သန်မာအောင် လေ့ကျင့်ပေးပါ
နေစဉ်ပြေးတာကနေ Gym ကစားတာမျိုး အပြောင်းအလဲ လုပ်ပေးတာက ကြွက်သားတွေအတွက် ကောင်းပါတယ်။ ပြေးနှုန်းတိုးသည်နှင့်လိုက်ပြီး ဆောင်ရွက်နိုင်မယ့်ကြွက်သားတွေကို လေ့ကျင့်တာမျိုးလိုပါတယ်။ မလေ့ကျင့်ထားရင် အဲ့လိုပြေးတဲ့အခါ အဆစ်တွေကလိုက်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ပြေးလိုက် Gym ကစားလိုက်လုပ်တာက ကိုယ်ကိုသန်မာစေသည့်အပြင် အဆစ်နာခြင်းကိုလည်း တဖြည်းဖြည်း သက်သာစေပါတယ်။
သင့်ကိုယ်သင် အလွန်အကျွံဖြစ်အောင် တွန်းမလုပ်ပါနဲ့
သင်လိုချင်သည့် အဟုန်ရောက်အောင် ပြေးတာမျိုးရှောင်ပါ။ သင့်ခန္ဓါကိုယ်ကို သင်နားထောင်ပါ။ မသက်မသာခံစားလာရတာနဲ့ ဖြည်းဖြည်းသာလုပ်ပါ။ တွန်းလုပ်တာက ပြန်ကောင်းဖို့ အချိန်အကြာကြီး ယူသွားရစေနိုင်ပါတယ်။ ဒါအပြင် ကြွက်သားတွေကိုပါ ရောင်ရမ်းစေပြီး ပိုနာနေပါလိမ့်မယ်။ သင်အလွန်အကျွံလုပ်မိနေသလား သိနိုင်ဖို့ စမ်းသပ်မှုအနည်းငယ် လုပ်ကြည့်နိုင်ပါတယ်။ စကားပြောနေရင်း လေကိုရှိုက်မရှုရရင်တော့ သင်လုပ်နေတာ ပုံမှန်ပါပဲ။ စကားတစ်ခုနဲ့တစ်ခုကြား ရှိုက်ရှုနေရရင်တော့ နည်းနည်းလောက်လျော့ပြီး ခဏအနားယူဖို့ လိုပါလိမ့်မယ်။
တစ်သတ်မတ်တည်းလုပ်ပါ
ခက်ခဲနေတယ်ဆိုရင်တောင်မှ ပြေးတာကိုတစ်စိုက်မတ်မတ်လုပ်ပါ။ ပစ်လှဲပြီး ချိုတာတစ်ခုခုအိမ်ပြန်စားချင်နေတာမျိုး တစ်ခါတစ်ခါ ရှိလာပါလိမ့်မယ်။ ဒါပေမယ့် အရှုံးပေးလိုက်ရင် အခြေအနေပဲ ပိုဆိုးသွားမှာပါ။ သင့်အတွက်အဆင်ပြေစေမယ့် အချိန်ဇယားကိုဆွဲပါ။ သူငယ်ချင်းတစ်ချို့နဲ့ ပြေးတာကလဲ စိတ်အားထက်သန်စေနိုင်ပါတယ်။ အဆင်ပြေတဲ့ ပြေးခြင်းအစီအစဉ်ကို သေချာလိုက်လုပ်ပါ။ ပြီးမှ လိုအပ်လျှင် တဖြည်းဖြည်းချင်း တိုးလုပ်ပါ။ သင့်အဆစ်တွေရဲ့ ကျန်းမာရေးက သင်ဘယ်လိုသုံးလဲဆိုတာပေါ် မူတည်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။