brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှားအချို့

သွေးက လူတိုင်းအတွက် အရမ်းကို အရေးကြီးတဲ့ တန်ဖိုးကြီး ပစ္စည်းလေး တစ်ခုပါ။ သက်ရှိ သတ္တဝါတိုင်းမှာ သွေးရှိ ပါတယ်။ ဒီလို အရေးပါတဲ့ သွေးလေးကို လှူမယ်ဆိုရင် ဘယ်လောက်များ ကုသိုလ် ရလိုက်မလဲနော်။ ဒါပေမယ့် သွေးလှူချင်ပေမယ့် အယူအဆ အမှားတွေကြောင့် သွေးလှူဖို့များ ကြောက်နေလား။ ဒါဆို ဒီဆောင်းပါးလေးက သွေးလှူချင်ရက်နဲ့ ကြောက်စိတ်ကြောင့် သွေးမလှူဖြစ်ဘူး ဖြစ်နေတဲ့ Hello ဆရာဝန် ပရိသတ်ကြီးအတွက် သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှားအချို့ အကြောင်း ပြောပြပေးသွားပါမယ်။

သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှားအချို့

သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှားအချို့

သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှား အချို့ ကတော့

  • သွေးလှူတာက အားနည်းစေတယ်
  • သွေးလှူတာကြောင့် ခန္ဓာကိုယ်မှာ အားနည်းသွားတာမျိုး မဖြစ်နိုင်ပါဘူး။ သွေးလှူပြီးရင်တော့ ၂၄ နာရီ ပြည့်ပြည့်ဝဝ အနားယူပေးဖို့ လိုမှာပါနော်။ သတိထားပေးဖို့ လိုမယ့် တစ်ချက်က ရေများများသောက်ပေးပြီး ဆေးလိပ် မသောက်ဖို့ပါ။ ကျန်းမာတဲ့ လူတစ်ယောက် အနေနဲ့ တစ်နှစ်ကို သွေး ၄ ကြိမ် လှူလို့ရပြီး အားနည်းမှာမျိုး မဖြစ်နိုင်ပါဘူးနော်။

    သွေးလှူတာကြောင့် ကိုယ်ခံအားစနစ်ကို မထိခိုက် စေနိုင်ပါဘူး။ သွေးလှူလိုက်တာကြောင့် ကိုယ်တွင်းမှာ သံဓာတ် အားနည်းသွားတာမျိုး မရှိသလို သွေးတွင်းသကြားဓာတ် ကျဆင်းသွားတာမျိုး၊ သွေးပေါင်ချိန် သိသိသာသာကျတာမျိုး မရှိပါဘူး။ ဒါကြောင့် သွေးလှူလိုက်လို့ ကိုယ်ခံအား အားနည်းတာမျိုး မရှိဘူးလို့ ပြောပါရစေ။

    • သွေးလှူရင် ဖျားမှာလား

    သွေးလှူတာကြောင့် ဖျားနာတာမျိုး မဖြစ်နိုင်ပါဘူး။ သွေးမလှူခင်မှာ သံဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေ၊ ဗီတာမင် C ကြွယ်ဝတဲ့ အစားအသောက်တွေကို စားမယ်ဆိုရင် ဖျားနာမှု ကင်းစေမှာပါ။ သွေးမလှူခင် ရေပြည့်ပြည့်ဝဝ သောက်ဖို့ ပြောပါရစေ။

    • အသက်ကြီးသူတွေ သွေးလှူလို့ မရဘူး

    ကျန်းမာနေမယ်ဆိုရင် အသက် ၆၀ အထိတောင် သွေးလှူလို့ ရပါတယ်။ ကျန်းမာနေဖို့ပဲ လိုတာပါ။

    • တုပ်ကွေးကာကွယ်ဆေး ထိုးထားရင် သွေးလှူလို့ မရဘူး

    မကြာသေးခင်က တုပ်ကွေးကာကွယ်ဆေး ထိုးထားတယ် ဆိုရင်လည်း သွေးလှူလို့ ရပါတယ်။ ဆေးထိုးပြီး ခန္ဓာကိုယ်မှာ ဖျားနာတဲ့ လက္ခဏာတွေ ပြမနေရင်ပေါ့နော်။

    • ကင်ဆာရောဂါ ကုသမှုခံယူဖူးရင် သွေးလှူလို့ မရဘူး

    ဒါကတော့ ဘယ်လို ကင်ဆာရောဂါမျိုးကို ခံစားခဲ့ရဖူးတာလဲ ဆိုတာနဲ့ ဘယ်လိုကုထုံးမျိုးကို ခံယူခဲ့ဖူးလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ကွာခြားနိုင်ပါတယ်။သွေးကင်ဆာ ခံစားနေရလို့ ကုထုံး ခံယူနေရတာ ဆိုရင်တော့ သွေးလှူလို့ မရပါဘူး။ အခြားကင်ဆာတွေ ခံစားရပေမယ့် ဆရာဝန်က ခွင့်ပြုတယ်ဆိုရင်တော့ သွေးလှူလို့ ရပါတယ်။

    သွေးတွင်းကိုလက်စထရော များနေရုံနဲ့ သွေးလှူလို့ မရဘူး ဆိုတဲ့စကားက ဂျင်းထည့်တာပါနော်။ သွေးတွင်းကိုလက်စထရော များတာက သွေးလှူတဲ့ အပေါ်မှာ သက်ရောက်မှု မရှိပါဘူး။ သွေးတွင်းကိုလက်စထရော များလို့ ဆေးသောက်နေရတယ် ဆိုရင်တောင် သွေးလှူလို့ ရပါသေးတယ်။

    ကဲ …….. ဘယ်လိုလဲ သွေးလှူတော့မယ် ဟုတ်။ သင့်သွေးနဲ့ ဒုက္ခရောက်နေသူတွေကို ကူညီကယ်တင်လိုက်ပါနော်။ အားလုံး ကျန်းမာကြပါစေကြောင်း……..

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/06/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။