မျက်စိအား ပြည့်စုံစွာစစ်ဆေးခြင်း။ ခွဲစိတ်ပြီးချိန်မှာ နောက်ဆက်တွဲပြသနာဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိမရှိ မျက်စိဆရာဝန်ဟာ စစ်ဆေးပါလိမ့်မယ်။
ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း
မျက်လုံးအားတိုင်းတာခြင်း။
အလှူရှင်ဆီက မျက်ကြည်လွှာ ဘယ်လောက်ရယူရမယ်ဆိုတာ တိုင်းတာပါလိမ့်မယ်။ ဆေးဝါးသောက်သုံးမှုတွေကို သုံးသပ်ပါလိမ့်မယ်။ သောက်ဆေးတချို့ကို မျက်ကြည်လွှာ အစားထိုးခြင်း ပြုခါနီးမှာ သောက်သုံးမှုရပ်ထားဖို့ လိုအပ်ပါတယ်။
အခြား မျက်စိပြသနာများကို ကုသခြင်း။ ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းစတဲ့ အခြားသော မျက်စိပြသနာများဟာ မျက်ကြည်လွှာကို အောင်မြင်စွာ အစားထိုးနိုင်ရေးကို လျော့နည်းစေပါတယ်။ မျက်ကြည်လွှာ ခွဲစိတ်မှုမတိုင်ခင် ဒီပြသနာတွေကို ကုသပါလိမ့်မယ်။
ကုသမှုအစီအစဉ်တွေက ဘာတွေလဲ
မေ့ဆေးထုံဆေး အမျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ ခွဲစိတ်မှုဟာ တနာရီ ၂နာရီ ကြာနိုင်ပါတယ်။ ဆရာဝန်ဟာ မကောင်းတဲ့ မျက်ကြည်လွှာ အလယ်ပိုင်းကို ဖယ်ထုတ်ပြီး အလှူရှင်ဆီက ရတဲ့ မျက်ကြည်လွှာကို အစားထိုးပါလိမ့်မယ်။
မျကပ်ကြည်လွှာတပြင်လုံး အစားထိုးတာ၊ ဒါမှမဟုတ် အပြင်လွှာ အတွင်းလွှာ အစားထိုးတာ စသဖြင့် ရှိနိုင်ပါတယ်။ အစိတ်အပိုင်းအသစ်ကို မြဲမြံနေအောင် ဆရာဝန်ဟာ ချုပ်ရိုးငယ်လေးတွေနဲ့ တွဲဆက်ထားပါလိမ့်မယ်။
မျက်ကြည်လွှာ အစားထိုးခြင်း လုပ်ဆောင်ပြီးချိန်မှာ ဘာလုပ်ရမလဲ
လူအများစုဟာ တညနေကြပေမယ့် ခွဲတဲ့နေ့မှာပဲ အိမ်ပြန်နိုင်ပါတယ်။
ဆရာဝန်ဟာ မျက်စဉ်းနဲ့ သောက်ဆေးတွေ အိမ်ကိုထည့်ပေးလိုက်ပါလိမ့်မယ်။
ဆရာဝန်နဲ့ ပြန်မပြမချင်း အလေးအပင်မခြင်း၊ ရေကူးခြင်း မလုပ်သင့်ပါဘူး။
လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ခြင်းဟာ ပုံမှန်လှုပ်ရှားမှုတွေကို မြန်မြန်ဆန်ဆန် ပြန်ရစေနိုင်ပါတယ်။ လေ့ကျင်ပခန်း မစခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။
လူအများစုဟာ လျင်မြန်စွာ သက်သာလာတတ်ပါတယ်။ မြင်ကွင်းကောင်းကောင်းရလာနိုင်ဖို့ တနှစ်လောက် အချိန်ပေးရနိုင်ပါတယ်။ မျက်ကြည်လွှာ ပုံသဏ္ဍာန်ကို ပြောင်းလဲဖို့ တခြားခွဲစိတ်မှု လိုအပ်ပါတယ်။
ဆရာဝန်ဟာ မျက်ကြည်လွှာမှာ အနာကောင်းကောင်းကျက်ပြီး အစားထိုးခြင်း အောင်မြင်မှု ရှိမရှိ စစ်ဆေးဖို့ ဆေးခန်းကို ပုံမှန်ချိန်းဆိုပါလိမ့်မယ်။
နောက်ဆက်တွဲပြသနာများ
နောက်ဆက်တွဲပြသနာတွေက ဘာတွေလဲ
မျက်ကြည်လွှာ အစားထိုးခြင်းဟာ ဘေးကင်းတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် သေးငယ်တဲ့ နောက်ဆက်တွဲပြသနာတွေ ရှိနိုင်ပါတယ်။ အဲဒါတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- မျက်စိပိုးဝင်ခြင်း
- မျက်စိမှန်ဘီလူးတွင် တိမ်ဖြစ်လာခြင်း
- ရေချိန်တက်လာခြင်း
- ချုပ်ရိုးတွင် ပြသနာဖြစ်ခြင်း
- အလှူရှင်၏ မျက်ကြည်လွှာကို ကိုယ်ခန္ဓါမှ လက်မခံခြင်း
တချို့ကိစ္စတွေမှာ ကိုယ်ခန္ဓါရဲ့ ကိုယ်ခံအားစနစ်ဟာ အလှူရှင်ရဲ့ မျက်ကြည်လွှာကို တိုက်ထုတ်တတ်ပါတယ်။ ဒီပြသနာကို ကိုယ်ခံအားစနစ်အရ လက်ခံခြင်းလို့ သတ်မှတ်ပြီး ဆေးဝါးကုသဖို့၊ တခြားမျက်ကြည်လွှာ အစားထိုးဖို့ လိုအပ်ပါတယ်။ အောက်ပါလက္ခဏာတွေ သတိပြုမိရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
- အမြင်အာရုံကွယ်ခြင်း
- နာကျင်ခြင်း
- နီရဲခြင်း
- အလင်းရောင်ကို မခံနိုင်ခြင်း
- အစားထိုးမျက်ကြည်လွှာ၏ ၂၀% ခန့်ကို လက်မခံနိုင်ခြင်း
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။