brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးချိုရှိသူတွေ ဖျားတဲ့အခါ

အအေးမိတယ်၊ ဖျားတယ်ဆိုတာက သာမန်လူတွေအတွက်တော့ အသေးအဖွဲလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဆီးချိုရှိသူတွေ မှာတော့ အသေးအဖွဲမဟုတ်ပါဘူး။ အအေးမိတာ၊နှာစေးတာ၊ ချောင်းဆိုးတာတွေ အကုန်လုံးက သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေနိုင်တဲ့ အခြေအနေတွေရှိနေတာပါ။ ရောဂါကြောင့်ရော သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့်ပါ ခန္ဓာကိုယ်မှာ ထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေ ဖျားတဲ့အခါ ပုံမှန် ပြုစုစောင့်ရှောက်တာထက် ပိုပြီး ဂရုစိုက်ဖို့လိုပါမယ်။

ဆီးချိုရှိသူတွေ ဖျားတဲ့အခါ

ဖျားနေချိန်မှာ ဘာလို့သွေးတွင်းသကြားဓာတ် မြင့်တက်ရတာလဲ….

အဖျား ရှိတဲ့အခါ ခန္ဓာကိုယ်က ကိုယ်တွင်းကို ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီအခြေအနေက ကိုယ်တွင်းမှာ အင်ဆူလင် ထွက်ရှိမှုကို နှေးစေပြီး သွေးတွင်းသကြားဓာတ်က မြင့်တက်လာနိုင် ပါတယ်။

တကယ်လို့ အမျိုးအစား – ၁ ဆီးချိုရောဂါသာ ရှိနေမယ် ဆိုရင် ဒီအခြေအနေက ထိန်းချုပ်ရခက်ခဲနိုင်ပြီး သွေးတွင်းမှာ အက်ဆစ်ဓာတ်တွေများလာပြီး အသက်အန္တရာယ် ထိခိုက်သည်အထိပြင်းထန်လာနိုင်ပါတယ်။ တကယ်လို့ အမျိုးအစား -၂ ဆီးချိုရောဂါကို ခံစားနေရသူတစ်ယောက်အနေနဲ့ အဖျားဝင်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်က အဆမတန်မြင့်တက်ပြီး ဆီးချိုကြောင့်ဖြစ်တဲ့ ကိုမာဝင်တာမျိုးဖြစ်သွားနိုင်ပါတယ်။

ဆီးချိုရှိသူတွေ ဖျားတဲ့အခါ

ဆီးချိုရှိသူတွေ ဖျားတဲ့အခါ ဒီအချက်လေးတွေကို သတိထားဖို့ လိုပါမယ်။
ဆီးချိုဆေးတွေဆက်သောက်ပါ – ဖျားနေချိန်မှာသွေးချိုက ပုံမှန်ထက်မြင့်တက်နိုင်တာကြောင့်နေ့စဉ်သောက်သုံးနေရတဲ့ ဆီးချိုဆေးတွေကို ဆက်လက်သောက်သုံးပေးပါ။ အင်ဆူလင်ထိုးနေသူတွေအနေနဲ့လည်း အင်ဆူလင်ဆက်ထိုးပေးပါ။ ဆေးအတိုးအလျှော့ကိုတော့ ဆရာဝန်နဲ့ပြန်ညှိပါ။
သွေးတွင်းသကြားဓာတ်ကို မကြာမကြာ စစ်ဆေးပါ – ဖျားနေချိန်မှာသွေးတွင်းသကြားဓာတ်ကို ပုံမှန်ထက် ပိုပြီး တိုင်းဖို့ လိုနိုင်ပါတယ်။
နည်းနည်းချင်းစီ စားပေးပါ – ဖျားနေချိန်မှာ အစားမစားချင်ရင်တောင် အစာကြေလွယ်မယ့် အစားအစာလေးတွေကို နည်းနည်းချင်းစီနဲ့ ခွဲစားပေးပါ။ ပုံမှန်အချိန်တွေမှာလိုပဲ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပေးပါ။ အစားလုံးဝမစားဘဲနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ထိုးကျသွားတာမျိုးဖြစ်နိုင်တာကြောင့်ပါ။ရေသောက်ပေးပါ – အဖျားကျစေဖို့ အတွက်ရော သွေးတွင်းသကြားဓာတ်ကိုပါ ထိန်းညှိနိုင်စေဖို့ အတွက် ရေကို လုံလောက်စွာ သောက်ပေးပါ။ ရေဓာတ် ပြည့်ဝနေမှု ကလည်း ခန္ဓာ ကိုယ်ကို ကျန်းမာစေနိုင်တဲ့ အချက်တွေထဲက တစ်ခုပါ။

ပြည့်ပြည့်ဝဝအနားယူပါ – ဖျားနေတဲ့ အချိန်မျာ ကိုယ်ခံအား ကောင်းလာစေဖို့ ဆိုရင် ပြည့်ပြည့်ဝဝ အနားယူဖို့ကလည်း မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် ဖျားနေချိန်မှာ ပြည့်ပြည့်ဝဝလေး အနားယူပေးပါ။

ဆေးသောက်ပေးပါ – ကိုယ်ဖြစ်တဲ့ လက္ခဏာပေါ် မူတည်ပြီး သက်သာစေဖို့ ဆေးဝါးတွေကို သောက်သုံးပါ။ လိုအပ်ရင် ဆရာဝန်နဲ့ ပြသပါ။ ဆီးချိုရှိနေတာကြောင့် ဘာဆေးမှ သောက်လို့ မရတာ မဟုတ်ပါဘူး။ အဖျားတာမရှည် စေဖို့ ဆေးတွေ သေချာသောက်ဖို့ လိုပါတယ်။

အဖျားကို ဘယ်လိုကာကွယ်မလဲ……..

ဆီးချိုရောဂါရှိသူတွေက ကိုယ်ခံအား ကျတတ်တာကြောင့် သာမန်လူတွေထက် ပိုးဝင်လွယ်၊ ဖျားနာလွယ်ပါတယ်။ သာမန်လူတွေအတွက်တောင် ခံရခက်တဲ့အဖျားကို ဆီးချိုရှိသူတွေ အနေနဲ့က မဖြစ်လေကောင်းလေပါ။ ဒါကြောင့် အဖျားမဖြစ်စေဖို့အတွက်

ဒီနည်းလမ်းတွေ လိုက်နာမယ်ဆိုရင် မတော်တဆဖျားနာခဲ့ရင်တောင် အခြေအနေဆိုးတဲ့အထိ ဖြစ်မှာ မဟုတ်ပါဘူး။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/11/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။