backup og meta

Prostate Disease Surgery (ဆီးကျိတ်ခွဲစိတ်ခြင်း)

Prostate disease surgery ဆိုတာဘာလဲ။

ဆီးပြွန်မှတစ်ဆင့် ဆီးကျိတ်ခွဲစိတ်ခြင်း Transurethral resection of the prostate (TURP) ဟာ ဆီးကျိတ်ကြီးမားခြင်းကြောင့် ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာ အသင့်အတင့်မှ များပြားခြင်းကို လျော့နည်းစေဖို့အတွက် ဆီးကျိတ်ခွဲစိတ်မှု တစ်ခုဖြစ်ပါတယ်။

Transurethral resection of the prostate (TURP) ဟာ ဆီးကျိတ်ကြီးမားခြင်းကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကုသဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ခွဲစိတ်မှုဟာ သင့်အတွက် သင့်လျော်လားဆိုတာ သိရှိဖို့အတွက် ဆရာဝန်က နောက်ဆက်တွဲဆိုးကျိုးတွေရဲ့ ပြင်းထန်မှုတွေကို လေ့လာစစ်ဆေးမှာ ဖြစ်ပြီး အခြားရောဂါရှိမရှိ၊ ဆီးကျိတ်ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍန်ကို စစ်ဆေးမှာ ဖြစ်ပါတယ်။

Prostate disease surgery တွေကို ဘာကြောင့် လုပ်ကြတာလဲ။

Transurethral resection of the prostate (TURP) ကို ဆီးကြောပိတ်ခြင်းကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကုသဖို့နဲ့ ကာကွယ်ဖို့အတွက် အသုံးပြုပါတယ်။ ဥပမာ

  • ဆီးလမ်းကြောင်း ရောဂါပိုးဝင်ခြင်း မကြာခဏ ဖြစ်ခြင်း
  • ဆီးအိမ်၊ ကျောက်ကပ် ပျက်စီးခြင်း
  • ဆီးမထိန်းနိုင်ခြင်း
  • ဆီးအိမ်ကျောက်တည်ခြင်း
  • ဆီးအတွင်း သွေးပါခြင်း

ဆီးကျိတ်ကြီးမားခြင်းအတွက် ကုသမှုများစွာ ရှိသော်လည်း ဆီးကျိတ်ခွဲစိတ်မှုဟာ အသုံးအများဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

Prostate disease surgery ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

တကယ်တော့ ဆရာဝန်တွေဟာ ရေရှည် ပြဿနာ ဖြေရှင်းနည်းအနေနဲ့ ဆီးကျိတ်ကြီးမားခြင်းအတွက် ဆေးတွေကို ရှားရှားပါးပါး အသုံးပြုကြပါတယ်။ အခြေအနေ အများစုမှာ ဒီခွဲစိတ်မှုဟာ လက္ခဏာတွေကို ၇ နှစ်ကနေ ၁၅ နှစ်အထိ သက်သာစေနိုင်ပါတယ်။

ခွဲစိတ်မှုအပြီးမှာ ဆီးကျိတ်ကင်ဆာနဲ့ ဆီးကျိတ်ကို စစ်ဆေးဖို့အတွက် စအိုမှတစ်ဆင့် စစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။

ခွဲစိတ်မှုမပြုလုပ်မီမှာ ဆိုးကျိုးတွေ၊ သတိပေးချက်တွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။ သင့်မှာ မေးခွန်းတွေရှိရင် ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ခွဲစိတ်မှုရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိထားဖို့ အရေးကြီးပါတယ်။ မေးစရာရှိရင် ခွဲစိတ်ဆရာဝန်ကို ဆက်သွယ်မေးမြန်းသင့်ပါတယ်။

Prostate disease surgery တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

ခွဲစိတ်မှုမပြုလုပ်မီ ဆရာဝန်က cystoscopy ပြုလုပ်ပြီး ဆီးပြွန်နဲ့ ဆီးအိမ်ရဲ့ပုံသဏ္ဍန်ကို လေ့လာကြည့်မှာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုဟာ ဆရာဝန်ကို ဆီးကျိတ်ရဲ့ အရွယ်အစားကို သိရှိစေပြီး လောလောဆယ် ဆီးလမ်းကြောင်းရဲ့ အခြေအနေကို သိရှိစေနိုင်ပါတယ်။

ပြီးရင်တော့ ဆရာဝန်က အခြားစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဆီးကျိတ်အရွယ်အစား တိုင်းတာခြင်း၊ ဆီးသွားမှုစစ်ဆေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

ခွဲစိတ်မှုမပြုခင် သောက်နေတဲ့ဆေးတွေ၊ ဆေးမတည့်မှုတွေ၊ အခြားကျန်းမာရေးအခြေအနေအကြောင်းတွေကို ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး မေ့ဆေးအစီအစဉ် ဆွဲသင့်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်မီ စားသောက်မှု ရပ်သင့်တဲ့အချိန်နဲ့ ပတ်သက်ပြီး ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။

Prostate disease surgery နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

Prostate ablation ကို မေ့ဆေး (သို့) ခါးထုံဆေးနဲ့ ပြုလုပ်နိုင်ပါတယ်။ ဒီကုသမှုဟာ တစ်နာရီအထိ ကြာမြင့်နိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်က ကင်မရာပါတဲ့ ပြွန်ကို ဆီးအိမ်အတွင်းထည့်ပြီး ဆီးကျိတ်တစ်ရှူးကို တိကာ ဆီးပြွန်ပေါ်မှာ ဖိအားသက်ရောက်မှုကို လျော့နည်းစေမှာ ဖြစ်ပါတယ်။

Prostate disease surgery လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

ခွဲစိတ်မှုအပြီး သုံးလေးရက်နေရင် အိမ်ပြန်နိုင်မှာ ဖြစ်ပါတယ်။ ဆီးသွားချိန် ပထမ အကြိမ်အနည်းငယ်အထိ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ၄ ပတ်မှ ၆ ပတ်အထိကြာရင်တော့ အခြေအနေပေါ်မူတည်ပြီး အလုပ်ပြန်လုပ်နိုင်ပြီ ဖြစ်ပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို နေ့စဉ်လှုပ်ရှားမှုကို အမြန်ဆုံးပြန်လုပ်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမလုပ်မီ ကျန်းမာရေးစောင့်ရှောက်သူ (သို့) ဆရာဝန်ကို အကြံဉာဏ်တောင်းသင့်ပါတယ်။

ဒီစစ်ဆေးမှုနဲ့ပတ်သက်ပြီး မေးစရာရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ။

နောက်ဆက်တွဲဆိုးကျိုးတွေမှာ အောက်ပါအချက်တွေပါဝင်ပါတယ်။

သွေးဆင်းများခြင်း – အချို့လူတွေဟာ ခွဲစိတ်စဉ်အတွင်း သွေးဆင်းများခြင်းကြောင့် သွေးသွင်းဖို့ လိုအပ်နိုင်ပါတယ်။ ဒါဟာ အလွန်ရှားပါးပါတယ်။ တကယ်လို့ သင့်ဆီးကျိတ်ဟာ ပုံမှန်ထက် ကြီးတယ်ဆိုရင် သွေးပိုထွက်နိုင်ပါတယ်။

သွေး ဆိုဒီယမ် ပမာဏနည်းခြင်း – ဒါဟာ ဆီးပြွန်မှတစ်ဆင့် ဆီးကျိတ်ခွဲစိတ်ခြင်းရဲ့ ရှားပါးတဲ့ ဆိုးကျိုးဖြစ်ပါတယ်။ ခွဲစိတ်စဉ်မှာ ခွဲစိတ်တဲ့နေရာကို ဆေးကြောဖို့ အသုံးပြုတဲ့အရည်ကို ကိုယ်ခန္ဓါမှ စုပ်ယူတာကြောင့် ဖြစ်ပါတယ်။ ဒီအခြေအနေဟာ မကုသရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။

ဆရာဝန်တွေက ဆီးပြွန်မှတစ်ဆင့် ဆီးကျိတ်ခွဲစိတ်ခြင်းရဲ့ ဆိုးကျိုးကို လျှော့ချနိုင်ဖို့အတွက် bipolar surgical method ကို ဆားရည်ဆေးချဖို့အတွက် အသုံးပြုပါတယ်။

ဆီးသွားရ ခက်ခဲခြင်း – ခွဲစိတ်မှုအပြီး ရက်အနည်းငယ်မှာ ဆီးကျန်ခြင်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်ဆီးသွားနိုင်သည်အထိ လိင်တံမှတစ်ဆင့် ပြွန်တစ်ခု ထည့်ထားဖို့လိုအပ်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း – ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ ဆီးကျိတ်ခွဲစိတ်မှုအပြီး ဖြစ်ပွားနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ ဆီးပြွန်ကို လိင်တံအတွင်းမှာ ကြာမြင့်စွာ ထည့်ထားရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်နိုင်တာကြောင့် ပိုးသတ်ဆေးသောက်ရနိုင်ပါတယ်။ အချို့ခွဲစိတ်မှုတွေဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပြန်ဖြစ်စေနိုင်ပါတယ်။

ဆီးထိန်းရခက်ခဲခြင်း – ဆီးထိန်းရခက်ခဲခြင်းဟာလည်း ဒီခွဲစိတ်မှုရဲ့ ရေရှည် ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။

Dry orgasm – ဒီခွဲစိတ်မှုဟာ သုက်ပိုးနောက်ပြန်လွှတ်ခြင်းကို ဖြစ်စေပါတယ်။ သုက်ပိုးတွေဟာ လိင်တံထဲ ဆင်းလာရမယ့်အစား ဆီးကျိတ်အတွင်း ပြန်ရောက်သွားခြင်းကို ဆိုလိုပါတယ်။ ဒီလိုနောက်ပြန်သုက်လွှတ်ခြင်းဟာ လိင်ပိုင်းဆိုင်ရာ သာယာမှုကို မထိခိုက်စေပါဘူး။

ဒါပေမယ့် ကလေးရရှိမှုကိုတော့ ထိခိုက်စေနိုင်ပါတယ်။ ကြာရှည်တဲ့ ဆိုးကျိုးတွေကို ခွဲစိတ်မှုခံယူတဲ့ အမျိုးသားတွေရဲ့ ၇၅%မှာ တွေ့ရတတ်ပါတယ်။

လိင်တံထောင်မတ်မှု ထိန်းသိမ်းနိုင်ခြင်းမရှိခြင်း – ဒီအခြေအနေဟာ ရှားပါးပေမယ့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတစ်ခုဖြစ်ပါတယ်။

လက္ခဏာတွေ ပြန်ဖြစ်တတ်ခြင်း- ခွဲစိတ်မှုအပြီးမှာ လက္ခဏာ လျော့သွားတတ်ခြင်းမရှိတာကြောင့် အချို့လူတွေဟာ ကုသမှုအပြီးမှာ စောင့်ကြည့်ဖို့လိုအပ်နိုင်ပါတယ်။

ခွဲစိတ်မှုမပြုမီ အစာမစားခြင်း၊ ဆေးအချို့ကို ရပ်ခြင်း အစရှိတဲ့ ဆရာဝန်ညွှန်ကြားချက်တွေကို လိုက်နာခြင်းအားဖြင့် နောက်ဆက်တွဲဆိုးကျိုးဖြစ်ပွားမှုကို လျှော့ချနိုင်ပါတယ်။

သင့်မှာ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေရှိရင် ဆရာဝန်နဲ့ ဆက်သွယ်မေးမြန်းသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Enlarged Prostate and Prostate Surgery http://www.webmd.com/men/guide/enlarged-prostate-time-prostate-surgery. Accessed July 5, 2016.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဘာတွေပြင်ဆင်ထားရမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement