ဒါကြောင့် ကလေးတွေဟာ အိမ်မွေးခွေးလေးတွေနဲ့ ဆော့ကစားရင်း မိမိကိုယ်ကို ယုံကြည်မှု တိုးပွားလာနိုင်ပါတယ်။ ဒါ့အပြင် ကလေးများနဲ့ အိမ်မွေးတိရစ္ဆာန်များရဲ့ ပေါင်းသင်းဆက်ဆံရေးဟာ ကလေးတွေ ကျောင်းမှာ ကြုံရမယ့် လူမှုပေါင်းသင်း ဆက်ဆံရေးကို အကျိုးဖြစ်ထွန်းစေပါတယ်။ အော်တစ်ဇင်ဖြစ်နေတဲ့ ကလေးငယ်များဟာ အိမ်မွေးတိရစ္ဆာန်များနဲ့ ဆော့ကစားတဲ့အခါ အကျိုးများစွာ ဖြစ်ထွန်းပါတယ်။
အိမ်မွေးတိရစ္ဆာန်က သင့်ကလေးကို သင်ကြားပေးနိုင်သော အရာများ
မကြာသေးမီက သုတေသနပြုချက်အရ ကလေးငယ်များဟာ အိမ်မွေးတိရစ္ဆာန်များနဲ့ ဆော့ကစားရာက ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှုနဲ့ အတွေးများကတဆင့် သိမှတ်သင်ယူမှု စွမ်းရည်တွေ တိုးတက်လာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စာနာရိုင်းပင်းတတ်မှု၊ ကိုယ်ချင်းစာမှု စတာတွေ သိမြင်လာနိုင်ပြီး တစ်ဦးအပေါ်တစ်ဦး အလေးထားနိုင်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်ကို စောင့်ရှောက်ဂရုစိုက်ရာကတဆင့် ကိုယ်ပိုင်စွမ်းရည်၊ တာဝန်ယူတတ်မှု စတာတွေကို သင်ယူလာနိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ
အပြင်ထွက်ဆော့ကစားဖို့ စိတ်မပါတဲ့ကလေးများဟာ အိမ်မွေးတိရစ္ဆာန်များနဲ့ ဆော့ကစားနိုင်ပါတယ်။ သူတို့နဲ့ အပြင်ထွက်ပြီးလည်း ပျော်ရွှင်စွာ လည်ပတ်နိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တစ်ကောင် ပိုင်ဆိုင်ခြင်းဟာ မိသားစုတစ်ခုလုံးအတွက်ရော ကလေးများအတွက်ပါ ကြီးမားတဲ့ အတွေ့အကြုံ ဖြစ်ပါတယ်။ သူတို့ဟာ သင့်မိသားစုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြင့်တက်စေတဲ့၊ သင့်ကလေးတွေအတွက် ပျော်ရွှင်မှုတွေကို ယူဆောင်လာနိုင်တဲ့ မိသားစုဝင် တစ်ယောက်ပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။