home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မုတ်သုံမှာဘာတွေစားပေးသင့်လဲ

မုတ်သုံမှာဘာတွေစားပေးသင့်လဲ

စိတ်ကူးယဉ်ဆန်တဲ့ သဘာဝအလှတရားကို ခံစားနိုင်မယ့် မိုးရာသီေလးရောက်လာပါပြီ။ ဒီရာသီလေးကို ကျန်းကျန်းမာမာဖြတ်သန်းပြီးပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေ ပိုင်ဆိုင်နိုင်စေဖို့ မုတ်သုံမှာ ကျန်းမာအောင် ဘာတွေစားပေးသင့်လဲဆိုတာ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

မုတ်သုံမှာ ကျန်းမာနေစေဖို့

မုတ်သုံမှာ ကျန်းမာနေစေဖို့ ဒါလေးတွေစားပေးပါ။

ကြက်သွန်ဖြူ

ဓါတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် ကြက်သွန်ဖြူလေးတွေက ကိုယ်ခံအားကိုကောင်းပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ မိုးတွင်းမှာ ဘာစားစား ကြက်သွန်ဖြူလေးထည့်စားပေးတာ အအေးမိ၊ဖျားနာကင်းစေမယ့် နည်းလမ်းတစ်ခုပါ။

ချင်း (ဂျင်း)

ချင်းက စိတ်ခံစားမှုကိုကောင်းစေသလို ကိုယ်ခံအားကိုလည်းကောင်းစေပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး ဖျားနာမှုကင်းစေမယ်အစားအစာတစ်ခုပါ။ မိုးရာသီရဲ့ မနက်ခင်းတိုင်းမှာရေနွေးပူပူတစ်ခွက်ထဲကို ချင်း တစ်ပြားလောက်ထည့်၊ ပျားရည်နည်းနည်း၊ သံပုရာရည်နည်းနည်းနဲ့ရောစပ်လို့သောက်ပေးပါ။

သစ်တော်သီး

ဗီတာမင်၊ သတ္တုဓါတ်နဲ့ အမျှင်ဓါတ်တွေပါဝင်နေတာကြောင့်အဖျားကင်းစေပြီး ခန္ဓါကိုယ်ကို ကျန်းမာနေစေမှာပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် သစ်တော်သီးကြွပ်ကြွပ်လေးကို အရသာရှိရှိလေးစားပေးပါ။

နနွင်း

ဟင်းရည်ထဲထည့်စားရင် ပူပူစပ်စပ်အရသာရှိပြီး အနံ့မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ ငရုတ်ကောင်းက မုတ်သုံမှာဖြစ်တတ်တဲ့အအေးမိဖျားနာ၊ ချာင်းဆိုးတာ၊ နှာစေးတာတွေကို အကောင်းဆုံးကာကွယ်ပေးပါတယ်။ ဟင်းခါးပူပူလေးကို ငရုတ်ကောင်းခတ်လို့ မုတ်သုံမှာ အနွေးဓါတ်လေးယူလိုက်ပါ။

ကြွပ်ကြွပ်ရွရွနဲ့ စားရတာ အရသာရှိတဲ့ အခွံညိုညိုလေးနဲ့ အယ်လ်မွန်စေ့က အဆီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများတာကြောင့် ကျန်းမာရေးအတွက် အထာက်အကူပြုပေးပါတယ်။ ဝမ်းမီးကောင်းစေပြီး အစာခြေစနစ်ကို ကျန်းမာစေတာကြောင့် ခန္ဓါကိုယ်ကိုရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ မုတ်သုံမှာ ကျန်းမာစေဖို့ အဆာပြေ အယ်လ်မွန်စေ့လေးဝါးစားပေးလို့အဆင်ပြေပါတယ်။

ပန်းသီး

တစ်နေ့ကို ပန်းသီးတစ်လုံးစားတာက ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ ပန်းသီးမှာရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တဲ့ ဓါတ်တွေပါဝင်နေတာကြောင့် မိုးတွင်းမှာ အဖျားကင်းလို့ ကျန်းမာချင်တယ်ဆိုရင်မေ့ထားလို့ မဖြစ်ပါဘူး။

သလဲသီး

အနီရောင်စိုစိုလေးနဲ့ စားလို့ကောင်းတဲ့ သလဲသီးက ဗီတာမင် စီ ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာသန့်စင်စေနိုင်ပြီး ခန္ဓါကိုယ်ကို အဖျားရောဂါအမျိုးမျိုးကနေ ကာကွယ်ပေးပါတယ်။

သောက်ရေ

ခန္ဓါကိုယ်ကျန်းမာဖို့ဆိုရင် လုံးဝမေ့ထားလို့မဖြစ်ပါဘူး။ ရာသီဥတုအေးနေတာကြောင့်ရေမသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွေရွာနေလည်း လုံလောက်တဲ့ရေပမာဏကိုသောက်သုံးလို့ မုတ်သုံမှာ ကျန်းမာအောင်နေပေးပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 10/12/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။