backup og meta

သွေးလှူခြင်း ရဲ့ ကောင်းကျိုးများ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးလှူခြင်း ရဲ့ ကောင်းကျိုးများ။

    ဆေးရုံတွေ၊ သွေးလှူဘဏ်တွေမှာ လိုအပ်နေတဲ့ သူတွေကို ကယ်တင်ဖို့အတွက် သွေးတွေ အများကြီးကို နေ့စဉ် နေ့တိုင်း လိုအပ်နေပါတယ်။ ဒါ့ကြောင့်လည်း သွေးလှူခြင်း ဟာ လူ့အသက်တွေကို ကယ်တင်ပေးနိုင်တဲ့ အရမ်းမွန်မြတ်တဲ့ လုပ်ငန်းလေးတစ်ခုလို့ ပြောကြပါတယ်။ ဒီဆောင်းပါးလေးမှာ ကိုယ်လှူလိုက်တဲ့သွေးက ဘယ်လို လူတွေကို အကျိုးပြုနိုင်တယ်၊ ကိုယ့်အတွက် ဘယ်လို အကျိုးရှိတယ် ဆိုတာလေးကို မျှဝေပေးသွားပါမယ်။

    သွေးလှူခြင်း ရဲ့ ကောင်းကျိုးများ။

    သင့်သွေးနဲ့ ဘယ်လို လူတွေကို ကယ်တင်နိုင်လဲ။

    ၁။ သွေးရောဂါရှိသောသူများ။ ဥပမာ – sickle cell disease လို့ခေါ်တဲ့ သွေးဆဲလ်လေးတွေ ပုံမမှန်ဖြစ်နေတဲ့ ရောဂါ၊ thalassemia သွေးရောဂါနဲ့ အခြားသွေးဆဲလ်တွေနဲ့ ပတ်သတ်တဲ့ ရောဂါရှိတဲ့သူတွေဟာ ကျန်းမာရေးကောင်းကောင်းနဲ့ အသက်ဆက်ရှင်နေဖို့ အတွက်ပုံမှန် သွေးသွင်းနေကြရပါတယ်။

    ၂။ သွေးအားနည်းရောဂါရှိသူများ၊ ကင်ဆာကုထုံး ခံယူနေရသူများ၊ အစာအိမ်လမ်းကြောင်း သွေးထွက်ရောဂါ ခံစားနေရသူများ၊ ကျောက်ကပ် (သို့) ပြင်းထန် အသည်းရောဂါရှိသူများ အတွက်လည်း သွေးဟာ မရှိမဖြစ်ပဲ ဖြစ်ပါတယ်။

    ၃။ ကြီးမားတဲ့ ခွဲစိတ်မှုလုပ်ရပြီး သွေးအများကြီးဆုံးရှုံးလိုက်ရသော သူများ။

    ကြီးမားတဲ့ ခွဲစိတ်မှုတစ်ခုလုပ်တဲ့အခါ ဆုံးရှံးနိုင်တဲ့ သွေးပမာဏလည်း များနိုင်ပြီး သွေးမသွင်းနိုင်ခဲ့ရင် အသက်အန္တရာယ်ဆုံးရှုံးမှုအထိ ဖြစ်နိုင်တဲ့အတွက် အဲဒီလို လူတွေကိုလည်း သင့်သွေးက ကယ်တင်နိုင်ပါတယ်။

    ၄။ accident နဲ့ အခြား ထိခိုက်ဒဏ်ရာတွေကြောင့် သွေးအများကြီးဆုံးရှုံးသွားသူများ။

    ထိခိုက်ဒဏ်ရာရပြီး ရုတ်တရက် သွေးတွေ အများကြီးဆုံးရှုံးလိုက်ရတဲ့အခါ အသက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် သင်လှူလိုက်တဲ့ သွေးဟာ ဒီလို လိုအပ်နေတဲ့ သူတွေကို ကယ်တင်ပေးနိုင်ပါတယ်။

    သွေးလှူခြင်းဟာ သွေးလိုအပ်နေတဲ့ အခြားသူတစ်ယောက်ကို ကူညီပေးနိုင်ရုံတင်မကပါဘူး။ လှူဒါန်းတဲ့ သူအတွက်လည်း ကိုယ်ခန္ဓာကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရစေနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပါ အထောက်အကူဖြစ်စေပါတယ်။

    ၁။ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ။

  • သွေးလှူဖို့အတွက် ကျန်းမာရေးကောင်းမှသာ လှူခွင့်ရတာဖြစ်တဲ့အတွက် မလှူခင်မှာ အသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ HIV ပိုး နဲ့ ကာလသားရောဂါပိုးစတဲ့ ရောဂါပိုးတွေရှိ၊ မရှိ၊ နဲ့ အခြား အခြေခံကျန်းမာရေးဆိုင်ရာ စစ်ဆေးချက်တွေကို အခမဲ့ လုပ်ပေးတဲ့အတွက် မိမိခန္ဓာကိုယ်မှာ တစ်ခုခု ပုံမမှန်တာ ဖြစ်နေတယ်ဆိုရင် ကြိုတင်သိနိုင်ပြီး စောစောစီးစီးလည်း ကုသမှုခံယူနိုင်တဲ့အတွက် အကျိုးရှိပါတယ်။
  • သွေးလှုခြင်းဟာ ခန္ဓာကိုယ်ထဲမှာ သံဓါတ်တွေများနေမယ်ဆိုရင် ပုံမှန် ဖြစ်အောင် ထိန်းညှိပေးနိုင်ပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ တစ်ချို့ လေ့လာချက်တွေက ပြောထားပါတယ်။
  • ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တဲ့ အတွက် ကိုယ်အလေးချိန်ထိန်းရာမှာ အကူအညီ ဖြစ်စေနိုင်ပါတယ်။
  • ၂။ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ။

    သွေးလှူခြင်း ဟာ အခြားသူရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ အတွက် ပျော်ရွှင်မှုနဲ့ ဘာနဲ့မှ မလဲနိုင်တဲ့ ပီတိကို ရရှိစေနိုင်တဲ့အပြင် စိတ်ဖိစီးမှုတွေကို လျော့ကျစေခြင်း၊ စိတ်ခံစားမှု ပိုပြီး ကောင်းမွန်လာခြင်း၊ အဆိုးမြင်တတ်တဲ့ ခံစားချက်တွေကို တိုက်ထုတ်နိုင်လာခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရရှိစေနိုင်ပါတယ်။

    သွေးလှူခြင်းဟာ အခြားလိုအပ်နေသူတွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့အပြင် လှူဒါန်းသူကိုယ်တိုင်အတွက်လည်း ကောင်းကျိုးတွေ အများကြီးရစေတဲ့အတွက် သွေးလှူကြဖို့ အကြံပေးချင်ပါတယ်။

    ရေးသားသူ- Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement