခြင်းစသည်တို့ကြုံလာရနိုင်ပါသည်။

၁၀။ အဝလွန်ခြင်း

အဝလွန်လျှင် နှလုံးရောဂါ ၊ ဆီးချို ရောဂါ၊ ကင်ဆာနှင့် အခြားနာတာရှည်ရောဂါများ ဖြစ်နိုင်ခြေများပြီး သင့်ဘဝတန်ဖိုးကိုကျဆင်းစေနိုင်ပါသည်။ သင်သည် အသက်ကြီးလာသည်နှင့်အမျှ လေးလံလာပြီးအရင်လောက် မတက်ကြွတော့ခြင်းသည်လည်း အဝလွန်လာစေမည့် လက္ခဏာများဖြစ်ပါသည်။

၁၁။ စိတ်ဓါတ်ကျခြင်း

စိတ်ဓါတ်ကျခြင်းသည် ကိုယ်ခံအားကိုကျဆင်းစေရုံသာမက ရောဂါကိုကာကွယ်နိုင်စွမ်းကိုပါ ကျဆင်းစေသောကြောင့် အန္တရာယ်ရှိစေသောအချက်ဖြစ်သည်။ ထို့အပြင် စိတ်ဓါတ်ကျနေပါက အစားအသောက်နှင့်နေထိုင်မှုပုံစံမမှန်တော့ကာ ကျန်းမာရေးကိုပါထိခိုက်လာနိုင်ပါသည်။

၁၂။ အရိုးပွခြင်း

သက်ကြီးရွယ်အိုများတွင် အရိုး၏သိပ်သည်းဆ လျော့နည်းသွားသောကြောင့် အရိုးကျိုးလွယ်ကာကျန်းမာရေးထိခိုက်ခြင်းနှင့် ဘဝတန်ဖိုးကျဆင်းခြင်းတို့ဖြစ်နိုင်ပါသည်။

၁၃။ ဆင်းရဲခြင်း

ဆင်းရဲခြင်းကြောင့် လုံလောက်သောဆေးကုသမှုမခံယူနိုင်ခြင်း၊ အာဟာရပြည့်ဝစွာမစားနိုင်ခြင်းတို့ ခံစားရပါသည်။

၁၄။ ဆီးနှင့် ဝမ်းပြသနာများ

ဆီးလွတ်ခြင်း၊ ဝမ်းချုပ်ခြင်းတို့သည် အသက်ကြီးသူများတွင် ဖြစ်လေ့ရှိသော ပြသနာများဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်စွာစားသောက်နေထိုင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ပြုလုပ်သင့်သည်။ သင့်ဆရာဝန်နှင့် ပြသနာကိုတိုင်ပင်ဆွေးနွေးရန် မရှက်သင့်ပါ။

၁၅။ HIV/ AIDS နှင့် လိင်မှတဆင့် ကူးစက်သောရောဂါများ

အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ လိင်မှုကိစ္စနှင့် စွမ်းဆောင်ရည်များအထိုက်အလျောက်ကျဆင်းသွားသော်လည်းလိင်စိတ်လုံးဝပျောက်သွားခြင်းမျိုးမရှိပါ။ အသက်အရွယ်ကြီးသူများသည် ကွန်ဒုံးအကာအကွယ် သုံးလိုစိတ်မရှိကြသည့် အတွက် လိင်မှတဆင့်ကူးစက်သောရောဂါများဖြစ်နိုင်ခြေများပါသည်။

အသက်အရွယ်ကြီးရင်လာခြင်းသည် ရှောင်လွဲမရသည့်အရာဖြစ်ရာ ကျွနုပ်တို့သည် ကြုံလာသည့် ပြသနာများနှင့် အခက်အခဲများကိုအကောင်းဆုံးဖြေရှင်းကာ ငြိမ်းချမ်းပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်ရန်ကြိုးစားသင့်ပေသည်။ ထို့ကြောင့် အထက်ပါ အကြံပေးချက်များကိုလိုက်နာကာ ကျန်းမာပျော်ရွှင်သောဘဝပိုင်ရှင်တဦးအဖြစ်ရပ်တည်နိုင်ရန် ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthypeople.gov/2020/topics-objectives/topic/older-adults
https://vitalrecord.tamhsc.edu/10-common-elderly-health-issues/
http://www.everydayhealth.com/news/most-common-health-concerns-seniors/
http://www.healthline.com/health/osteoarthritis/arthritis-natural-relief#Massage9

ယခုပုံစံ

14/01/2022

Dr. K Zin Thwe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝါကျွတ်ချိန်ခါမှာ အခုလို နည်းလမ်းလေးတွေနဲ့ အဝေးရောက် လူကြီးမိဘတွေကို ဂါရဝ ပြုလို့ ရပါတယ်။

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတွေ ရေဓာတ်ဆုံးရှုံးမှု ကင်းစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement