home

ကျန်းမာရေး ကဏ္ဍများ

ဆောင်းပါးများ

ဆောင်းပါးများ

ကိရိယာများ

ကိရိယာများ

အဖွဲ့များ

အဖွဲ့များ

ကဏ္ဍအားလုံး ကြည့်ရှုမည်။

အာရုံစိုက်ရမည့် အကြောင်းအရာ

အာရုံစိုက်ရမည့် အကြောင်းအရာများကို ကြည့်ရန်
ဘေဘီလေးတွေရဲ့ မွေးလအလိုက် ထူးခြားချက်များ

ဘေဘီလေးတွေရဲ့ မွေးလအလိုက် ထူးခြားချက်များ

ဖြေရှင်းကာကွယ် အပူအန္တရာယ်

ဖြေရှင်းကာကွယ် အပူအန္တရာယ်

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ကင်ဆာများ ကို စစ်ဆေးကြမယ်

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ကင်ဆာများ ကို စစ်ဆေးကြမယ်

၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

ဆောင်းပါးများ

ကျန်းမာရေး ကဏ္ဍများ

မျက်စိကျန်းမာရေး

မျက်စိကျန်းမာရေး

အမျိုးသားကျန်းမာရေး

အမျိုးသားကျန်းမာရေး

အမျိုးသမီး ကျန်းမာရေး

အမျိုးသမီး ကျန်းမာရေး

ဆီးချို သွေးချို

ဆီးချို သွေးချို

ကျန်းမာစွာ စားသောက်ခြင်း

ကျန်းမာစွာ စားသောက်ခြင်း

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ကဏ္ဍအားလုံး ကြည့်ရှုမည်။

အာရုံစိုက်ရမည့် အကြောင်းအရာ

အာရုံစိုက်ရမည့် အကြောင်းအရာများကို ကြည့်ရန်
ဘေဘီလေးတွေရဲ့ မွေးလအလိုက် ထူးခြားချက်များ

ဘေဘီလေးတွေရဲ့ မွေးလအလိုက် ထူးခြားချက်များ

ဖြေရှင်းကာကွယ် အပူအန္တရာယ်

ဖြေရှင်းကာကွယ် အပူအန္တရာယ်

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ကင်ဆာများ ကို စစ်ဆေးကြမယ်

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ကင်ဆာများ ကို စစ်ဆေးကြမယ်

၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

ကိရိယာများ

ကျန်းမာရေးကိရိယာများ

ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် တွက်ချက်ခြင်း

ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် တွက်ချက်ခြင်း

ဆီးကျိတ်ရောဂါဖြစ်နိုင်ခြေ စစ်ဆေးခြင်း

ဆီးကျိတ်ရောဂါဖြစ်နိုင်ခြေ စစ်ဆေးခြင်း

အရိုးပွရောဂါ ဖြစ်နိုင်ခြေ စစ်ဆေးခြင်း

အရိုးပွရောဂါ ဖြစ်နိုင်ခြေ စစ်ဆေးခြင်း

ကလေးဝမ်းအရောင် နဲ့ ကျန်းမာရေး

ကလေးဝမ်းအရောင် နဲ့ ကျန်းမာရေး

နှလုံးရောဂါဖြစ်နိုင်ခြေ စစ်ဆေးခြင်း

နှလုံးရောဂါဖြစ်နိုင်ခြေ စစ်ဆေးခြင်း

အရွယ်ရောက်ပြီးသူများအတွက် ကာကွယ်ဆေး

အရွယ်ရောက်ပြီးသူများအတွက် ကာကွယ်ဆေး

ကိရိယာများကို ကြည့်မည်။

နှစ်သက်သည့်ကိရိယာများ

ဆီးချိုစောင့်ရှောက်မှု စစ်ဆေးခြင်း

ပိုမိုကြည့်ရှုမည်။
ဆီးချိုစောင့်ရှောက်မှု စစ်ဆေးခြင်း

ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) တွက်ချက်ခြင်း

ပိုမိုကြည့်ရှုမည်။
ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) တွက်ချက်ခြင်း

ဆီးချိုရောဂါအကြိုအဆင့် ဖြစ်နိုင်ခြေ စစ်ဆေးခြင်း

ပိုမိုကြည့်ရှုမည်။
ဆီးချိုရောဂါအကြိုအဆင့် ဖြစ်နိုင်ခြေ စစ်ဆေးခြင်း
အဖွဲ့များ

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

ကိုယ်ဝန်ဆောင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ကျန်းမာရေး

အဖွဲ့အားလုံးကို ကြည့်မည်။

ဖတ်ရှုသင့်သောဆောင်းပါးများ

ထပ်မံ ကြည့်ရှုမည်
avatar
Hello.Sayarwon
ကိုယ်ဝန်ဆောင်ကျန်းမာရေး
•
a month
ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် တွက်ချက်ခြင်း ကိရိယာ
tip_welcome

မင်္ဂလာပါ။ !

ဝက်ဘ်ဆိုက်ကို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့နှင့်အတူ ပိုမိုကျန်းမာပျော်ရွှင်ပြီး အသက်ရှည်ရှည် နေနိုင်မယ့် နည်းလမ်းကောင်းတွေကို ရှာဖွေလိုက်ပါ။ Hello Sayarwonမှာ ဆောင်းပါးတွေကို ဖတ်ရှုလိုက်ပါ။

ဘာထူးပါသလဲ။

ပင်မ စာမျက်နှာ
အခြေခံကျန်းမာရေး
မှတ်ချက်များ
0 comments

သင့်အတွေးများကို ဝေမျှပါ။

သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။

reply
ပို့စ်အသစ်စမည်။

ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။

သတိထားသင့်တဲ့ ဗီတာမင် ဒီ အဆိပ်သင့်ခြင်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သတိထားသင့်တဲ့ ဗီတာမင် ဒီ အဆိပ်သင့်ခြင်း

    ဗီတာမင် ချို့တဲ့ရင် ဘယ်လိုဖြစ်နိုင်တယ်၊ ဘယ်လိုအန္တရာယ်ရှိနိုင်တယ်ဆိုတာမျိုးက အမြဲကြားဖူးနေကျ အသိပညာပေးစကားတွေပါ။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလို ဘယ်အရာမှ ရှိသင့်တာထက်လွန်ကဲရင်မကောင်းပါဘူး။ ခုတလောမှာတွေ့ရလိုက်ရတဲ့ သတင်းတွေထဲ ဗီတာမင် D လွန်ကဲနေလို့ အဆိပ်သင့်ရတဲ့သူတွေအကြောင်း ပါဝင်နေပါတယ်။

    ဗီတာမင် D ဆိုတာ ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်း၊ ကိုယ်ခံအားစနစ်လုပ်ဆောင်ချက်နဲ့ အရိုး၊ကြွက်သား၊နှလုံးကျန်းမာရေးတို့မှာ အရေးပါတဲ့နေရာက ပါဝင်သက်ဆိုင်တဲ့ဓါတ်ဖြစ်ပါတယ်။ ဒါပေမယ့်ဗီတာမင် D ကို အဆီများတဲ့ငါးကလွဲပြီး တခြားအစားအသောက်ကနေရရှိနိုင်ဖို့ အခွင့်အလမ်းနည်းပါတယ်။နေရောင်ခြည်ကနေပဲရရှိနိုင်တာဖြစ်လို့နေရောင်ထိတွေ့မှုသိပ်မရှိသူတွေမှာ အလုံအလောက်မရနိုင်တဲ့အတွက်ဗီတာမင် D အားဆေးတွေ လိုအပ်လာတာပါ။

    ဗီတာမင် D မှာD2 နဲ့D3 ဆိုပြီးနှစ်မျိုးရှိပါတယ်။D2 ကို အသီးအရွက်တွေကနေရရှိနိုင်ပြီးD3 ကိုတော့ အဆီများတဲ့ငါးနဲ့အသားကနေရရှိနိုင်တယ်၊နေရောင်ခြည်ကရနိုင်တယ်ဆိုပေမယ့် ပမာဏနည်းပါတယ်။။ တစ်နေ့ကိုဗီတာမင် D ပမာဏ 400–1000 IUအထိသောက်သုံးနိုင်ပါတယ်။ ဒါပေမယ့်အရေးကြီးတာကဗီတာမင် D နဲ့ပတ်သက်တဲ့အားဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်းမဟုတ်ဘဲ ထင်ရာမသောက်ဖို့ပါပဲ။ဗီတာမင် D3 ကို မလိုအပ်ဘဲ အချိန်အကြာကြာ များများသောက်မိရင် ခန္ဓါကိုယ်ထဲမှာစုပုံလာပြီး အဆိပ်သင့်နိုင်ပါတယ်။

    လိုအပ်တဲ့သွေးဖောက်စစ်ဆေးမှုတွေမပါဘဲ ရမ်းသမ်းသောက်သုံးမှုတွေကြောင့်ဗီတာမင် D အဆိပ်သင့်ခြင်းအန္တရာယ်ရှိလာနိုင်တာ သတိထားသင့်တဲ့အချက်ပါ။ အရိုးအတွက်ကောင်းတယ်၊ ဘာအတွက်ကောင်းတယ်ဆိုတိုင်း အားဆေးတွေကို အရမ်းအားမကိုးသင့်ပါဘူး။ သောက်သုံးလိုက်တဲ့ ဗီတာမင် D ကို ခန္ဓါကိုယ်အဆီတွေထဲ သိုလှောင်ထားလိုက်ပြီးသွေးထဲကို တဖြည်းဖြည်းထုတ်ပေးတာဖြစ်လို့ဆေးကိုရပ်လိုက်တာတောင် လအတော်ကြာတဲ့အထိ အဆိပ်သင့်ခြင်းအာနိသင်က ရှိနေနိုင်ပါသေးတယ်။

    အဆိပ်သင့်တာက အဖြစ်မများပေမယ့် ဒီဆေးတွေကို မလိုအပ်ဘဲ ၊သွေးမစစ်ဘဲ၊ ဆရာဝန်ညွှန်ကြားမှုမရှိဘဲ ကြာရှည်သောက်သုံးတဲ့သူတွေမှာဖြစ်လေ့ရှိပါတယ်။

    အဆိပ်သင့်ရင်ဘာတွေဖြစ်လာမှာလဲ

    ကယ်လ်စီယမ်တွေများလာမယ်

    ဗီတာမင် D က ကိုယ်စားလိုက်တဲ့အစားအသောက်တွေထဲက ကယ်လ်စီယမ်တွေစုပ်ယူမှုကို အားပေးကူညီပါတယ်။ ဒါပေမယ့် လွန်ကဲလာတဲ့အခါသွေးတွင်းကယ်လ်စီယမ်တွေ များလာပြီး ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။သွေးထဲ ကယ်လ်စီယမ်တွေများလာပြီဆိုရင် –

    • ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်းတို့လို အစာခြေစနစ်ပြဿနာ
    • နုံးချိခြင်း၊ခေါင်းမူးခြင်းနဲ့ အာရုံရှုပ်ထွေးခြင်း
    • ရေငတ်ခြင်း
    • ဆီးမကြာခဏသွားခြင်းစတဲ့ လက္ခဏာတွေဖြစ်လာနိုင်တယ်။

    ခံတွင်းပျက်လာမယ်

    မအီမသာဖြစ်တာ၊ ပျို့အန်တာနဲ့ အစာစားချင်စိတ်မရှိတာတွေဖြစ်လာပါမယ်။

    ဗိုက်အောင့်မယ်၊ ဝမ်းချုပ်မယ်၊ ဝမ်းပျက်မယ်

    ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ ဝမ်းပျက်ခြင်းတို့က အူလမ်းကြောင်းလှုပ်ရှားမှုမမှန်တဲ့ IBSရောဂါတို့နဲ့ပတ်သက်နေကျ အစာခြေစနစ်ပြဿနာတွေဖြစ်ပါတယ်။ ဒါပေမယ့်ဗီတာမင် D အဆိပ်သင့်ခြင်းရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။

    အရိုးပျက်စီးစေတယ်

    အရိုးကျန်းမာရေးအတွက်ဗီတာမင် D3ကို သောက်သုံးကြသလို သူကိုယ်တိုင်လည်း ကယ်လ်စီယမ်စုပ်ယူမှုကိုအားပေးပြီး အကျိုးပြုပါတယ်။ ဒါပေမယ့် လွန်ကဲသွားရင်တော့ အရိုးကျန်းမာရေးကို ထိခိုက်ပျက်ယွင်းစေနိုင်တယ်ဆိုတာ သိပ်မသိကြပါဘူး။ဗီတာမင် D လွန်ကဲရင် ကယ်လ်စီယမ်ကိုလည်းလွန်ကဲစေနိုင်ပေမယ့် ဗီတာမင် K2 ကိုတော့လျော့နည်းစေနိင်ပါတယ်။

    ဗီတာမင် K2 ရဲ့လုပ်ဆောင်ချက်က သွေးထဲမှာတင်မကဘဲ အရိုးတွင်းမှာပါ ကယ်လ်စီယမ်ကိုသိုလှောင်ပေးထားတာဖြစ်ပါတယ်။ဗီတာမင် D များနေတဲ့အခါK2 ရဲ့လုပ်ဆောင်ချက်ကိုလျော့နည်းစေတာမို့ အရိုးကျန်းမာရေးအတွက် ဘယ်ကောင်းနိုင်ပါတော့မလဲ။

    ကျောက်ကပ်ပျက်စီးစေတယ်

    ဗီတာမင် D လွန်ကဲသွားရင်ကျောက်ကပ်ထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။လေ့လာမှုတွေအရ နဂို ကျောက်ကပ်ကျန်းမာသူတွေဖြစ်ဖြစ်၊ ကျောက်ကပ်ရောဂါရှိသူဖြစ်ဖြစ် ဗီတာမင် D လွန်ကဲတဲ့အခါကျောက်ကပ်ပျက်စီးလာတာလေ့လာမှုတွေအရတွေ့ရပါတယ်။

    ဒါ့ကြောင့်ဗီတာမင်နဲ့သတ္တုဓါတ်အတွက် ဘယ်အားဆေးကိုပဲဖြစ်ဖြစ် ဆရာဝန်ညွှန်ကြားချက်မပါဘဲ စိတ်ထင်ရာမသောက်သုံးသင့်တာကို သတိထားသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Ref:

    https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/expert-answers/vitamin-d-toxicity/faq-20058108

    Accessed Mar 19, 2019.

    https://www.healthline.com/nutrition/vitamin-d-side-effects#section8

    Accessed Mar 19, 2019.

    https://www.healthline.com/nutrition/how-much-vitamin-d-is-too-much#section6

    Accessed Mar 19, 2019.

    https://www.medicalnewstoday.com/articles/318415.php

    Accessed Mar 19, 2019.

     


    ဆက်စပ် အကြောင်းအရာများ

    ဗီတာမင်စီနှင့် သွေးအားနည်းရောဂါ

    အမျိုးသမီးများ နဲ့ ဗီတာမင် D



    Yun Sandi Nan Mon မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement
    Logo

    Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

    FOLLOW US

    Logo SocialLogo SocialLogo SocialLogo Social

    ကျန်းမာရေး ဆောင်းပါးများကျန်းမာရေး ကိရိယာများ

    သတင်းအချက်အလက်

    ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ

    ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ

    တည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒ

    ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

    Hello Health

    Hello Health အကြောင်း

    ကျွန်ုပ်တို့အကြောင်း


    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag

    DMCA Icon

    ©2023 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။