အသားဆေး ထိုးလိုက်တယ်။ ထိုးပြီး သိပ်မကြာဘူး။ ထိုးတဲ့နေရာမှာ အဖုလိုလို အကျိတ်လိုလို ဖြစ်လာတယ်။ နောက်ပြီး ရောင်လာတယ်။ နာလာတယ်ဆိုရင် ဆေးထိုးတဲ့ နေရာက ပြည်တည်နေပြီလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ သိပ်မကြာခင်ကများ ပြည်တဲ့နေရာမှာ ဆေးထိုးထားဖူးလားပေါ့။ ဆေးထိုးတဲ့နေရာက ပြည်တည်တာ သိပ်ရှားပါးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။