လိမ္မော်သီးထက် ဗီတာမင် C ကြွယ်ဝတယ်
mulberries သီးခြောက် တစ်ပန်းကန်စာမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ပမာဏရဲ့ ၁၉၀ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ ဗီတာမင် C က ကိုယ်ခံအားကို အားဖြည့်ပေးသလို တစ်ရှူးတွေကို အသစ်ဖြစ်ပေါ်စေပြီး အမြင်အာရုံကို ကျန်းမာစေပါတယ်။
ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်ပေးပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်တာ၊ နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးသလို နှလုံးရောဂါ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။
ပရိုတင်း၊ သံဓာတ် နဲ့ ကယ်လ်ဆီယမ် ကြွယ်ဝတယ်
mulberries သီးက ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ mulberries သီး တစ်ပန်းကန်စာမှာ နေ့စဉ် ပရိုတင်း လိုအပ်မှုပမာဏရဲ့ ၄ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ သံဓာတ်ကလည်း နေ့စဉ် သံဓာတ် လိုအပ်ချက် ပမာဏရဲ့ ၃၀ ရာခိုင်နှုန်း၊ ကယ်လ်ဆီယမ်ကလည်း နေ့စဉ် ကယ်လ်ဆီယမ် လိုအပ်မှု ပမဏရဲ့ ၁၀ ရာခိုင်နှုန်းအထိ ပါဝင်နေတာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။