backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အိမ်မှာလုပ်ရမယ့် ယောဂလေ့ကျင့်ခန်း အစီအစဉ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 19/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အိမ်မှာလုပ်ရမယ့် ယောဂလေ့ကျင့်ခန်း အစီအစဉ်

ယောဂသင်တန်းတွေကို သွားဖို့ အချိန်လုံးဝမရ၊ မအားဖြစ်နေတယ်ဆိုရင် ဒါမှမဟုတ် ယောဂသင်တန်းတွေကို တစ်သက်လုံးတော့ တက်မနေနိုင်ပါဘူးဆိုရင် ယောဂကို အိမ်မှာပဲ လေ့ကျင့်လို့ရပါတယ်။

၁။ ယောဂကို ဘာကြာင့် အိမ်မှာလေ့ကျင့်သင့်တာလဲ။

ပထမဆုံးအနေနဲ့ ယောဂကို သင်ကိုယ်တိုင်လေ့ကျင့်ခြင်းက အာရုံစူးစိုက်မှုပို အားကောင်းစေပြီး တုံ့ပြန်မှုတွေကို ပိုပြီးကောင်းမွန်စေပါတယ်။ အရှိန်၊ ကြံ့ခိုင်မှုကစလို့ ပြင်းထန်မှုထိ သင်နှစ်သက်သလို လေ့ကျင့်လို့ရပါတယ်။ စတူဒီယိုနဲ့ သင်တန်းတွေမှာ လေ့ကျင့်မယ်ဆိုရင်တော့ တစ်ပတ်ကို ၂ကြိမ်ကနေ ၃ကြိမ်လောက်သာ လေ့ကျင့်နိုင်မယ်ဆိုပေမယ့် အိမ်မှာလေ့ကျင့်မယ်ဆိုရင်တော့ နေ့တိုင်းလေ့ကျင့်လို့ရပါတယ်။ ရလာတဲ့ရလဒ်က အရေးအကြီးဆုံးပါပဲ။ နေ့စဉ် နာရီဝက်လောက်လေ့ကျင့်တာက တစ်ပတ်မှာ ၄၅မိနစ် ၂ကြိမ်လောက်လေ့ကျင့်တာထက်စာရင် အများကြီးပိုကောင်းပါတယ်။ ငွေနည်းနည်းသာကုန်ပြီး ယောဂရဲ့ အကျိုးကျေးဇူးတွေ ပိုရနိုင်တာပေါ့။

၂။ လေ့ကျင့်ခန်းအစီအစဉ်တွေ ဘယ်လိုဆွဲမလဲ။

အစီအစဉ်အစမှာတည်းက သက်တော့သက်သာရှိမယ့် အနေအထားကို အရင်ရွေးပါ။ ဥပမာ corpse pose လိုပေါ့။ ခန္ဓာကိုယ်ကို ငြိမ်သက်နေစေပြီး စိတ်နဲ့ကိုယ်နဲ့ ဘယ်လိုအလုပ်လုပ်နေတယ် ဘာတွေဖြစ်နေတယ်ဆိုတာ စောင့်ကြည့်တာမျိုးလေ။ ပြီးရင်တော့ သင်ဘယ်လိုခံစားရလဲပေါ်မူတည်ပြီး ဦးတည်ရာတစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ပင်ပန်းနေပြီဆိုရင် ဒါမှမဟုတ် အချိန်မရဘူးဆိုရင်တော့ လေ့ကျင့်ခန်းအတိုလေးတွေကို ရွေးချယ်သင့်ပါတယ်။ မဟုတ်ရင်လည်း ပိုပြီးပြင်းထန်တာတစ်ခုကိုသွားနိုင်ပါတယ်။ တကယ်လို့ သင့်မှာ တည်ငြိမ်အောင်ထိန်းနိုင်တဲ့စွမ်းရည်ကို အသုံးချနိုင်သေးတယ်ဆိုရင်တော့ မတ်တပ်ရပ်တဲ့ အနေအထားတွေကို လုပ်သင့်ပါတယ် ။ စွမ်းအင်လိုတယ်ဆိုရင် backends တွေက ပိုကောင်းပါလိမ့်မယ်။

လူအများစုကတော့ အိမ်မှာလေ့ကျင့်တယ်ဆိုတာ ခက်ခဲတဲ့ ပုံစံတွေကိုပြုလုပ်တာပဲ ဖြစ်သင့်တယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ ဒါက မမှန်နိုင်ပါဘူး။ သင်နှစ်သက်တာကို သင်လုပ်တာကပဲ အချိန်ဇယားအတိုင်း မှန်မှန်ကန်ကန်လုပ်နိုင်မှာပါ။ သင်သဘောကျတဲ့ အနေအထားတစ်ခုကို သင့်အိမ်မှာ လေ့ကျင့်ဖို့သာ ရွေးထားလိုက်ပါ။ ဒီလိုဆိုရင်တော့ ယောဂကို ပျော်စရာကောင်းတဲ့ အရာတစ်ခုအနေနဲ့မြင်လာမှာဖြစ်ပြီး လုပ်သင့်လို့ လုပ်နေရတယ်ဆိုတာမျိုး မဖြစ်မနေလုပ်ရမယ်ဆိုတာမျိုး မြင်လာတော့မှာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပြီးပြည့်စုံတဲ့ လေ့ကျင့်ခန်းတစ်ခုမှာတော့ ဦးတည်ချက်အမျိုးမျိုးအတွက် ကိုယ်နေဟန်ထားတွေ ပါဝင်သင့်ပါတယ်။ ဘယ်၊ ညာ ၊ ရှေ့၊ နောက်၊ ကိုယ်ကိုလိမ်ခြင်းနဲ့ ကင်းမြီးကောက်ထောင်ခြင်း စသဖြင့်ပေါ့။

၃။ အစီအစဉ်အတိုင်းဖြစ်အောင် ဘယ်လိုနေရမလဲ။

ယောဂကျင့်ဖို့အချိန်တစ်ခုကို သင့်ရဲ့ ကြပ်တည်းနေတဲ့ အချိန်ဇယားထဲက ဖဲ့ပေးရမှာ လွယ်တော့မလွယ်လှပါဘူး။ ကံကောင်းစွာနဲ့ပဲ ယောဂလေ့ကျင့်ဖို့က ၁၀မိနစ်ကနေ ၁၅မိနစ်လောက်ပဲလိုတာပါ။ ဒီအချိန်လေးတစ်ခုကိုတော့ ဖြစ်အောင်ပေးပြီး လိုအပ်မယ်ဆိုရင် သင်လုပ်ရမယ့် စာရင်းတွေထဲ ရေးထည့်ထားပါ။ ယောဂလုပ်မယ်ဆိုရင်တော့ အစမှာ ကတိတစ်ခုပေးထားသလို လုပ်ဖို့လိုပါတယ်။ ဒါနဲ့အသားကျသွားပြီဆိုရင်တော့ သူ့အလိုလို အဆင်ပြေသွားပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်က ယောဂဖျာကို အလိုအလျောက်တောင့်တနေတဲ့ အချိန်တွေလည်း ရောက်ရှိလာပါလိမ့်မယ်။

အစမှာတော့ ခက်ခဲနေပါလိမ့်မယ်။ ဒါပေမဲ့ အားထုတ်လိုက်ရတာနဲ့ တန်တဲ့ အကျိုးတွေကတော့ ပြန်ရလာမှာပါ။ ယောဂကို ခဏလေးလေ့ကျင့်လိုက်တာက ကော်ဖီတွေ လက်ဖက်ရည်တွေသောက်တာထက် သင့်ကိုပိုပြီး လန်းဆန်းတက်ကြွစေပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 19/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement