သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ဗီတာမင်စီ အကြောင်း သင်ဘယ်လောက်သိလဲ။

    ဗီတာမင်စီ အကြောင်း သင်ဘယ်လောက်သိလဲ။

    ဗီတာမင်စီ ဆိုတာ ဒီခေတ်မှာ တော်တော်များများ သိလာကြပါပြီ။ ငါ stressတွေ ပိနေတယ်ဟယ်။ ဗီတာမင်စီလေးသောက်ဦးမှပါ အစ အသားဖြူဖို့ ဗီတာမင်စီထိုးတဲ့အထိ အသုံးပြုလာကြပါပြီ။ သင်ဗီတာမင်စီနဲ့ ပတ်သတ်ပြီး သင်ဘာသိထားသလဲ။ သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေက ဘာလဲဆိုတာ ဆက်ကြည့်ရအောင်။

    ဗီတာမင်စီ ဆိုတာ ဘာလဲ။

    ဗီတာမင်စီ ဆိုတာ ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်အမျိုးအစားပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ချဉ်တဲ့ အသီးအရွက်တွေကနေ အများဆုံးရပါတယ်။ ဥပမာ သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ငရုတ်ပွ။ ခန္ဓာကိုယ်က မထုတ်နိုင်တဲ့ အတွက် ပြင်ပက အစားအစာတွေကိုပဲ မှီခိုရတာပါ။ တစ်နေ့တာ လိုအပ်ချက်ကတော့ အရွယ်ရောက်ပြီးသား အမျိုးသမီး တစ်ယောက်အတွက် 75mgနဲ့ အမျိုးသားအတွက်ကတော့ 90mgပဲ ဖြစ်ပါတယ်။

    ဗီတာမင်စီရဲ့ ကောင်းကျိုးများ

    ပါးစပ်ပြော ကောင်းကျိုးတွေ အများကြီး ရှိပေမယ့် သိပ္ပံနည်းကျ စမ်းသပ်ထားတာတွေကိုပဲ ပြောပြပေးပါမယ်။

    • နာတာရှည် ရောဂါများ ဖြစ်ပွားမှုကို လျှော့ချပေးခြင်း

    ဗီတာမင် စီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းစေပါတယ်။ ဒါကြောင့် နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါဖြစ်နှုန်းကို လျှော့ချပေးပါတယ်။

    သွေးတိုးကို မထိန်းနိုင်ရင် နောက်တက်တွဲ အနေနဲ့ နှလုံးထိခိုက်ပြီး အသက်သေဆုံးတတ်ပါတယ်။ ဗီတာမင်စီက သွေးတိုးရှိတဲ့ သူမှာရော၊ မရှိတဲ့ သူမှာပါ သွေးပေါင်ကျစေတယ်လို့ ဆိုပါတယ်။ ရေရှည်မှာ ဘာဖြစ်နိုင်လဲတော့ မသိပါဘူး။ ဒါပေမယ့် သွေးတိုး ထိန်းဖို့ ဗီတာမင် တစ်မျိုးတည်းကို အားမကိုးသင့်ဘူးလို့ ဆရာဝန်များက အကြံပြုထားပါတယ်။

    • နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးတယ်။

    နှလုံးရောဂါက ကမ္ဘာ့အသေအပျောက်အများဆုံး ရောဂါထဲမှာ ပါပါတယ်။ နှလုံးရောဂါဖြစ်ရတာဟာ သွေးထဲမှာ မကောင်းတဲ့ အဆီဓာတ်တွေများပြီး ကောင်းတဲ့ အဆီဓာတ်တွေ နည်းလို့ ဖြစ်ရတာပါ။ ဗီတာမင်စီက ဒါကို သက်သာစေပါတယ်လို့ ဆိုပါတယ်။

    ယူရစ်အက်စစ်တွေ သွေးထဲမှာ သိပ်များလွန်းရင် အဆစ်တွေမှာ စုပုံပြီး ဂေါက်ရောဂါကို ဖြစ်စေပါတယ်။ ဗီတာမင်စီကတော့ ဒီဂေါက်ရောဂါဖြစ်စေတဲ့ ယူရစ်အက်စစ်ကို လျှော့ချပေးပါတယ်တဲ့။

    ဗီတာမင်က အစာအိမ်ကနေ သံဓာတ်ကို ကောင်းကောင်း စုပ်ယူနိုင်အောင် အကူအညီပေးပါတယ်။ အပင်က ရတဲ့ သံဓာတ်တွေက စုပ်ယူရခက်ပါတယ်။ ဒါကို ဗီတာမင်စီက ပိုပြီး စုပ်လို့ကောင်းတဲ့ အနေအထားဖြစ်အောင် ပြောင်းပေးလိုက်တာပါ။ ဒါကြောင့် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတာ မဖြစ်တော့ပါဘူး။

    • ခုခံအားကို တက်စေတယ်။

    လူတွေ ဗီတာမင်စီကို ဝယ်ဝယ်သောက်နေရတဲ့ နောက်အကြောင်းရင်း တစ်ခုက ခုခံအားကို တက်စေလို့ပါ။ ဒါကြောင့် ဒီနေ့ခေတ် ဖျားပြီဆိုရင် ပါရာစီတမောအပြင် ဗီတာမင်စီလေးပါ တွဲသောက်လာကြပါပြီ။ ဘယ်လို ခုခံအားကို တက်စေလဲဆိုတော့ အရင်ဆုံး ရောဂါတွေကို တိုက်ထုတ်တဲ့ သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်တာကို အားပေးပါတယ်။ ပြီးတော့ သူတို့ကို ဖျက်ဆီးပစ်မယ့် ဓာတ်တိုးပစ္စည်းတွေ ရန်ကလည်း ကာကွယ်ပေးပါတယ်။ အရေပြားရဲ့ ခုခံနိုင်စွမ်းကိုလည်း ကောင်းစေပါတယ်။ ဒါ့ပြင် အနာကျက်တာကိုလည်း မြန်စေပါတယ်တဲ့။

    • မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးပါတယ်။

    လူကြီးအရွယ်မှာ မှတ်ဉာဏ်ချို့ယွင်းတာကို Dementiaလို့ ခေါ်ပါတယ်။ လေ့လာချက်တွေအရ အသက်ကြီးလာတာနဲ့အမျှ ဓာတ်တိုးပစ္စည်းဒဏ်ခံရတာတွေ၊ ဦးနှောက်ဆဲလ်လေးတွေ ရောင်ရမ်းတာကြောင့် မှတ်ဉာဏ်ချို့ယွင်းလာတယ်လို့ ယူဆကြပါတယ်။ ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့အတွက် ဒီရောဂါကို ကာကွယ်စေတယ်လို့ ယူဆကြပါတယ်။

    ဗီတာမင်စီ အလွန်အကျွံသောက်ရင် ဘာဖြစ်နိုင်လဲ။

    ဗီတာမင်စီကို တစ်နေ့ကို အများဆုံး 2000mg ထက် ပိုမသောက်သင့်ပါဘူး။ တော်သေးတာက ဗီတာမင်စီက ရေမှာ ပျော်ဝင်တဲ့ ဗီတာမင် ဖြစ်တဲ့အတွက် သွေးထဲမှာ များလာရင် ဆီးထဲကနေတစ်ဆင့် စွန့်ထုတ်လို့ရပါတယ်။ အသက်သေလောက်အောင် မပြင်းထန်ပေမယ့်

    • ပျို့တာ
    • အန်တာ
    • ဝမ်းလျှောတာ
    • ရင်ပူတာ
    • ဗိုက်ရစ်တာ
    • ခေါင်းကိုက်တာ
    • အိပ်မပျော်တာ
    • သံဓာတ်စုပ်ယူတာကို အားပေးတဲ့အတွက် ခန္ဓာကိုယ်မှာ သံဓာတ်ပုံလာတာ စတာတွေ ဖြစ်တတ်ပါတယ်။

    ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးပါ။ ခန္ဓာကိုယ်က သဘာဝက ရတဲ့ ဗီတာမင်နဲ့ လုံလောက်ပြီးသားဖြစ်တဲ့အတွက် ဖြည့်စွက်သောက်ဖို့ဆိုတာ ရှားပါတယ်။ တကယ်ပဲ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိချင်တယ်ဆိုရင်တော့ အာဟာရပြည့်အောင်စားပါ။ အိပ်ရေးဝဝအိပ်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လက်ဆေးပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Htet Htet Zaw Win မှ ရေးသားသည်။ 15/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: