လေ့လာမှုအတွင်း
ဦးနှောက်ဆီသွေးပို့လွှတ်တဲ့သွေးကြောလေးတွေပိတ်ဆို့သွားတာကြောင့်ဖြစ်တဲ့လေဖြတ်ဝေဒနာကိုခံစားနေရသူ ၁၀၃၃ ဦးကိုလေ့လာခဲ့ပါတယ်။လေ့လာမှုမှာပါဝင်သူတွေက အသက် ၇၁ နှစ်အရွယ်တွေဖြစ်ကြပြီး ပုံမှန်ကိုယ်အလေးချိန်ထက်နည်းတဲ့သူတွေ၊ သာမန်ရှိသင့်တဲ့ကိုယ်အလေးချိန်ရှိသူတွေ၊ ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုများနေတဲ့သူတွေ၊ အဝလွန်နေတဲ့သူတွေ နဲ့ အရမ်းကိုအဝလွန်နေသူတွေပါ။
အဖွဲ့ ၅ ဖွဲ့ခွဲလေ့လာခဲ့ပြီးလေဖြတ်တာကနေပြန်ကောင်းလာတဲ့အခြေအနေတွေနဲ့ အသက်ရှင်သန်နိုင်မှုတို့ကို ၃ လကြာစောင့်ကြည့်လေ့လာခဲ့တာပါ။လေ့လာမှုရလဒ်တွေအနေနဲ့တော့ အရမ်းကို အဝလွန်နေသူတွေကလေဖြတ်တာကြောင့်သေဆုံးနိုင်ခြေက ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေထက် ၆၂ ရာခိုင်နှုန်းလောက်ကို ပိုနည်းနေတာပါ။ ဒါတင်မကသေးပါဘူး။ အဝလွန်နေသူတွေဟာ သာမန်ကိုယ်အလေးချိန်ရှိသူတွေထက်လေဖြတ်တာကြောင့်သေဆုံးနိုင်ခြေက ၄၆ ရာခိုင်နှုန်းလောက်နည်းနေပါတယ်။ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုများသူတွေကတော့လေဖြတ်တာကြောင့်သေဆုံးနိုင်ခြေက ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေထက် ၁၅ ရာခိုင်နှုန်း ပိုနည်းနေပါတယ်။ ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်နည်းနေသူတွေကတော့ ပုံမှန်ထက်လေဖြတ်တာကြောင့်သေဆုံးနိုင်ခြေက ၆၇ ရာခိုင်နှုန်းအထိပိုများနေပါတယ်။ ဒီလေ့လာမှုရလဒ်တွေကလေဖြတ်သူတွေဟာ
သွေးတိုးရောဂါရှိလား၊
သွေးတွင်းကိုလက်စထရောများနေတလားဆိုတာနဲ့
ဆေးလိပ်ေသာက်တတ်လားဆိုတဲ့ အချက်တွေကို ပါထည့်သွင်းလေ့လာခဲ့တာဖြစ်ပါတယ်။
ဒီလေ့လာမှုအတွင်းထွက်ပေါ်ခဲ့တဲ့ဖြစ်နိုင်ခြေရှိတဲ့ဖြေရှင်းချက်တစ်ခုက ပုံမှန်ထက်ကိုယ်အလေးချိန်ပိုများနေသူတွေနဲ့ အဝလွန်နေသူတွေက ကိုယ်တွင်းမှာ
အာဟာရသိုလှောင်ထားမှုပိုများတာကြောင့် ကာလရှည်ကြာနာမကျန်းမှုတွေကို ခံနိုင်ရည်ရှိတယ်ဆိုတဲ့အချက်ပါ။ ကိုယ်အလေးချိန်များတာနဲ့ လေဖြတ်တာကြောင့်ရှင်သန်နိုင်မှုတို့ကြားက ဆက်စပ်မှုကို ထပ်မံလေ့လာဖို့တော့ လိုအပ်ဦးမှာပါ။
အဝလွန်တာက အမြဲကြီးတော့လည်း ဆိုးကျိုးရှိနေတာမဟုတ်ပါဘူး။ အခုလိုမျိုးကောင်းကျိုးလေးတွေလည်းရှိပါသေးတယ်နော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။