backup og meta

Trapeziectomy (လေးထောင့်ရိုးထုတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်းရင်းများပြင်ဆင်ခြင်းပြန်လည်သက်သာလာခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

Trapezium ဆိုတာဘာလဲ

Trapezium လေးထောင့်ရိုး ဆိုတာ လက်ကောက်ဝတ်မှာရှိတဲ့ လေးထောင့်ဆတ်ဆတ်အရိုးလေးတစ်ခုဖြစ်ပြီး လက်မရိုးအခြေနဲ့ဆက်ထားသော အရိုးလေးဖြစ်ပါတယ်။

အဆစ်ရောင်ခြင်းရောဂါတွေထဲမှာ အဆစ်တွေထိခိုက်ပျက်စီးသွားတတ်တဲ့ အဆစ်ရောင်ခြင်းအခြေအနေတစ်ခုရှိတယ်။

ထိုအခြေအနေမှာဆိုရင် အဆစ်တွေရဲ့မျက်နှာပြင်ကိုကာထားတဲ့ အရိုးနုတွေ တဖြေးဖြေးစားသွားပြီး အောက်ခံအရိုးပျက်စီးကာ အဆစ်နာခြင်း၊ တောင့်တင်းခြင်း၊ အားနည်းခြင်းများ ဖြစ်လာတတ်ပါတယ်။

အကြောင်းရင်းများ

Trapeziectomy ကိုဘာလို့လုပ်ကြသလဲ

နာကျင်မှုကိုသက်သာစေဖို့နဲ့ လက်မပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်စေဖို့ လုပ်ကြပါတယ်။

ဘာတွေဖြစ်နိုင်လဲ

လက်မလှုပ်ရှားမှုကိုထိန်းချုပ်ဖို့ သတ္ထုချောင်းတစ်ခုခုနဲ့ ချည်ထားရနိုင်ပါတယ်။

နာကျင်မှုကိုသက်သာဖို့ စတီးရွိုက်ထိုးဆေးတစ်မျိုး ထိုးပါတယ်။

အဆစ်တစ်ခုလုံးကို သတ္ထု၊ ပလတ်စတစ်တို့နဲ့ လုပ်ထားတဲ့ အဆစ်တုနဲ့အစားထိုးလို့ဖြစ်နိုင်ပါတယ်။

ငယ်ရွက်သွက်လက်ဆဲလူများမှာဆိုရင် လို့ခေါ်တဲ့ အရိုးများကိုချိတ်ဆက်ထိန်းချုပ်ထားတဲ့နည်းက ပိုကောင်းပါလိမ့်မယ်။

ခွဲစိတ်မှုမပြုလုပ်ခင်ဖြစ်နိုင်ချေများ၊ အန္တရာယ်များကို ကြိုတင်သိရှိနားလည်ထားတာကောင်းပါလိမ့်မယ်။ သိလိုသည်များရှိပါက ဆရာဝန်၊ ခွဲစိတ်ဆရာဝန်တို့နဲ့ သေချာဆွေးနွေးတိုင်ပင်ပါ။

ပြင်ဆင်ခြင်း

လတ်တလောမှီဝဲနေရတဲ့ဆေးတွေ၊ ရောဂါအခြေအနေတွေကို ဆရာဝန်ကိုပြောပြပါ။ ဓါတ်မတည့်ခြင်းများရှိလျှင်လည်းပြောပြပါ။ ခွဲစိတ်မှုမတိုင်ခင် ရပ်တန့်ရမည့် ဆေးများရှိပါကလည်း သေချာလိုက်နာပါ။

ခွဲစိတ်မှုမတိုင်ခင်မှာ လိုက်နာလုပ်ဆောင်သင့်တဲ့ စည်းကမ်းချက်တွေကို သေချာသိထားတာအကောင်းဆုံးပါ၊ ခွဲစိတ်မှုမတိုင်မီ ဘာတွေစားလို့ရလဲ အပါအဝင်ပေါ့။ များသောအားဖြင့်တော့ ခွဲစိတ်မှုမတိုင်ခင် ၆ နာရီအလိုကတည်းက အစားရှောင်ထားရပါတယ်။ ကော်ဖီလိုမျိုး အရည်တစ်မျိုးမျိုးတော့ နာရီပိုင်းအနည်းငယ်လိုသည်အထိ သောက်နိုင်ပါတယ်။

ဘာတွေလုပ်လဲ

မေ့ဆေးကတော့ နည်းအမျိုးမျိုးရှိပါတယ်။ တစ်နာရီကနေ မိနစ် ၉၀ လောက်ထိကြာနိုင်တယ်။ လက်ခုံပေါ် လက်မအောက်ခြေလောက်မှာ ခွဲရာသေးသေးပေးပြီး ရိုးကိုဖယ်ထုတ်ပစ်ပါလိမ့်မယ်။ လက်မနဲ့ လက်ကောက်ဝတ်ကို အရွတ်တစ်ချောင်းနဲ့ ဆက်သွယ်ပေးပါလိမ့်မယ်။

trapeziectomy လုပ်ပြီးချိန်မှာဘာလုပ်ရမလဲ

ထိုရက်မှာပဲအိမ်ပြန်နိုင်ပါတယ်။

နှစ်ပတ်လောက်ထိ လက်မြှောက်ထားရပါလိမ့်မယ်။

ပတ်တီးကို ၄ ပတ်မှ ၆ ပတ်လောက်တွင်ဖယ်နိုင်ပြီး လက်မနဲ့လက်ချောင်းတွေအတွက် လေ့ကျင့်ခန်းလုပ်ပေးရမယ်။ တံတောင်ဆစ်နဲ့ပုခုံးလေ့ကျင့်ခန်းတွေကလည်း အရိုး၊ ကြွက်သားများ တင်းတောင့်ခြင်းကိုသက်သာစေပါလိမ့်မယ်။

ပုံမှန်လေ့ကျင့်ခန်းတွေလုပ်ပေးခြင်းက အမြန်ဆုံး နေ့စဉ်ပုံမှန်အတိုင်း ပြန်လှုပ်ရှားနိုင်အောင ်ကူညီပေးပါလိမ့်မယ်။ လေ့ကျင့်ခန်းတွေအတွက် ဆရာဝန် သို့ ကျန်းမာရေးဝန်ထမ်းတွေဆီကနေ အကြံဉာဏ်တောင်းခံနိုင်ပါတယ်။

နောက်တစ်နှစ်လောက်ဆိုရင် လက်မကိုအကောင်းပကတိအတိုင်း လှုပ်ရှားလို့ရပါပြီ။

သိလိုသည်များရှိပါကဆရာဝန်နဲ့ သေချာမေးမြန်းဆွေးနွေးတိုင်ပင်ပါ။

ပြန်လည်သက်သာလာခြင်း

ခွဲစိတ်ပြီးလျှင်ဘာဖြစ်နိုင်လဲ

အဆင့်တိုင်းမှာအန္တရာယ်လေးတွေရှီနိုင်တဲ့အတွက် ဆရာဝန်နဲ့သေချာမေးမြန်းတိုင်ပင်ပါ။

ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကတော့ မမျှော်လင့်ထားသော မေ့ဆေးတုံ့ပြန်မှု၊ သွေးထွက်လွန်ခြင်း၊ သွေးခဲခြင်း တို့ဖြစ်နိုင်ပါတယ်။ ခွဲစိတ်မှုအပြီးမှာ လက်မထုံခြင်း၊ နာခြင်း၊ တောင့်တင်းခြင်းတို့အပြင် နောက်ထပ်လက်သုံးမရအောင်ထိ ဖြစ်သွားနိုင်ပါတယ်။

ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို ဆရာဝန်ညွှန်ကြားချက်တွေကို သေချာလိုက်နာခြင်းဖြင့် လျှော့ချနိုင်ပါတယ်။ ဥပမာ- ေ ဆးတစ်ချို့ကိုရပ်ထားတာမျိုး၊ အစားရှောင်တာမျိုးပေါ့။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Trapeziectomy https://www.nuffieldhealth.com/treatments/trapeziectomy. Accessed July 6, 2016.
Trapeziectomy. NHS Foundation Trust. https://www.stockport.nhs.uk/documents/PIL/26813_TO58.pdf. Accessed July 6, 2016.

ယခုပုံစံ

12/05/2020

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဘာတွေပြင်ဆင်ထားရမလဲ

ငလျင်အတွက် အကူအညီများ ရယူရန်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement