backup og meta

Avascular Necrosis (သွေးမလျှောက်၍ပုပ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Avascular Necrosis (သွေးမလျှောက်၍ပုပ်ခြင်း) ကဘာလဲ။

သွေးမလျှောက်၍ပုပ်ခြင်းဆိုတာ သွေးစီးဆင်းမှုမရှိလို့ အရိုးတစ်သျှူးများ ပုပ်သွားခြင်း ဖြစ်ပါတယ်။ အရိုးပုပ်ခြင်းလို့လည်း ခေါ်ပြီး အရိုးအတွင်းမှာ ကျိုးပဲ့မှုလေးတွေ ဖြစ်ပေါ်စေပြီး နောက်ဆုံးမှာ အရိုးတချောင်းလုံး ကျိုးသွားနိုင်ပါတယ်။ အရိုးကျိုးသွားရင် အဆစ်လွဲရင် အရိုးရဲ့ အကန့်လေးတွေထဲကို သွေးမရောက်စေတော့ပါဘူး။ သွေးမလျှောက်၍ပုပ်ခြင်းဟာ စတီးရွိုက်ဆေးများကို ရေရှည်သောက်နေခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်းတွေနဲ့လည်း ဆက်စပ်နေပါတယ်။

Avascular Necrosis (သွေးမလျှောက်၍ပုပ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသက် ၃၀နဲ့၆၀ကြားမှာ အဖြစ်များပါတယ်။ ရေရှည်အကျိုးဆက်တွေ ရှိနိုင်ပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Avascular Necrosis (သွေးမလျှောက်၍ပုပ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လူအများဟာ စဖြစ်ခါစမှာ သတိမထားမိတတ်ကြပါဘူး။ အခြေအနေတွေဆိုးလာတဲ့အခါ အလေးချိန်ကို ထမ်းထားရဲ့ အဆစ်ဟာ နာလာပါတယ်။ နောက်ဆုံးမှာ လှဲနေရင်တောင် နာတတ်ပါတယ်။

ဒါ့အပြင် နာကျင်မှုဟာ အတော်အတန်ကနေ ဆိုးရွားတဲ့အထိ ဖြစ်တတ်ပါတယ်။ တင်ပဆုံမှာဖြစ်တဲ့ နာကျင်မှုဟာ ပေါင်ခြံ၊ ပေါင်နဲ့ တင်ပါးတွေမှာ ရောဂါဖြစ်လို့ ဖြစ်နိုငပါတယ်။ ဒီလိုပဲ သက်ရောက်မှုရှိတဲ့နေရာတွေဟာ ပခုံး၊ ဒူး၊ လက် စတာတွေမှာ ဖြစ်နိုင်ပါတယ်။

တချို့တွေမှာ ၂ဖက်စလုံးမှာ ဖြစ်တတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Avascular Necrosis (သွေးမလျှောက်၍ပုပ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ။

အရိုးဆီကိုသွားတဲ့ သွေးောကာပြတ်တောက်မှု၊ လျော့ကျမှုဖြစ်ရင် ဖြစ်တတ်ပါတယ်။ အောက်ပါအကြောင်းအရာတွေကြောင့် ဖြစ်နိုငပါတယ်။

  • အဆစ်၊ အရိုး ဒဏ်ရာရခြင်း။ အဆစ်လွဲခြင်းဟာ အနီးအနားက သွေးကြောတွေကို ထိခိုက်စေပါတယ်။ ဓါတ်ကင်ခြင်းလိုမျိုး ကင်ဆာကုသခြင်းဟာလည်း အရိုးတွေကို အားနည်းစေပြီး သွေးကြောတွေကို ထိခိုက်စေပါတယ်။
  • သွေးကြောထဲ အဆီကျခြင်း။ သွေးကြောငယ်လေးတွေမှာ ပိတ်သွားနိုင်ပြီး သွေးလျှောက်တာ နည်းသွားနိုင်ပါတယ်။
  • အချို့ရောဂါများ။ သွေးအားနည်းခြင်း၊ ဂေါ်ချာရောဂါ စတာတွေဟာ အရိုးဆီ သွေးစီးဆင်းမှုကို လျှော့ချပါတယ်။

သွေးမလျှောက်၍ပုပ်ခြင်း ၂၅%ခန့်မှာတော့ သွေးလျှောက်နည်းသွားရတဲ့ အကြောင်းအရင်းကို မသိရပါဘူး။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Avascular Necrosis (သွေးမလျှောက်၍ပုပ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • ဒဏ်ရာရခြင်း။ ပေါင်ဆစ်လွဲခြင်း၊ ကျိုးခြင်း စတာတွေဟာ အနီးအနားက သွေးကြောတွေရဲ့ သွေးစီးဆင်းမှုကို ကျဆင်းစေပါတယ်။
  • စတီးရွိုက်သုံးစွဲခြင်း။ ပရနီဆလုံးလို ဆေးကို များများ သုံးခြင်းဟာ ဒဏ်ရာမရဘဲ သွေးမလျှောက်၍ပုပ်ခြင်း ဖြစ်နိုင်ပါတယ်။ တိကျတဲ့အကြောင်းအရင်းကို မသိရပေမယ့် အဆီဓါတ်ကို မြင့်တက်စေပြီး သွေးစီးဆင်းမှုကို လျော့နည်းစေတယ်လို့ ယူဆကြပါတယ်။
  • အရက်အလွန်အကျွံသောက်ခြင်း။ နှစ်ပေါင်းများစွာ အရက်ကို အလွန်အကျွံသောက်ခြင်းဟာလည်း သွေးကြောထဲကို အဆီဓါတ်တွေ ကျစေပါတယ်။
  • Bisphosphonate သုံးခြင်း။ ရေရှည်သုံးခြင်းဟာ မေးရိုးထဲမှာ ပုပ်နိုင်ခြေ ရှိပါတယ်။ ကင်ဆာရောဂါကုသနေရသူတွေမှာ တွေ့နိုင်ပါတယ်။ အရိုးပွခြင်းအတွက် Bisphosphonateနဲ့ ကုသနေရတဲ့ အမျိုးသမီးတွေမှာတော့ ဖြစ်နိုင်ခြေဟာ ပိုမို နည်းပါးပါတယ်။
  • ကုသခြင်းအချို့။ ကင်ဆာအတွက် ဓါတ်ကင်ကုသခြင်းဟာ အရိုးကို အားနည်းစေပါတယ်။ ကျောက်ကပ်အစားထိုးခြင်းလိုမျိုး ကိုယ်တွင်းအင်္ဂါ အစားထိုးခြင်း ပြုလုပ်ခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။
  • ဒါ့အပြင် အောက်ပါ အခြေအနေတွေလည်း ပါဝင်ပါတယ်။
  • ပန်ခရိယရောင်ခြင်း
  • ဆီးချို
  • ဂေါ်ချာရောဂါ
  • HIV/AIDS
  • Systemic Lupus Erythematous

Sickle cell သွေးအားနည်းခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Avascular Necrosis (သွေးမလျှောက်၍ပုပ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။

ဖြစ်တဲ့ အရိုးအဆစ်နားမှာ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ လှုပ်ရှားမှုခက်ခဲလား သိရအောင် အဆစ်တွေကို ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားကြည့်ပါလိမ့်မယ်။

အောက်ပါ စစ်ဆေးမှုတွေလည်း ပါဝင်ပါလိမ့်မယ်။

  • ဓါတ်မှန်။ အရိုးပုပ်တဲ့ အခြေအနေမှာ အရိုးရဲ့ ပြောင်းလဲမှုတွေ ဘယ်လိုရှိသလဲ သိနိုင်ပါတယ်။ စောတုန်းမှာတော့ ဓါတ်မှန်မှာ ပုံမှန်ပဲ မြင်နိုင်ပါတယ်။
  • MRI၊ CT ရိုက်ခြင်း။ အရိုးရဲ့ အခြေအနေကို အသေးစိတ် တွေ့နိုင်ပါတယ်။

အရိုးပုံရိပ်ဖော်ခြင်း။ ရေဒီယိုကြွတဲ့ အရာတချို့ကို သွေးပြန်ကြောထဲ ထိုးသွင်းပါတယ်။ အဲဒီအရာတွေဟာ ထိခိုက်မှုရှိနေတဲ့ အရိုးတွေဆီ ရောက်သွားပြီး ပုံရိပ်မှာ တောက်ပတဲ့ အစက်ကလေးတွေအနေနဲ့ တွေ့နိုင်ပါတယ်။

Avascular Necrosis (သွေးမလျှောက်၍ပုပ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အရိုးအဆစ်တွေမှာ နောက်ထပ်ထိခိုက်မှုတွေ မဖြစ်အောင် ကုသပါလိမ့်မယ်။ ဆေးဝါးသောက်သုံးခြင်း၊ လေ့ကျင့်ခန်း၊ လျှပ်စစ်လှုံ့ဆော်ခြင်း၊ အဆစ်မှာ အလေးချိန်အနည်းငယ်ဆွဲခြင်း စတာတွေ ပါဝင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ ပါဝင်ပါတယ်။

လူအများစုမှာ ခွဲစိတ်ကုသမှု လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • အရက်လျှော့သောက်ခြင်း။ အလွန်အကျွံသောက်ခြင်းဟာ ဖြစ်နိုင်ခြေရှိတဲ့ အချက်ပါပဲ။
  • ကိုလက်စထရောနည်းစေခြင်း။ အဆီဓါတ်ဟာ သွေးစီးဆင်းမှုကို ကျစေတဲ့အရာတခု ဖြစ်ပါတယ်။
  • စတီးရွိုက်ကို သတိဖြင့်သုံးခြင်း။ ယခင်က သုံးခဲ့သလား၊ ယခုရော သုံးနေသလားဆိုတာ ဆရာဝန်ကို အသိပေးပါ။ စတီးရွိုက်နဲ့ ဆက်စပ်နေတဲ့ အရိုးထိခိုက်ခြင်းဟာ ဆေးကို မကြာခဏသုံးရင် ဖြစ်တတ်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Avascular necrosis. http://www.mayoclinic.org/diseases-conditions/avascular-necrosis/basics/prevention/con-20025517 . Accessed December 27, 2016.
Avascular necrosis. https://www.healthlinkbc.ca/health-topics/th1509 . Accessed December 27, 2016.
Avascular necrosis. http://www.webmd.com/arthritis/avascular-necrosis-osteonecrosis-symptoms-treatments . Accessed December 27, 2016.

ယခုပုံစံ

13/09/2019

Written by Dr. Thant Zin

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement