၃ – ကြွက်တက်ခြင်း ။
ကြွက်တက်တဲ့ ခြေထောက်ကြောင့် သင်နေထိုင်ရတာ သက်တောင့်သက်တာ မရှိဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ခြေထောက်ကြွက်တက်ရတဲ့ အကြောင်းအရင်းပေါင်းများစွာရှိတဲ့အထဲကမှ အဖြစ်အများဆုံးကတော့ ခြေထောက်ကို အသုံးများတာ၊ကြောင့် ခြေထောက်တောင့်ပြီး ကြွက်တက်တာပဲ ဖြစ်ပါတယ်။ အနားယူလိုက်လို့မှ မသက်သာဘဲ ပိုဆိုးလာတဲ့အခါ ဆရာဝန်ဆီသွားပြဖို့လိုအပ်ပါတယ်။
၄ – သွေးတွင်း ပိုတက်ဆီယမ်ဓါတ်နည်းခြင်း ။ ။
သွေးတွင်း ပိုတက်ဆီယမ်ဓါတ်နည်းခြင်းရဲ့ လက္ခဏာတွေကတော့
- မောပန်းပြီး အားမရှိသလိုဖြစ်နေတာ
- ခြေထောက်ကြွက်တက်တာနဲ့
- ဝမ်းချုပ်တာတို့ပဲ ဖြစ်ပါတယ်။
ပိုတက်ဆီယမ်ဓါတ်နည်းခြင်းကိုဖြစ်စေတဲ့ ရောဂါတွေ ၊ ဆေးတွေ အများကြီးရှိတဲ့ အတွက် ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာကို သိရဖို့ ဆရာဝန်ဆီမှာ သွားစစ်ကြည့်တာသာ အကောင်းဆုံးပါ။
၅ – ခြေထောက်သွေးကြောထုံးခြင်း ။ ။
မောပန်းတယ်၊ လေးလံတယ်၊ ကိုက်ခဲတဲ့ခြေထောက်တွေဖြစ်နေပြီဆိုရင်တော့ သင့်ခြေထောက်သွေးကြောတွေ ထုံးနေတာဖြစ်နိုင်ပါတယ်။ သွေးကြောထုံးတယ်ဆိုတာ ခရမ်းရောင်တွန့်လိမ်နေတဲ့ သွေးကြောတွေ ခြေထောက်ပေါ်မှာ အပြိုင်းပြိုင်းထနေတာကို ပြောတာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ သွေးကြောမှာရှိတဲ့ အဆို့ရှင်လေးတွေ မလုံလို့ တစ်ခါညှစ်လိုက်တိုင်း သွေးတွေ နောက်ပြန်စီးပြန်အိုင်ကာ သွေးကြောတွေ ထုံးလာရခြင်းပဲ ဖြစ်ပါတယ်။ လှုပ်ရှားမှုတွေ လုပ်ပေးမယ်၊ သွေးကြောထုံးတာကို သက်သာစေတဲ့ အသားကပ်ဘောင်းဘီတွေ ဝတ်ပေးမယ်၊ ခြေထောက်ကို မြင့်မြင့်ထားမယ်ဆိုရင် သွေးကြောထုံးတာတွေ သက်သာစေမှာပါ။
၆ – သွေးလည်ပတ်မှု မကောင်းခြင်း ။
သွေးလည်ပတ်မှု မကောင်းတာကြောင့် ခြေထောက်ကနေ နှလုံးဆီကို သွေးတွေ ပေးပို့ဖို့ခက်ခဲသွားပြီး ခြေထောက်မှာ သွေးတွေ ပြန်အိုင်ပြီး ခြေထောက်လေးလံနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကိုသက်သာချင်ရင်တော့ လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ၊ ကြပ်ထုပ်တဲ့ အဝတ်အစားတွေ ကို ရှောင်ပါ။ ဒါတွေ လုပ်နေတာတောင် ခြေထောက်က မသက်သာဘူးဆိုရင် ဆရာဝန် ဆီသွားပြဖို့ လိုနေပါပြီ။ ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။