backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ညဉ့်နက်မှ အိပ်တတ်သူတွေ creative ပိုဖြစ်တယ်ဆိုတာ ဂျင်းပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ညဉ့်နက်မှ အိပ်တတ်သူတွေ creative ပိုဖြစ်တယ်ဆိုတာ ဂျင်းပါ
ညဘက်အိပ်ရာဝင်နောက်ကျပြီး မနက်လည်းနောက်ကျတတ်သူတွေကို အားပေးအားမြှောက်လုပ်ကြတဲ့စကားတစ်ခွန်းရှိတယ်။ ညဉ့်နက်တဲ့အထိ အလုပ်လုပ်သူ၊ ညဉ့်နက်တဲ့အထိ မအိပ်တဲ့သူတွေဟာ တီထွင်ဖန်တီးနိုင်စွမ်းပိုကောင်းကြတယ်ဆိုတာပါပဲ။ အနုပညာရှင်တွေ၊ အတွေးပညာရှင်၊ အိုင်ဒီယာထုတ်ရသူတွေဟာလည်း အိပ်စက်မှုစက်ဝန်း မမှန်ကန်ကြတာများတာကိုး။
ညအိပ်နောက်ကျသူတွေဟာနေ့စဉ်လုပ်ဆောင်မှုတွေမှာ အဆင်မပြေဖြစ်စေနိုင်တဲ့ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်တယ်လို့အရင်သုတေသနမှာဖော်ပြထားပါတယ်။ စားသောက်ပုံမမှန်ကန်၊ ကျန်းမာရေးနဲ့မညီ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေထဲမှာ ဆီးချိုရောဂါလိုမျိုး ဇီဝကမ္မဖြစ်စဉ်နဲ့ဆိုင်တဲ့ရောဂါတွေပါဝင်ပါတယ်။ ယူကေ ဘာမင်ဟန်တက္ကသိုလ်ရဲ့သုတေသနအသစ်မှာတော့ ညအိပ်နောက်ကျသူတွေဟာ အလုပ်လုပ်နိုင်စွမ်းတွေ၊ အတွေးသစ်အိုင်ဒီယာသစ်ထုတ်နိုင်စွမ်းတွေမှာ မကောင်းတဲ့သက်ရောက်မှုတွေရှိလာနိုင်တယ်လို့တွေ့ရှိခဲ့ပါတယ်။

“ကိုယ့်ခန္ဓါကိုယ်က မှတ်သားထားတဲ့အချိန်စက်ဝန်းနဲ့မကိုက်ညီတဲ့ အချိန်ဇယားမှာ အလုပ်ချိန်၊ကျောင်းချိန်အတွင်း စွမ်းဆောင်မကောင်းနိုင်ကြလို့ ရုန်းကန်ပင်ပန်းနေရသူတွေ အများကြီးရှိပါတယ်” လို့ဒေါက်တာဖေဆာချိုင်းစ်ကပြောပါတယ်။ သည်လေ့လာတွေ့ရှိမှုကိုSLEEPဂျာနယ်မှာဖော်ပြခဲ့ပါတယ်။

ဇီးကွက်တို့ရဲ့ ဦးနှောက်အလုပ်လုပ်ပုံ

ဒီလေ့လာမှုမှာ ပါဝင်သူ ၃၈ဦးကိုသုတေသနအဖွဲ့က နှစ်ဖွဲ့ခွဲပြီး လေ့လာခဲ့တာပါ။ မနက်စောစောထသူ ၁၆ ဦးကတစ်စု၊ ညအိပ်နောက်ကျသူ ၂၂ ဦးက တစ်စုဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် နောက်ကျသူတွေက မနက် ၂နာရီခွဲမှာ အိပ်စက်ကြပြီး မနက်၁၀နာရီ ၁၅ မိနစ်လောက်မှာ အိပ်ရာထကြပါတယ်။

ပါဝင်သူတွေကို MRI scanတွေသုံးပြီး ဦးနှောက်လုပ်ဆောင်ချက်စစ်ဆေးခဲ့တဲ့အခါ ညအိပ်နောက်ကျသူအဖွဲ့ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေ စွမ်းဆောင်ရည်မှာ ထိခိုက်မှုရှိနေတာတွေ့ရပါတယ်။ သူတို့ဟာ အသိဉာဏ်အာရုံနဲ့ဆက်စပ်တဲ့ ဦးနှောက်အပိုင်းနဲ့ ချိတ်ဆက်မှုနည်းတာတွေ့ရပါတယ်။ ဒါ့အပြင် တခုခုကို စိတ်ဝင်စားမှု၊အာရုံစိုက်မှုလည်း ခဏသာရပြီး တုံ့ပြန်မှုနှေးတယ်၊ အားနည်းတယ်လို့လေ့လာတွေ့ရှိရပါတယ်။

စောစောအိပ်၊ စောစောထသူတွေကတော့ မနက်ပိုင်းအလုပ်တာဝန်တွေကို ပိုမြန်မြန်၊ပိုကောင်းကောင်းလုပ်နိုင်တာတွေ့ရပါတယ်။ အိပ်ရာဝင်နောက်ကျသူတွေဟာ ဉာဏ်ကောင်းတဲ့အချိန်တွေရှိပေမယ့် သွက်လက်မှု၊ လုပ်ဆောင်နိုင်စွမ်းတွေမှာ ပုံမှန်မယှဉ်နိုင်တာဖြစ်နိုင်ပါတယ်။

နောက်တစ်နေ့ လုပ်သမျှတွေမှာနှေးဖင့်နေတတ်ပြီးရေရှည်မှာဆို ဆုတ်ယုတ်မှုတွေရှိလာနိုင်တယ်လို့ သုတေသနကထောက်ပြခဲ့ပါတယ်။ ညဘက်အေးဆေးတိတ်ဆိတ်ချိန်မှာ အာရုံစိုက်လို့၊ အလုပ်လုပ်လို့ကောင်းတယ်၊ အိုင်ဒီယာသစ်တွေထွက်တယ်ဆိုပြီး ညဉ့်နက်မှအလုပ်လုပ်တဲ့ စာရေးသူတွေ၊ တီထွင်ဖန်တီးသူတွေဟာ ကျန်းမာရေးအတွက်မကောင်းတဲ့သက်ရောက်မှုတွေဖြစ်လာနိုင်သလို ဖန်တီးနိုင်စွမ်း၊လုပ်ဆောင်နိုင်စွမ်းမှာ ဆုတ်ယုတ်စေပါတယ်။

ဒါ့ကြောင့် ကျန်းမာရေးအတွက်ရော၊ ဘဝအောင်မြင်မှုအတွက်ရော အရေးကြီးတဲ့ အချိန်ကိုစီမံခန့်ခွဲမှုကို ဂရုစိုက်သင့်ပါတယ်လို့ သုတေသီတွေက အကြံပြုခဲ့ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement