မိုးရာသီမှာ ကိုယ်ချစ်တဲ့မိသားစုဝင်တွေ ကျန်းမာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အပြင်က မိုးကလည်း တဖွဲဖွဲနဲ့ ရွာနေတော့တာပဲနော်။ မိုးရေအောက်မှာ ထီးဆောင်းရင်း သဘာဝအငွေ့အသက်တွေ ခံစားရတဲ့ကြိုက်တဲ့သူတွေရှိသလို အိမ်ရှင်မတွေအနေနဲ့လည်း ကိုယ့်အိမ်သားကျန်းမာရေးကို စိုးရိမ်ရ၊ အဝတ်တွေ မခြောက်လို့ စိတ်ညစ်ရတယ်နော်။ ခုလိုမိုးရာသီမှာ တစ်မိသားစုလုံး ကျန်းမာဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေးကို ပုံမှန်အချိန်ထက် ပိုပြီး ဂရုစိုက်ဖို့တော့ လိုတာပေါ့။

မိုးရာသီမှာ သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ။

အိမ်ရှင်မတွေအနေနဲ့ ကိုယ့်ရဲ့ အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်နေအောင်၊ မိသားစုဝင်တွေအနေနဲ့ ဖျားနာခြင်းကင်းဝေးပြီး ကျန်းကျန်းမာမာ နေနိုင်အောင် ခုပြောပြမယ့်နည်းလမ်းတွေကို သေချာလုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။

၁။ အပြင်က ပြန်လာတာနဲ့ ရေစိုနေတဲ့ အဝတ်အစားတွေကို အကုန်ချွတ်လဲပါ။ ရေစိုအဝတ်ကို မလဲဘဲဒီအတိုင်းနေရင် အရေပြားက မှိုစွဲဖို့လည်း လွယ်သလို အအေးဒဏ်ကြောင့် နှာစေးအအေးမိတာတွေလည်း ဖြစ်နိုင်တယ်နော်။

၂။ ခြေထောက်ကို အရင်ရေလောင်းပါ။ ပြီးသွားမှ ဆပ်ပြာနဲ့ ခြေချောင်းတွေကြားထဲကို သေချာဆေးကြောပေးပါ။ မိုးရေနဲ့အတူ ခြေထောက်သဲဝဲစားတာ အလွန်အဖြစ်များတဲ့အတွက် သေချာဂရုစိုက်ဖို့လိုပါတယ်။

၃။ ရေစိုနေတဲ့ ဆံပင်ကို ခြောက်အောင် အရင်သုတ်ပါ။ ပန်ကာရှေ့မှာ ချက်ချင်းမနေပါနဲ့။

၄။ ချွေးတိတ်သွားပြီဆိုရင် ရေအေး သို့မဟုတ် ရေနွေးနဲ့ ရေချိုးပေးပါ။ ရေချိုးတဲ့အခါမှာလည်း ဘက်တီးရီးယားပိုးတွေ ခိုအောင်းနေနိုင်တဲ့ ချိုင်း၊ ပေါင်ခြံ၊ ဒူးခေါင်းအောက်တွေကို သေချာဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောပါ။

၅။ ရေကို ခြောက်အောင်အမြန်သုတ်ပြီး နွေးနွေးထွေးထွေး နေပါ။

၆။ အဝတ်အစားတွေကို အများကြီးစုပုံပြီးမှ လျှော်တာထက် နည်းနည်းချင်းစီ လျှော်ပေးပါ။ အကျီတွေ ဖားဥစွဲနေပြီဆိုရင် ဆက်မဝတ်ပါနဲ့။

၇။ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးတွေ မဖြစ်စေဖို့ ကလေးတွေကို ခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ။ လိုအပ်ရင် ကာကွယ်ဆေးထိုးပေးတာ၊ ခြင်မကိုက်စေဖို့ ခြင်ဆေးဖျန်းပေးတာ၊ ခြင်ဆေးလိမ်းပေးတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။

၈။ အပြင်ကနေ ပြန်လာရင် လက်ကို ဆပ်ပြာနဲ့ဆေးပါ။ လက်အလွယ်တကူ ဆေးလို့မရတဲ့နေရာတွေမှာ လက်သန့်စင်ဆေးရည်ကို ဆောင်သွားပါ။ လက်မဆေးဘဲ ပါးစပ်ထဲလက်ထည့်တာ၊ မုန့်စားတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။

၉။ လူများတဲ့နေရာတွေ သွားတော့မယ်ဆိုရင် နှာခေါင်းစည်းတပ်သွားပါ။ ပူနွေးစွတ်စိုတဲ့ ရာသီမှာ လေထုထဲမှာရှိတဲ့ အအေးမိ၊ ငှက်ဖျားပိုးတွေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

၁၀။ အစားအစာတွေကို အိမ်မှာပဲ သေချာချက်ပြုတ်ပြီး ပူပူနွေးနွေးစားသောက်ပါ။ ချက်ပြုတ်ပြီးရင် ယင်မနားအောင် အုပ်ဆောင်းနဲ့ သေချာအုပ်ထားပါ။ ယင်နားစာတွေ စားမိရင် ဝမ်းပျက်ဝမ်းလျှော၊ ဗိုက်အောင့်ဗိုက်နာတာတွေ ဖြစ်နိုင်ပါတယ်။ မသန့်ရှင်းတဲ့ လမ်းဘေးစာတွေကို တတ်နိုင်သလောက်ရှောင်ပါ။

၁၁။ အေးမြတဲ့ ရာသီဥတုကြောင့် အသားခြောက်တာမျိုး မဖြစ်စေဖို့ ရေများများသောက်ပါ။ အချဉ်ဓါတ်များပြီး အရည်ရွှမ်းတဲ့ အသီးအနှံတွေစားပေးပါ။

၁၂။ အပြင်သွားရင် ထီး၊ မိုးကာအကျီၤ မဖြစ်မနေထည့်သွားပါ။ ရေအိုင်၊ ဗွက်အိုင်တွေ တွေ့ရင် ခြေထောက်နဲ့မနင်းဘဲ ရှောင်သွားပါ။

ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုတာ အမြဲဆက်စပ်နေတယ်ဆိုတာကို မမေ့နဲ့နော်။ ဒါကြောင့် ခုပြောခဲ့တဲ့အချက်တွေကို သေချာဂရုစိုက်လိုက်နာပြီး မိုးရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာကို ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

အောက်ခံဘောင်းဘီတွေ သေချာလျှော်ဖွတ်အခြောက်မခံဘဲ ဝတ်မိပြီဆိုရင်တော့ ယားယံတာ၊  အရေပြား မှိုရောဂါတွေဖြစ်ပွားစေနိုင်တာမို့ ဒါဟာပေါ့သေးသေး ကိစ္စတော့မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုတဝိုက်အရေပြားက ခန္ဓာကိုယ်မှာအစကတည်းက စိုထိုင်းစများတဲ့နေရာဖြစ်တဲ့အတွက် အရေပြားပေါ်မှာအစိုဓာတ်အောင်းပြီး မှိုတွေပေါက်ပွားလာနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဆောင်းမနက်ခင်းတွေမှာ စက်ဘီးစီးပါ

ဆောင်းမနက်ခင်းတွေမှာ စက်ဘီးစီးပါ။ ဆောင်းမနက်ခင်း အေးအေးလေးတွေမှာ ကျန်းမာရေးအတွက် စက်ဘီးစီးပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

ဆီးချိုက ကမ္ဘာတလွှားမှာတင် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတော်လေး မြင့်တက်လာခဲ့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကပ်ဘေးကာလမှာ မေ့မထားသင့်တဲ့ အရာ

ကပ်ဘေးကာလမှာ မေ့မထားသင့်တဲ့ နောက်ထပ် ကျန်းမာရေးပြဿနာတစ်ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 3 mins read
လမ်းလျှောက်တတ်စအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

လမ်းလျှောက်တတ်စအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကိုယ်တိုင် ပျိုးထောင်ယူလိုက်ပါ။

စိတ်ရောကိုယ်ပါ ကျန်းမာခြင်းကို ပျိုးထောင်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်း (၁၉)သွယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 11, 2020 . 4 mins read

ဆောင်းရာသီအတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read