အရေးကြီးသောဖုန်းနံပါတ်များ

    အရေးကြီးသောဖုန်းနံပါတ်များ

    အချိန်အတော်များများတွင်လူများသည်ဖုန်းများကိုတစ်ဦးနှင့်တစ်ဦးဆက်သွယ်ရန်သို့မဟုတ်အင်တာနက်သုံးရန်သာသဘောထားကြသည်။ တကယ်တမ်းတောအရေးပေါ်အခြေအနေများတွင်ဖုန်းများသည်မိမိအသက်ကိုပင်ကယ်တင်နိုင်သည်။ သင်သည်အရေးပေါ်ကိစ္စဖြစ်ပေါ်လာလျှင်ဆက်သွယ်နိုင်ရန်အရေးပေါ်ဌာနများ၏ဖုန်းနံပါတ်များသင့်ဖုန်းတွင်ထားရှိသင့်ပါသည်။ အောက်တွင်သင်ထားရှိသင့်သည့်အရေးပေါ်ဌာနများကိုရေးပေးထားပါသည်။

    ဒေသခံရဲဌာန

    အကယ်၍သင့်အိမ်သို့မဟုတ်သင့်အိမ်ပတ်ဝန်းကျင်တွင်ရာဇဝတ်မှုတစ်ခုခုဖြစ်နေပြီဆိုပါကရဲကိုဖုန်းဆက်ခေါ်ဖို့အတွက်မနှောင့်နှေးပါနှင့်။ သင့်ဒေသနှင့်ပိုပြီးသက်ဆိုင်၍ပိုပြီးတိကျသောဖုန်းနံပါတ်များကိုထားရှိခြင်းအားဖြင့်ရဲဌာနတစ်ဌာနနှင့်တစ်ဌာနဖုန်းလွှဲခြင်းကိုစောင့်ဆိုင်းနေရသည့်အချိန်ပိုမိုတိုတောင်းသွားမည်ဖြစ်ပါသည်။

    ဒေသခံမီးသတ်ဌာန

    ဒေသခံမီးသတ်ဌာနသည်မီးဘေးအန္တရာယ်လုံခြုံစိတ်ချရမှုနှင့်ပက်သက်သောလေ့ကျင့်မှုများပြုလုပ်ထားပြီးအသုံးဝင်သောသတင်းအချက်အလက်များစွာရှိသည်။ သို့ဖြစ်၍မီးဘေးကိစ္စတစ်စုံတစ်ရာဖြစ်လာပါကဒေသခံမီးသတ်ဌာနကိုဆက်သွယ်ခြင်းသည်ပို၍ကောင်းသည်။

    အဘယ်ကြောင့်ဆိုသော်သူတို့တွင်မီးသတ်ကားများနှင့်ရေများအလုံအလောက်ရှိသောကြောင့်ဖြစ်သည်။

    အရင်းအမြစ်ကုမ္ပဏီများ

    အကယ်၍သင်သည်ရေထောက်ပံ့မှုနှင့်ပက်သက်ပြီးပြဿနာတစ်စုံတစ်ရာရှိခဲ့မည်ဆိုလျှင်ဥပမာရေမလုံလောက်မှုရေညစ်ညမ်းမှုများရှိခဲ့မည်ဆိုလျှင်သင်သည်ရေကုမ္ပဏီကိုဖုန်းဆက်ခေါ်၍ရေကိုစစ်ဆေးခြင်းထောက်ပံ့ခြင်းပြုလုပ်နိုင်သည်။ စွမ်းအင်ကုမ္ပဏီဖုန်းနံပါတ်များရှိခြင်းအားဖြင့်လျှပ်စစ်စွမ်းအင်နှင့်အခြားပြဿနာများအကူအညီလိုပါကဆက်သွယ်နိုင်သည်။ သင်၏မီတာခများပေးပြီးမပြီးလည်းဖုန်းဆက်ကာစုံစမ်းနိုင်သည်။

    အဆိပ်အတောက်ထိန်းချုပ်မှု

    အထူးသဖြင့်ကလေးငယ်များရှိသောမိသားစုများတွင်အဆိပ်သင့်ခြင်းသည်ဖြစ်ပွားနှုန်းများသည်။ အဘယ်ကြောင့်ဆိုသော်ကလေးများသည်သူတို့လက်လှမ်းမီရာအရပ်တွင်ရှိသောရှန်ပူများရေချိုးဆပ်ပြာများအဝတ်လျှော်ဆပ်ပြာမှုန့်များနှင့်အခြားအဆိပ်အတောက်ဖြစ်စေသောအရာများကိုယူရန်ကြိုးစားကြခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်အဆိပ်ထိန်းချုပ်မှုဌာန၏ဖုန်းနံပါတ်သည်သင့်ဖုန်းထဲတွင်ရှိသင့်သည်။

    ဆေးရုံဖုန်းနံပါတ်များ

    ဖျားနာမှုနာမကျန်းမှုများသည်မတော်တဆမှုများကဲ့သို့ပင်မမျှော်လင့်ဘဲဖြစ်လာနိုင်သည်။ ဆေးရုံဖုန်းနံပါတ်များထားရှိခြင်းဖြင့်သင်လိုအပ်ပါကလူနာတင်ယာဉ်လွှတ်ပေးနိုင်သကဲ့သို့ဆေးရုံကားလာနေစဉ်အချိန်အတွင်းတွင်လည်းလူ့အသက်တစ်ချောင်းဘယ်လိုကယ်ရမည်ဆိုသောညွှန်ကြားချက်များပေးနိုင်သည်။

    အစိုးရဆေးရုံရောပုဂ္ဂလိကဆေးရုံရောနှစ်မျိုးလုံး၏ဖုန်းနံပါတ်အမျိုးမျိုးကိုထားရှိသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော်ဆေးရုံများသည်လူနာများပြည့်လျှံနေသည့်အခါအခြားဆေးရုံတစ်ရုံသို့ဆက်သွယ်နိုင်ရန်ဖြစ်သည်။

    တိရိစ္ဆာန်ဌာန

    အကယ်၍သင်သည်လမ်းဘေးပိုင်ရှင်မဲ့ကြောင်တစ်ကောင်နှင့်တွေ့ဆုံရပြီဆိုပါကမည်သို့ပြုလုပ်မည်နည်း။ သို့မဟုတ်သင်၏အိမ်အနီးအနားတွင်ကျားတစ်ကောင်ရောက်နေသည်ဆိုပါကမည်သို့ပြုလုပ်မည်နည်း။ တိရိစ္ဆာန်ဌာနကိုဖုန်းဆက်ရမည်သာဖြစ်ပါသည်။

    ၎င်းတို့သည်တိရိစ္ဆာန်များနှင့်ပက်သက်သည့်အရေးပေါ်ပြဿနာရပ်များကိုတာဝန်ယူပေးသည့်အပြင်တိရိစ္ဆာန်များနေစရာနေရာနှင့်တိရိစ္ဆာန်များကိုမည်သို့ကူညီမည်ဆိုသည်နှင့်ပက်သက်၍သတင်းအချက်အလက်များစွာကိုလည်းပေးပါသည်။

    လုပ်ဖော်ကိုင်ဖက်များနှင့်အိမ်နီးနားချင်းများ

    သင်ဟာသင့်လုပ်ဖော်ကိုင်ဖက်တွေအိမ်နီးနားချင်းတွေကိုကြိုက်နှစ်သက်ခြင်မှကြိုက်နှစ်သက်ပါလိမ့်မည်။ သို့သော်လည်းအရေးပေါ်ကိစ္စတစ်စုံတစ်ရာပေါ်ပေါက်လာပါကသင်ခေါ်ချင်သည်ဖြစ်စေမခေါ်ချင်သည်ဖြစ်စေထိုသူများကိုဖုန်းဆက်ရမည်သာဖြစ်ပါသည်။

    သင့်လုပ်ဖော်ကိုင်ဖက်များနှင့်အိမ်နီးနားချင်းများ၏ဖုန်းနံပါတ်များကိုယူထားခြင်းအားဖြင့်သင်နေမကောင်းပါကအလုပ်ကိုခွင့်တိုင်ပေးရန်ဖုန်းလှမ်းဆက်နိုင်သကဲ့သို့သင်အပြင်ရောက်နေချိန်သင့်အိမ်ကိုကြည့်ပေးထားရန်သင့်အိမ်နီးနားချင်းကိုဖုန်းဆက်ပြောနိုင်ပါသည်။

    အထက်ပါဖုန်းနံပါတ်များကိုဘယ်လိုမှတ်သားထားမလဲ။ အချို့အရေးပေါ်အခြေအနေများတွင်သင်ဟာသင့်ဖုန်းဆက်သွယ်ရမည့်စာရင်းထဲတွင်အေမှဇက်အထိနံမည်တစ်ခုခြင်းလိုက်ရွေးဖို့အချိန်မရှိပါဘူး။ ထို့ကြောင့်ထိုအရေးပေါ်ဖုန်းနံပါတ်များကိုအုပ်စုတစ်ခုသက်သက်ခွဲ၍သိမ်းထားပါ။ သင့်မိသားစုဝင်များသင့်သူငယ်ချင်းများကိုလည်းဤအရေးပေါ်နံပါတ်များဘယ်လိုမှတ်သားရမည်ကိုပြောပြပေးပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Take time today to enter these 15+ Emergency Numbers into your cell.

    http://preparednessmama.com/emergency-numbers-to-have-in-your-cell/ Accessed March 23, 2017

    Important phone numbers. https://myhealth.alberta.ca/Pages/Emergency-Phone-Numbers.aspx/
    Accessed March 23, 2017

    စာရေးသူ ဓာတ်ပုံbadge
    Dr. Kaung Thar မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။