backup og meta

Omicronကူးစက်မှုရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Omicronကူးစက်မှုရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ။

    လတ်တလော လူတိုင်းရဲ့ ပါးစပ်ဖျားမှာရော စိတ်ကူးတွေထဲမှာပါ နေရာယူထားပြီး သိချင်နေမယ့် ကျန်းမာရေး ပြဿနာက Omicron အကြောင်း ဖြစ်မယ်ထင်ပါတယ်။ ကာကွယ်ဆေးတွေ ထိုးထားတာတောင် Omicronက ဖြစ်တာပဲ။ ဖြစ်ဖူးတဲ့သူတွေမှာ ဖြစ်နိုင်ခြေ ပိုများတယ်ဆိုတဲ့ စကားလုံးတွေကြားမှာ ခေါင်းလေးပဲ ကိုက်ကိုက်၊ ဇက်ကြောလေးပဲ တက်တက်၊ နှာလေးပဲ စေးစေး Omicron များဖြစ်နေပြီလားဆိုပြီး စိုးရိမ်နေကြမယ် ထင်ပါတယ်။ ဒီလိုဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

    ဒီဆောင်းပါးလေးထဲမှာ Omicronကူးစက်မှုရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကဲ …… ဘယ်လို လက္ခဏာတွေ ဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    Omicronကူးစက်မှုရဲ့ ကာလအတိုင်းအတာ

    Omicronကူးစက်မှုရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ။

    Omicronက ကမ္ဘာ့နိုင်ငံတွေမှာ ပြန့်နှံ့ဖြစ်ပွားနေတာက တစ်လကျော်တောင် ကြာခဲ့ပါပြီ။ ဒီကာလအတွင်း လူဦးရေများစွာကို ကူးစက်ခဲ့ပြီး ရောဂါဖြစ်ဖူးသူတွေမှာ ကူးစက်မှု ပိုများသလို ကလေးငယ်တွေမှာလည်း တော်တော်လေး ကူးစက်မှုနှုန်း မြင့်နေပါတယ်။

    ကာကွယ်ဆေးတွေရော ထပ်ဆောင်းကာကွယ်ဆေးတွေပါ ထိုးပြီးသူတွေမှာပါ ကူးစက်တာတွေ ရှိနေပါတယ်။ ဒီကာလအတွင်းမှာ လေ့လာတွေ့ရှိခဲ့တဲ့ Omicronကူးစက်မှုရဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကို သတိထားနိုင်ဖို့ ပြောပြပေးသွားပါမယ်။

    Omicronကူးစက်မှုရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ။

    စစ်တမ်းတွေအရ Omicron ကူးစက်ခံရတဲ့အခါ အတွေ့ရများတဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

    ဘယ်လို သက်သာအောင် လုပ်မလဲ။

    Omicronကူးစက်မှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ၊ အဖျားရှိတာ၊ ကိုယ်ပူတာတွေလိုမျိုး လက္ခဏာတွေကို သက်သာစေဖို့ဆိုရင် ရေများများသောက်တာ၊ ခေါင်းကိုက်သက်သာစေတဲ့ ဆေးတွေ၊ အဖျားကျဆေးတွေ သောက်လို့ရပါတယ်။ ဒီလို သောက်သုံးပေးတာက အတိုင်းအတာ တစ်ခုအထိတော့ သက်သာစေနိုင်ပါတယ်။

    Omicron ရဲ့ လက္ခဏာတွေကို လုံးဝရပ်တန့်ပစ်ဖို့တော့ မလွယ်ပါဘူး။ အကောင်းဆုံးသော နည်းလမ်းက မဖြစ်ခင်က ကြိုတင် ကာကွယ်တာပါ။

    ဘယ်လို ကာကွယ်မလဲ။

    Omicron ကူးစက်မှုကနေ ကာကွယ်ဖို့ဆိုရင်

    ကာကွယ်ဆေး ထိုးပါ

    ကိုဗစ် ကာကွယ်ဆေးတွေလည်း အမျိုးအစား ရွေးစရာ အများကြီး ရှိလာခဲ့ပြီ ဖြစ်သလို လူတော်တော်များများဟာလည်း ကာကွယ်ဆေး ၂ ကြိမ်တောင် ထိုးပြီးကြပါပြီ။ ကာကွယ်ဆေးက ကိုဗစ် လုံးဝ မကူးစက်အောင် မကာကွယ်ပေးနိုင်ဘူးဆိုပေမယ့် ထိုက်သင့်သလောက်တော့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ၂ ကြိမ် ပြည့်မီအောင် ထိုးထားပါ။

    အကောင်းဆုံးကတော့ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံတာပါပဲ။ ထပ်ဆောင်းကာကွယ်ဆေးကို အမျိုးအစားအလိုက် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးလို့ ၃ လနဲ့ ၆လ အကြာမှာ ထိုးနှံလို့ ရပါပြီ။ Omicron ကို ထိုက်သင့်သလောက် ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေကို ထိုးထားဖို့ လိုပါမယ်။

    ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်ပါ

    အပြင်ထွက်တဲ့ အခါတိုင်း၊ လူစုလူဝေးဖြစ်မယ့် နေရာတွေကို သွားတိုင်းမှာ ပါးစပ်နဲ့နှာခေါင်းစည်းကို သေသေချာချာ တပ်ဆင်ပါ။ နှာခေါင်းစည်းကို စုတ်ပြဲနေတာ၊ စိုနေတာ၊ ညစ်ပေနေတာတွေ ရှိ၊မရှိ သေချာလေး ဆန်းစစ်ပါ။

    အလုံပိတ်နေရာတွေကို ရှောင်ပါ

    အလုံပိတ်နေရာတွေက ကိုဗစ် ကူးစက်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အခုလို ရောဂါဖြစ်ပွားမှုနှုန်းတွေ မြင့်တက်နေချိန်မှာ အလုံပိတ်နေရာတွေ ဖြစ်တဲ့ ဈေးဝယ်စင်တာလိုမျိုး နေရာတွေကို မသွားဖို့ လိုပါမယ်။ ကိုယ်တိုင်ရော မိသားစုဝင်တွေပါ မသွားမိဖို့ ဂရုစိုက်ပါ။ မဖြစ်မနေ သွားရမယ်ဆိုရင် ပါးစပ်နဲ့နှာခေါင်းစည်းကို သေချာ တပ်ဆင်ဖို့ လိုပါမယ်။ ပြီးရင် အိမ်ပြန်ရောက်တာနဲ့ ပိုးသတ်သန့်စင်တာတွေ လုပ်ဖို့ လိုပါမယ်။

    လက်ကို မကြာခဏ ဆေးကြောသန့်စင်ပါ

    လက်တွေကို အပြင်က ပြန်လာတိုင်း၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်တွေကို ရေနဲ့ ဆပ်ပြာနဲ့ သေချာလေး သန့်စင်ဆေးကြောပေးပါ။

    တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ

    အခုချိန်မှာ Omicronကို ကာကွယ်ဖို့ လိုက်နာရမယ့် နည်းလမ်းက လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေတာပါ။ တစ်ဦးဦးနဲ့ တစ်ဦး အနည်းဆုံး ၆ ပေ အကွာမှာ နေတာက ရောဂါ ကူးစက်မှုကို ရပ်တန့်နိုင်မှာပါ။

     ပိုးသတ်သန့်စင်ပါ

    တစ်နေ့တာမှာ ကိုင်တွယ်ထိတွေ့ အသုံးပြုမယ့် ပစ္စည်းတွေကို ပိုးသတ်သန့်စင်တာကလည်း ရောဂါပိုး ကူးစက်ခံရနိုင်ခြေကို လျှော့ချတာပါပဲ။ ဖုန်း၊ စားပွဲတွေနဲ့ အခြားသော အသုံးအဆောင်တွေကို အရက်ပြန် အသုံးပြုပြီး ပိုးသတ်သန့်စင်ပေးပါ။

    အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို သေသေချာချာ လိုက်နာပြီး ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ omicron ကူးစက်မခံရအောင် ကာကွယ်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement