backup og meta

သင့်ခြေထောက်ကျန်းမာရေးကို အာဟာရတွေက ဘယ်လိုအကျိုးသက်ရောက်စေနိုင်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ခြေထောက်ကျန်းမာရေးကို အာဟာရတွေက ဘယ်လိုအကျိုးသက်ရောက်စေနိုင်လဲ

    သင့်ခန္ဓါကိုယ်အတွက်သာမဟုတ်ဘဲ သင့်ခြေထောက်အတွက်လည်း သူ့ဆိုင်ရာတာဝန်ကို ထမ်းဆောင်ဖို့ အာဟာရနဲ့အောက်ဆီဂျင်တွေ လိုအပ်ပါတယ်။ ဒါပေမဲ့ အများအားဖြင့် လျစ်လျူရှုထားမိတတ်ကြပါတယ်။ သင့်ခြေထောက်ကျန်းမာရေးကို အာဟာရတွေက ဘယ်လိုအကျိုးသက်ရောက်စေနိုင်လဲဆိုတာကို သိရင်တော့ သင့်အာဟာရပုံစံကိုချက်ချင်းပြောင်းလဲပစ်ဖို့ စဉ်းစားကောင်းစဉ်းစားပါလိမ့်မယ်။

    ခြေထောက်ဖောရောင်ခြင်းနဲ့နာကျင်ခြင်းအကြောင်းရင်း

    ခြေထောက်ရောင်ရမ်းခြင်းက အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

    အချို့သောအစားအစာတွေက တစ်ရှူးရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ခြေဖဝါးအရွတ်ပြားရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေမှာ ခြေဖဝါးအောက်၊ ခြေဖနောင့်၊နဲ့ ခြေထောက်မည်သည့်နေရာမှာမဆို တစ်ရှူးအတက်ထွက်ခြင်းနဲ့ အလွန်အမင်းနာကျင်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

    ရောင်ရမ်းခြင်းကိုပိုဆိုးစေတဲ့ အစားအစာအချို့ရှိပါတယ်။ သန့်စင်ထားတဲ့ကောက်နှံတွေ၊ သကြားနဲ့ အဆင့်သင့်စားနိုင်အောင်ပြုလုပ်ထားတဲ့ အစာတွေမှာပါတဲ့ မကျန်းမာတဲ့အဆီ၊ အနီရောင်အသားတွေမှာပါတဲ့ ပြည့်ဝဆီ၊နဲ့ ပြောင်းဖူး၊ ပဲ၊ နေကြာဆီတွေကဲ့သို့သော ဟင်းသီးဟင်းရွက်ဆီတွေမှာပါတဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။

    ရောင်ရမ်းခြင်းကိုပိုဆိုးစေနိုင်တဲ့ အခြားအချက်ကတော့ ကောက်ပဲသီးနှံကဲ့သို့သော ယေဘုယျအစားအစာတွေနဲ့ ကြာရှည်ဓတ်မတည့်မှုကြောင့် ဖြစ်ပါတယ်။ အခြားအကြောင်းပြချက်ကတော့ သကြားလုံး၊ ဂျုံ့မှုန့်ဖြူ၊ ပါစတာကဲ့သို့သော သကြားပမာဏကိုတက်စေတဲ့ အစားအစာအများကြီးစားမိခြင်းကြောင့် ဖြစ်ပါတယ်။

    သွေးလွှတ်ကြောရောဂါနဲ့ ဆီးချိုးေရောဂါ

    သွေးလွှတ်ကြောရောဂါနဲ့ ဆီးချိုးေရောဂါတွေက အောက်ပိုင်းအစွန်အဖျားတွေကိုသွေးပို့ပေးတဲ့သွေးလွှတ်ကြောတွေကို ပျက်စီးစေခြင်းဖြင့် ခြေထောက်ကိုထိခိုက်စေပါတယ်။

    ဒိလိုအခြေအနေတွေကနေရှောင်ချင်တယ်ဆိုရင် အာဟာရမျှမျှတတသင့်တင့်အောင် စားဖို့လိုပါတယ်။ ဆား၊ မကျန်းမာစေတဲ့အဆီ၊ ပြည့်ဝဆီပါဝင်မှုနည်းတဲ့အစားအစာ၊ အသီးအနှံဟင်းသီးဟင်းရွက်တွေက သွေးကြောဆိုင်ရာရောဂါတွေဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

    အိုမီဂါသရီးမှီဝဲခြင်းကလည်း သွေးလွှတ်ကြောဆိုင်ရာရောဂါတွေဖြစ်နိုင်ချေကို နည်းစေပါတယ်။

    ဆီးချိုရောဂါခံစားနေရမယ်ဆိုရ်င ကျန်းမာသင့်တင့်တဲ့အစားအစာတွေက သင့်ခြေထောက်ကို နောက်ဆက်တွဲရလဒ်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အတိုချုပ်ပြောရမယ်ဆိုရင် ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အသီးအနှံ၊ အဆီမပါတဲ့အသား၊ အဆီသကြားကန့်သတ်ပမာဏပါဝင်တဲ့ အာဟာရပုံစံကို သတ်မှတ်ထားသင့်ပါတယ်။

    အခြားအခြေအနေတွေအတွက် ကုသမှု

    သကြားများများစားခြင်းက ခြေထောက်နဲ့ကျန်တဲ့ခန္ဓါကိုယ်အစိတ်အပိုင်ေးတွမှာ မှိုစွဲခြင်းကိုဖြစ်စေနိုင်ပါတယ်။ မှိုစွဲခြင်းတွေရှိနေမယ်ဆိုရင် သကြားကိုရှောင်သင့်ပါတယ်။

    ခြေချင်းဝတ်ရောင်ခြင်းက အရေမ်းနာကျင်စေနိုင်ပါတယ်။ အခြားကုသမှုတွေအများကြီးရှိပေမဲ့ သကြားရှောင်ခြင်းက အထောက်အကူပေးနိုင်ပါတယ်။ အုန်းရေနဲ့သခွားသီးကို သဘာဝဆီးရွှင်ဆေးအနေနဲ့ အသုံးပြုနိုင်ပြီး ရောင်ရမ်းခြင်းတွေကိ ု သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် မတ်တပ်ရပ်နေစဉ်မှာ သင့်ခြေထောက်ကသင့်ခန္ဓါကိုယ်အလေးချိန်တစ်ခုလုံးကို

    ထိန်းပေးထားတယ်ဆိုတာကို မမေ့ဖို့အရေးကြီးပါတယ်။ သင့်ကိုယ်အလေးချိန်များလေ သင့်ခြေထောက်အပေါ်ဖိအားများလေ ဖြစ်ပါတယ်။ အဝလွန်သူတွေမှာ သူတို့ရဲ့ကိုယ်အလေးချိန်ကြောင့် ခြေထောက်နဲ့ကျန်းမာရေးပြဿနာတွေအလွန်များပြားလှပါတယ်။

    အဝလွန်ခြင်းက သင့်ခြေထောက်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ပြီး ထိခိုက်မှုဖြစ်နိုင်ချေပိုများပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းက ကြီးမားတဲ့အကျိုးသက်ရောက်မှုကောင်းကောင်းကို ဖြစ်စေနိုင်ပါတယ်။ သင့်အာဟာရပုံစံကိုပြောင်းလဲပြီး အာဟာရပြည့်ဝအောင် ကြိုးစားသင့်ပါတယ်။

    သင့်ခြေထောက်ကျန်းမာရေးကို အစားအစာတွေကသက်ရောက်မှုပေးနိုင်ပေမဲ့လည်း လူအများစုက ဒီကိစ္စနဲ့ပတ်သက်ပြီး အထင်အမြင်သေးကြပါတယ်။ အာဟာရသင့်တင့်မျှတခြင်းက သင့်ခြေထောက်နဲ့သင့်တစ်ကိုယ်လုံးအတွက် အကျိုးသက်ရောက်မှုကောင်းစေပါတယ်။ အာဟာရပုံစံမှားယွင်းနေမယ်ဆိုရင် ပြောင်းလဲဖို့သင့်အတွက်အအချိန်တန်နေပါပြီ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement