(၈) ငှက်ဖျားရောဂါ၊ အာဟာရချို့တဲ့မှုနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားတဲ့ ကလေးတွေနဲ့ လူကြီးတွေဟာ အပူနဲ့သက်ဆိုင်တဲ့ ရောဂါတွေ ထပ်မံဖြစ်တဲ့အခါ အခြေအနေပိုဆိုးသွားနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားထားရသူတစ်ယောက်ဟာ ရေနဲ့ ဓာတ်ဆားကို ဆုံးရှုံးပြီးသားပါ။ အပူငုပ်ခြင်း၊ အပူလျှပ်ခြင်းတွေပါ ထပ်ဖြစ်လာရင်တော့ ခန္ဓာကိုယ်ဟာ ရေဓာတ်ဆုံးရှုံးမှုကို ဘယ်လိုမှ ခံနိုင်ရည် မရှိနိုင်တော့ပါဘူး။
(၉) မိုးခေါင်မှုနဲ့ ရေပြတ်လပ်ရှားပါးမှုဟာ ကျေးလက်ဒေသကို ပျက်စီးစေနိုင်ရုံတင်မက မြို့ပြ ဒေသကိုပါ သွားသက်ရောက်နိုင်ပါတယ်။ သုတေသနတစ်ခုအရ မြို့ပြပြည်သူ အယောက်ပေါင်း သန်း(၁၅၀)ကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားပါတယ်။ တာဝန်ရှိသူတွေသာ အမြန်ဆုံးမပြုပြင်ပေးနိုင်ရင် ၂၀၅၀ ခုနှစ်လောက်ရောက်တဲ့အခါ ထိခိုက်သူလူဦးရေ တစ်ဘီလျံ (သန်း ၁၀၀၀) နီးပါးအထိ တိုးလာနိုင်တယ်လို့ ဆိုထားပါတယ်။
(၁၀) ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့် ရေချိုတွေနည်းပါးလာပြီး မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေကို ထိခိုက်နိုင်ပါတယ်။ မုန်တိုင်းတွေဟာလည်း မိလ္လာအညစ်အကြေးစနစ်တွေကို လျှံကျစေ နိုင်ပါတယ်။
ဒီတော့ ရာသီဥတုဖောက်လွဲ ဖေါက်ပြန်မှုတွေကို တားဆီးကာကွယ်ဖို့ရန်အတွက် တစ်ထောင့် တစ်နေရာက ပါဝင်လိုက်ကြရအောင်ပါ။
ရေးသားသူ-ဒေါက်တာမှူးခင်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။