backup og meta

အအေးမိတာနဲ့ ခပ်ဆင်ဆင်တူနေတဲ့ Omicronရဲ့ လက္ခဏာသစ် (၂) ရပ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အအေးမိတာနဲ့ ခပ်ဆင်ဆင်တူနေတဲ့ Omicronရဲ့ လက္ခဏာသစ် (၂) ရပ်

    Omicron ရဲ့ လက္ခဏာတွေက အခြား ကိုဗစ်မျိုးစိတ်တွေ ကူးစက်ခံရတဲ့အခါ ခံစားရတဲ့ လက္ခဏာတွေနဲ့ ကွာခြားမှုတွေ ရှိတာကို တွေ့ရပါတယ်။ လက်ရှိအထိ ကတော့ အဆက်မပြတ်ချောင်းဆိုးတာ၊ ကိုယ်ပူကြီးတာ၊ အနံ့အရသာပျောက်တာတွေက ကိုဗစ်ရဲ့ ထူးခြားတဲ့ လက္ခဏာတွေအဖြစ် သတ်မှတ်ထားဆဲပါ။

    ဒါပေမယ့် အခုနောက်ဆုံး ကူးစက်ဖြစ်ပွားနေတဲ့ Omicron မျိုးစိတ်ကူးစက်ခံရရင်တော့ ခံစားရတဲ့ လက္ခဏာတွေက အအေးမိဖျားနာတာနဲ့ ခပ်ဆင်ဆင် တူနေပါတယ်။

    Omicron ကူးစက်ခံရတဲ့အခါ နှာစေးတာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ၊ နှာချေတာလိုမျိုး သာမန်ဖျားနာမှု ဖြစ်ရင် ခံစားရလေ့ရှိတဲ့ လက္ခဏာတွေကို ခံစားကြရပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး လေ့လာတွေ့ရှိချက်တွေအရတော့ Omicron ကူးစက်ခံရတဲ့အခါ ဦးခေါင်း၊ နှာခေါင်းနဲ့ လည်ချောင်းကို မထိခိုက်စေတဲ့ လက္ခဏာသစ် ၂ ရပ်ကို ခံစားရနိုင်တယ်ဆိုတာပါ။

    ဒါတွေက ဘာလက္ခဏာတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    အအေးမိတာနဲ့ ခပ်ဆင်ဆင်တူနေတဲ့ Omicronရဲ့ လက္ခဏာသစ် (၂) ရပ်

    အအေးမိတာနဲ့ ခပ်ဆင်ဆင်တူနေတဲ့ Omicronရဲ့ လက္ခဏာသစ် (၂) ရပ်

    လေ့လာချက်တွေအရ Omicronရဲ့ လက္ခဏာသစ် (၂) ရပ်က အခြား လက္ခဏာတွေနဲ့ မတူဘဲ ခန္ဓာကိုယ်ကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ထိခိုက်စေတယ်ဆိုတာကို တွေ့ရှိရပါတယ်။
    Omicron ကူးစက်ခံရသူတွေဟာ ရောဂါပိုး ကူးစက်ခံရတဲ့ အစပိုင်းကာလမှာ ပျို့ပြီး မအီမသာဖြစ်တာမျိုးကို ခံစားရတာ များပါတယ်။ ဒီလက္ခဏာက ကာကွယ်ဆေး ၂ ကြိမ် ထိုးထားသူတွေမှာ အဖြစ်များပါတယ်။ ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီးသူတွေမှာလည်း ခံစားရနိုင်ပေမယ့် အရမ်းပြင်းထန်တာမျိုးတော့ မရှိပါဘူး။

    နောက်ထပ် လက္ခဏာ တစ်ရပ်ကတော့ ခါးနာတာပါ။ အထူးသဖြင့် ခါးအောက်ပိုင်းတွေမှာ နာကျင်မှုကို ခံစားရတာပါ။ ဒါတွေက မျိုးဗီဇပြောင်းလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးစိတ် တစ်ခုဖြစ်တဲ့ Omicron ရဲ့ လက္ခဏာတွေပါ။

    ခါးနာတာကနေတဆင့် တစ်ကိုယ်လုံးက ကြွက်သားတွေ နာကျင်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။

    ဒီလက္ခဏာတွေက အအေးမိတာနဲ့ ခပ်ဆင်ဆင်တူနေတာကြောင့် ရုတ်တရက် အအေးမိတယ်လို့ ယူဆမိတာမျိုး ရှိနိုင်ပါတယ်။ တကယ်ကတော့ ဒီလက္ခဏာတွေက ခန္ဓာကိုယ်ထဲကို Omicronပိုးဝင်ရောက်ပြီး ၅ ရက်လောက်အတွင်းမှာ ခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာ ရောဂါပိုး ကူးစက်ခံထားရပြီး ၇ ရက်လောက်နေမှ လက္ခဏာ ပြတာမျိုး ရှိနိုင်ပါတယ်။

    Omicronရဲ့ အဓိက ခံစားရနိုင်တဲ့ လက္ခဏာများ

    Omicronကူးစက်ခံရတဲ့အခါ သိသာတဲ့ လက္ခဏာတွေအနေနဲ့

    ဒီလက္ခဏာတွေ ခံစားနေရပြီဆိုရင် တစ်ယောက်တည်း သီးခြားခွဲနေတာ၊ ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်တာ၊ လက်ကို မကြာခဏ သန့်စင်ဆေးကြောတာမျိုးတွေ လုပ်ပြီး အခြားသူတွေကို မကူးစက်အောင် ကာကွယ်ဖို့ လိုပါမယ်။

    Omicronက အခြား ကိုဗစ်မျိုးစိတ်တွေလို ပြင်းထန်နိုင်ပါတယ်။ ကာကွယ်ဆေး ထိုးထားတာကြောင့် ရောဂါလက္ခဏာကို သိပ်ပြင်းပြင်းထန်ထန် မခံစားရတာ ဆိုပေမယ့် ကာကွယ်ဆေး မထိုးထားသူတွေနဲ့ အရင်က ကူးစက်ဖူးခြင်း မရှိဘူးတဲ့သူတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။

    ဒါကြောင့် Omicronကို သေချာလေး ကာကွယ်ဖို့ လိုပါမယ်။ ဘယ်လို ကာကွယ်ရမလဲဆိုတော့ အရင် ကိုဗစ်ဗိုင်းရပ်စ်တွေကို ကာကွယ်သလိုမျိုးပေါ့။

    Omicronကို ဒီလို ကာကွယ်ပါ။

    ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ Omicron ကာကွယ်ပေးဖို့ဆိုရင်

    ကဲ…… ဘာ​ကြောင့်ပဲ ဖျားဖျား သေချာလေး ဂရုစိုက်လို့ ကိုယ်တိုင်ကိုရော အခြားသူတွေကိုပါ Omicron အန္တရာယ်ကနေ ကာကွယ်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement