၂။ မိန်းကလေးတွေမှာ အရက်ကို ချေဖျက်ပေးနိုင်တဲ့ အသည်းက အင်ဇိုင်း အယ်ကိုဟော ဒီဟိုင်ဒရိုဂျင်နေစ် (alcohol dehydrogenase) က ယောကျ်ားလေးတွေနဲ့ ယှဉ်ရင် ပမာဏနည်းတာကို တွေ့ရပါတယ်။ ဒါကြောင့် ချေဖျက်နိုင်စွမ်းအားနည်းပြီးတော့ နည်းနည်းသောက်တာနဲ့ မြန်မြန်ပိုမူးတတ်ပါတယ်။
အရက်သောက်နိုင်မသောက်နိုင်ကို ဆုံးဖြတ်ပေးတဲ့ တခြားအရာတွေကတော့ အသက်ရယ် သောက်လာတဲ့အချိန်ပမာဏပါ။ အသက်ကြီးတဲ့သူတွေ အရက်တွေပိုသောက်နိုင်ကြတယ်။ ပုံမှန်သောက်နေကျလူတွေဆို အရက်မမူးတော့ဘူး။ ဒါဘာဖြစ်လို့လဲဆိုတော့ အရက်ကို ချေဖျက်ရတာ များလာတဲ့ အသည်းတစ်ခုဟာ အရက်ကို ချေဖျက်နိုင်မယ့် အဓိက အင်ဇိုင်းတွေကို ပိုထုတ်ပါတယ်။ အရက်ကို အသည်းဟာ တဖြည်းဖြည်းကျင့်သားရလာတဲ့သဘောပါ။ ဒီအခြေအနေကနေ ကျော်လွန်လာရင်တော့ အသည်း စတင်ပျက်စီးလာမှာပါ။
အမြည်းနဲ့ တွဲစားရင် သိပ်မမူးဘူး။

ဒါကလည်း မှန်ပါတယ်။ ဘာလို့လဲဆိုတော့ မသောက်ခင် အစာတွေအများကြီးစားထားရင် အစာနဲ့တွဲပြီး အရက်က အစာအိမ်ထဲမှာ ကြာကြာနေပါတယ်။ သွေးထဲကိုမြန်မြန်မရောက်တော့ မမူးတော့ဘူးပေါ့။ ဒါကြောင့် ဘာမှမစားထားရင် အရက်မသောက်နဲ့၊ အရက်သောက်ရင် အမြည်းနဲ့တွဲစားဆိုပြီးပြောကြတာပေါ့နော်။
နောက်ပြီး ကိုယ်သောက်တဲ့ အရက်အမျိုးအစားနဲ့လည်းဆိုင်ပါတယ်။ ဂက်စ်ပါတဲ့ ယမကာတွေ ဥပမာ ရှန်ပိန် မှာ ဂက်စ်တွေပါတဲ့အတွက် အစာအိမ်ထဲက ဖိအားကိုမြင့်စေပြီးတော့ အရက်ကို သွေးထဲမြန်မြန်ရောက်အောင် လှုံ့ဆော်ပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။